Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

ကုန်တွင်း လုပ်ကွက်များ လုပ်ကိုင်ရန် အတွက် ပြည်ပ ကုမ္ပဏီ ၅၉ ခုမှာ အကြိုအရည်အချင်းစစ် တင်ဒါ အောင်မြင်ပြီးဖြစ်


စွမ်းအင် ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းရဲ့ စွမ်းအင် ကဏ္ဍ ဖြစ်တဲ့ ကုန်းတွင်း လုပ်ကွက်များ လုပ်ကိုင်ဖို့ အတွက်
ပြည်ပ ကုမ္ပဏီများကို တင်ဒါများ ခေါ်ယူထားရာ အခုအခါ ပြည်ပ ကုမ္ပဏီ ၅၉ ခုက အကြို အရည်အချင်းစစ် တင်ဒါ အောင်မြင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကုန်းတွင်း လုပ်ကွက် ၁၈ ကွက် အနက်မှ ရှာဖွေရေး လုပ်ငန်းကို ဦးစားပေး ဆောင်ရွက် ရမယ့် ကုန်းတွင်း လုပ်ကွက် ၁၅ ကွက်နဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ တူးဖော်ဖို့ အတွက် ကုန်းတွင်း လုပ်ကွက် ၃ ကွက် အတွက် နိုင်ငံခြား ကုမ္ပဏီများ ၀င်ရောက် လုပ်ကိုင်ဖို့ တင်ဒါများ ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၉၀ ကျော်က လျှောက်ထားခဲ့ တယ်လို့ သိရပါတယ်။

အဆိုပါ ကုမ္ပဏီများ အနက်မှ ကုမ္ပဏီ ၅၉ ခုဟာ အကြို အရည်အချင်းစစ် တင်ဒါ အောင်မြင် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီ ၅၉ ခုမှ  လုပ်ကိုင်ခွင့် ရမယ့် ကုမ္ပဏီတွေ ကိုတော့ လာမယ့် နိုဝင်ဘာ၊ ဒီဇင်ဘာလ လောက်မှာ စွမ်းအင် ၀န်ကြီး ဌာန Website မှာ ကြေညာ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပမယ့် အဲ့ဒီ ကုမ္ပဏီတွေဟာ  ပြည်တွင်းမှ ကုမ္ပဏီ တစ်ခုခုနဲ့ ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခု လက်ရှိ ကမ်းလွန် လုပ်ကွက် အကွက် ၃၀ အတွက် ပြည်ပ ကုမ္ပဏီများ လုပ်ကိုင်ဖို့ အတွက် တင်ဒါများ ခေါ်ယူထား တယ်လို့ သိရပါတယ်။ အဆိုပါ ကမ်းလွန် လုပ်ကွက်ကို တင်ဒါ တင်သွင်း လိုတဲ့ ပြည်ပ ကုမ္ပဏီများဟာ ဇွန်လ ၁၄ ရက် နောက်ဆုံး ထားပြီး တင်ဒါ တင်သွင်းရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့