Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 May 2013

မြစ်ကြီးနား ကျောက်မျက်ဈေး ဆောက်လုပ် ပြီးစီးမှု ရာခိုင်နှုန်း ၅၀ နီးပါးခန့်ရှိ


မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း မြစ်ကြီးနားမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြစ်ကြီးနားမြို့မှာ ဆောက်လုပ် လျက်ရှိတဲ့
ကျောက်မျက် ရတနာ ဈေးကို ဆောက်လုပ်မှု အနေနဲ့ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဆောက်လုပ် ရာမှာလည်း မြစ်ကြီးနား ကျောက်မျက် လုပ်ငန်းရှင် အသင်း အနေနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ ၄ ခုကို တင်ဒါပေးပြီး ဆောက်လုပ် လျက်ရှိတာ ဖြစ်ပြီး အဆိုပါ ကုမ္ပဏီ ၄ ခုကတော့ ပြည်တွင်းမှ ကုမ္ပဏီတွေ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဆောက်လုပ် လျက်ရှိတဲ့ ကျောက်မျက်ဈေးကို ဆိုင်ခန်းပေါင်း ၁၀၀ ခန့် ထားရှိ သွားမှာဖြစ်ပြီး ကျောက်စိမ်းနဲ့ ကျောက်မျက် ရတနာ အစုံ အချောထည် တွေကို ရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မြစ်ကြီးနားမြို့နယ် ကျောက်မျက် လုပ်ငန်း အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ အခုလို ကျောက်မျက်ဈေး အနေနဲ့ ထားရှိ ရခြင်း ဟာတော့ ဒေသ ဖွံ့ဖြိုးရေး အတွက် အဓိက ရည်ရွယ် တာဖြစ်ပြီး ပထမဆုံး အနေနဲ့ အခုလို ကျောက်မျက်ဈေး အဖြစ် ထားရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ မြစ်ကြီးနား ကျောက်မျက် လုပ်ငန်းရှင် အသင်း မှာတော့ အသင်းဝင် အယောက် ၂၀၀ နီးပါး ခန့်ရှိပြီး မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း အောက်မှာ အသင်းဝင်ပေါင်း ထောင်ဂဏန်း ခန့်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့