Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 6 May 2013

ယာဉ်အန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် ပြုလုပ် သွားမည်


မေလ ၆ ရက်နေ့မှ စပြီး ၁၂ ရက်နေ့ အထိကို ယာဉ်အန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် အဖြစ် သတ်မှတ်ပြီး လှုပ်ရှားမှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ်လို့
မေလ ၆ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ ကြီးမှူးပြီး လမ်းမတော် မြို့နယ် သူနာပြု တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှ သိရှိရပါတယ်။ အခုလို ပြုလုပ်ရတာ ဟာလည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အခုလို ရက်သတ္တပတ် သတ်မှတ်ကာ ပြုလုပ်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံပေါင်း ၁၀၀ ကျော်မှာလည်း အခုလို လှုပ်ရှားမှုကို တန်းတူ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာတော့ အခုလို ပြုလုပ်ရတာ ဒုတိယ အကြိမ်ဖြစ်ပြီး ၂၀၀၇ ခုနှစ်က တစ်ကမ္ဘာလုံးနဲ့ တန်းတူ ၁ ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ် သွားမယ့် ရက်သတ္တပတ်တွင်း သက်ဆိုင်ရာ ဌာန အသီးသီးမှ တာဝန်ရှိ သူတွေ အနေနဲ့ မြေစိုက် ပိုစတာများ စိုက်ထူခြင်း၊ ခရီးသည်တင် ယာဉ်လိုင်းများရှိ ဂိတ်များမှာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်းနဲ့ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း စတာတွေကိုပါ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့