Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 12 May 2013

နားလည်ပေးပါ ......

အစတည်းက
မဖြစ်နိုင်ဘူးဆိုတာ သိတယ် ...
ဒါပေမယ့်
ကောင်မလေးရယ် ...
ငါ ... မင်းကို အရမ်း ချစ်တယ် ........
အချစ်မှာ
အကန့်သတ်မရှိပါဘူး ...
လွတ်လပ်စွာ ပျံသန်းခွင့်ရှိတယ် ...
လွတ်လပ်စွာ ရူးသွပ်ခွင့်ရှိတယ် ...
လွတ်လပ်စွာ ဖူးပွင့်ခွင့်ရှိတယ် ...
ဒီလောက် နူးညံ့တဲ့
အချစ်ရဲ့ အလှတရားကို
ဘယ်သူတွေ ဖျက်ဆီးခဲ့ကြတာလဲ ...
ဘယ်သူတွေ တားဆီးခဲ့ကြတာလဲ ...
ဘယ်သူတွေ ကန့်သတ်ကြတာလဲ ...
ဒီကောင် ရင်ကွဲတာကျ ဘယ်သူတွေ သိမှာလဲ ...။
ကောင်မလေး ရယ် ................
အဲဒီ ကန့်သတ်ချက်တွေ
အဲဒီ အတားအဆီးတွေ နဲ့ပဲ
တို့ နှစ်ယောက်လည်း ဝေးကြရမှာပါ ............
ဘယ်လိုပဲ ကြည့်ကြည့်
အဖြေရှာညှိလို့မရတဲ့
ဘ၀ တွေကြောင့်သာ ဆိုတဲ့ အသိလေးနဲ့ပဲ
ကြေကွဲစွာ နားလည်ပေးရင်
ဒီကောင် ... ရင်ကွဲရကျိုးနပ်ပြီ ....................။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့