Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 6 May 2013

အများပြည်သူသုံး အဆင့်မြင့် သန့်စင်ခန်းများ ထပ်မံတိုးချဲ့ သွားရန်ရှိ


ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ မြို့နယ်များ အများပြည်သူသုံး အဆင့်မြင့် သန့်စင်ခန်းများ ထပ်တိုးချဲ့ ဆောင်ရွက်
သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့ကြောင့် အဆင့်မြင့် သန့်စင်ခန်းများ ဆောင်ရွက်လိုတဲ့ ကုမ္ပဏီတွေမှ သက်ဆိုင်ရာ ဌာနကို လျှောက်ထား ရမှာဖြစ်ပြီး အဲ့ဒီလို လျှောက်ထားတဲ့ နေရာဟာ အဆင်ပြေမှု ရှိ၊ မရှိ၊ ရေ၊ မီးရရှိ နိုင်မှု စတာတွေကို စစ်ဆေးပြီး လုပ်ကိုင်ခွင့် ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခု လက်ရှိ တည်ဆောက် ထားတဲ့ အဆင့်မြင့် သန့်စင်ခန်းများမှာ သတ်မှတ် ထားတဲ့ စည်းကမ်းချက်များနဲ့ ညီ၊ မညီကို သက်ဆိုင်ရာ မြို့နယ်မှ တာဝန်ရှိ သူများက အပတ်စဉ် စစ်ဆေး လျက်ရှိပြီး သတ်မှတ် ထားတဲ့ စည်းကမ်းချက်နဲ့ ကိုက်ညီမှု မရှိပါက ပထမအကြိမ် သတိပေးခြင်း ဒုတိယ အကြိမ် ဒဏ်ငွေ ၅ သောင်းပေးဆောင် စေခြင်းနဲ့ ထပ်မံ စည်းကမ်း လိုက်နာမှု မရှိပါက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက လုပ်ငန်း လုပ်ကိုင်ခွင့်ကို ပြန်လည် ရုပ်သိမ်းမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ သတ်မှတ် ထားတဲ့ အဆင့်မြင့် သန့်စင်ခန်း များမှာ ဆပ်ပြာရည်၊ ကြည့်မှန်၊ ပစ္စည်းတင်တဲ့စင်၊ ဘိုထိုင် အိမ်သာ ၁ လုံး စတဲ့ သတ်မှတ်ချက်တွေ ပါဝင်ရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့