Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 6 May 2013

လျှပ်စစ် ဓာတ်အား အပြည့်အ၀ ရရှိစေရန် ဆောင်ရွက် လျက်ရှိ


ယခုလမှာ ရန်ကုန်တိုင်း ဒေသကြီးရှိ ပြည်သူများ လျှပ်စစ် ဓာတ်အား အလှည့်ကျ ပြတ်တောက်မှု မရှိစေဘဲ လျှပ်စစ်မီး အပြည့်အ၀ ရရှိစေနိုင်ဖို့ အစီအမံများ
ဆောင်ရွက်လျက် ရှိတယ်လို့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခုလက်ရှိမှာ ရွှေလီရေအား လျှပ်စစ်စက်ရုံမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ခြင်း မရှိတော့သလို မြစ်တွေရဲ့ရေစီးတွေဟာ ခန်းခြောက် နည်းပါးလာတဲ့ အတွက် မြို့နယ် အချို့မှာ မီးပြတ်တောက်မှု များရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒီလို မီးပြတ်တောက်မှုများ မရှိစေဖို့ အတွက်ကို ယခုရက်ပိုင်း အတွင်း လိုအပ်တဲ့ အစီအမံများ ထားရှိကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခု ၂၀၁၃ နှစ်အတွင်း သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံ ရေတို စီမံကိန်း ၅ ခုမှ လျှပ်စစ်ဓာတ်အား ၃၂၇ မဂ္ဂါဝပ် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ လက်ရှိ ဓာတ်အားပေး စက်ရုံ ၄ ရုံမှ လျှပ်စစ် ဓာတ်အား ၃၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ် နေတာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့