Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Sunday 12 May 2013
ကြံ့ခိုင်ရေးနှင့် ပေါင်းပြီး ဖွဲ့စည်းပုံဥပဒေ ပြင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အမှန်တကယ် ဆန္ဒရှိပြီး လုပ်ဆောင်မည် ဆိုပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မီကာဆာဟိုတယ်တွင် မေလ ၁၀ ရက်နေ့ ညနေပိုင်း သြစတြေးလျအခြေစိုက် ဆစ်ဒနီဥပဒေကျောင်းက ဦးစီးပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီသတင်းဌာန၏ မေးမြန်းချက်ကို ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
ဧရာဝတီသတင်းဌာနက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က အမှန်တကယ် ပြင်ဆင်မည်ဆိုပါက ပူးပေါင်း ဆောင်ရွက်မည်ဟု ပြောဆိုသည်။
“တကယ်ပဲ သူတို့ကလည်း ပြောင်းလဲချင်တယ်၊ အန်တီတို့ကလည်း ပြောင်းလဲချင်တယ်။ မပူးပေါင်းနိုင်စရာ အကြောင်း ဘာမှ မရှိဘူး။ ပူးပေါင်းပြီး လုပ်လို့ရပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြန်လည် သုံးသပ်ရေးကော်မတီဖွဲ့ဖို့ဆိုတာ အဲဒီပါတီကပဲ အဆိုတင်သွင်းပြီးတော့ အန်တီတို့က ဒီဟာကို ထောက်ခံတယ်။ အန်တီတို့က လူနည်းနည်းလေးပဲ။ အောက်လွှတ်တော်မှာဆိုရင် ၃၉ ယောက်ဆိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အဆို တင်သွင်းတာကို သဘောတူခဲ့တယ်။ အတည်ပြုခဲ့တယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ပြန်လည်ပြီးတော့ စိစစ်ဖို့ လိုတယ် ဆိုတဲ့ အဓိပ္ပာယ်ကတော့ ပြောင်းလဲဖို့လိုတယ်ဆိုတဲ့ဟာကို လက်ခံတဲ့ အဓိပ္ပါယ် သက်ရောက်တယ် လို့ ဒီလိုပဲ ခံယူ ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မည်သည့်အချက်များကို ပြုပြင်လိုကြောင်း အသေးစိတ် မပြောဆိုသော်လည်း ရှမ်းပြည်နယ်တွင် စစ်တပ်နှင့် ရှမ်းလက်နက်ကိုင် တိုက်ပွဲများဖြစ်ပေါ်နေခြင်းအပေါ် မည်သို့ မှတ်ချက်ပြုချင်ပါသနည်းဟု ဧရာဝတီသတင်းဌာနက ဆက်လက်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းသည် ငြိမ်းချမ်းရေးရရှိရေးအတွက် လုပ်ငန်းစဉ်တခုဖြစ်ကြောင်း ပြောဆိုသည်။
“အဲဒါကတော့ အန်တီတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရနိုင်တဲ့အခြေအနေရှိသလားပေါ့။ ငြိမ်းချမ်းရေးဆိုတာက တခါ အပစ်အခတ် ရပ်စဲရုံနဲ့မပြီးဘူး။ ငြိမ်းချမ်းရေးကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားဖို့ လိုတယ်။ ထိန်းသိမ်းထားနိုင်မယ့် ခြေလှမ်းတွေ အများကြီး လှမ်းဖို့လိုပါတယ်။ အဲဒါတွေ မလှမ်းရသေးလို့ စစ်ပွဲတွေဖြစ်နေတာပေါ့။ ရှမ်းပြည်နယ်မှာပဲဖြစ်ဖြစ် ကချင်ပြည်နယ်မှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် တကယ် တည်တံ့မယ့် ငြိမ်းချမ်းရေးရှိဖို့ဆိုရင် ခြေလှမ်းစရာတွေ အများကြီးရှိပါတယ်။ အဲဒီိအထဲကမှ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးက ပါတယ်လို့ ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကမ္ဘာပေါ်တွင် ပြင်ဆင်ရန် အခက်အခဲဆုံးသော ဥပဒေတခုအဖြစ် ပညာရှင်များက မှတ်ချက်ပြုနေကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်သော ပြဋ္ဌာန်းချက် နည်းလမ်း များကို ဦးစွာပြောင်းလဲရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရန်လိုအပ်အပ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမည်ဆိုသော အချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ခက်ခဲအောင်ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရမယ်လို့ မြင်တဲ့အချက်ထဲမှာ ပြုပြင်ပြောင်းလဲပုံ ပြောင်းလဲနည်းနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းဖို့လိုတယ်။ အခုဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြောင်းလဲဖို့ဆိုရင် အင်မတန်မှ ခက်ခဲပါတယ်။ ၂ လ ၃ လ လောက်တုန်းက ဆွေးနွေးပွဲတခုမှာဆိုရင် နိုင်ငံခြားက ဥပဒေပညာရှင်တဦးက သူ့အမြင်မှာ ကမ္ဘာပေါ်မှာ ပြုပြင်ပြောင်းလဲဖို့ အခက်ခဲဆုံးဥပဒေလို့ မြင်တဲ့အကြောင်းပြောသွားပါတယ်။ အခက်ခဲဆုံး ဥပဒေလို့တောင် ပြောသွားပါတယ်။ ဘယ်လိုပုံစံနဲ့ ပြုပြောင်းလဲဖို့ဆိုတာလည်း ကျမတို့ပြင်ဖို့လိုတယ်။ အဲဒါက စရမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
လတ်တလော နိုင်ငံရေးဆိုင်ရာ အစည်းအဝေးများတွင် တပူးတွဲတွဲ တွေ့လာနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးမီက ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ရာထူးရလာခဲ့သော သူရဦးရွှေမန်းတို့အကြား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ၊ တစုံတရာ သဘောတူချက်များ ရှိနိုင်သည်ဟု ပြည်တွင်းနိုင်ငံရေး သုံးသပ်စောင့်ကြည့်သူများက ခန့်မှန်းနေကြသည်။
လက်ပံတောင်းအရေးနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ရပ်တည်ချက်သည် ဦးပိုင်ကို ဖေးဖေးမမ ကိုင်တွယ်ခဲ့သောကြောင့် တပ်မတော်၏ အကျိုးစီးပွား အကာအကွယ်ပေးခဲ့ရာရောက်သဖြင့် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်၏ ထောက်ခံမှု ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တစုံတရာ ရနိုင်ကောင်းသည်ဟု သုံးသပ်ဝေဖန်မှုများလည်း ပေါ်ထွက်လျက်ရှိသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
May
(781)
- မကျေနပ်တဲ့ သံယောဇဉ်'
- ဟာသပုံလေးတွေ'
- ဟာသလေးများ...'
- Android Applications 20 in 1
- နောက်ကျချစ်ခွင့်” '
- အီရတ်နိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွ...
- အိုဘားမားနှင့်တွေ့ဆုံမှုမှ ရလဒ်ကောင်းများရရှိရန် တရ...
- တောင်ကိုးရီးယားနိုင်ငံရှိ အရာရှိများမှ မိမိတို့၏ ပ...
- ဂျပန် ANA လေကြောင်းလိုင်းမှ ဘိုးရင်း 787 လေယာဉ်မျာ...
- အသင်းပရိသတ်များကို မျက်ရည်ဖြင့် နှုတ်ဆက်ခဲ့သည့် နေမာ
- ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်ခဲ့သည့် လီဝမ်ဒေါ့စကီး
- အဖွင့်ပွဲစဉ်ကို အနိုင်ဖြင့် စတင်နိုင်ခဲ့တဲ့ နာဒယ်
- လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရသည့် ...
- မက္ကဆီကိုနိုင်ငံတွင် မြေပြိုမှုဖြစ်ပွားခဲ့
- ဗီဇာကတ် သုံးစွဲနိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ...
- ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်တုံးပေါင...
- လာမည့် ဇွန်လကုန်တွင် အမှိုက်သိမ်းယာဉ် ၄၂ စီး ထပ်မံေ...
- ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို မွေးမြူရေး လုပ...
- ဓာတ်ငွေ့တာဘိုင် လျှပ်စစ်ဓာတ်အားပေး စက်များ ပြုပြင်...
- ပြည်တွင်းရှိ လေယာဉ်များအား Safety ပိုင်းနှင့် လြုံ...
- ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အာဇာနည် ဗိမာန်ကို ပုံမှန်ဖ...
- မိုးတွင်းကာလတွင် မော်တော်ယာဉ်များ သတိပြု မောင်းနှင...
- ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်မှု ၅ နှစ်ပြည့...
- ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်...
- မကွေးတိုင်းအတွင်း လယ်သိမ်းခံရသူများကို လျော်ကြေးပေ...
- ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်
- သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး
- လားရှိုး ယနေ့ အခြေအနေ
- လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား
- လားရှိုးမြို့ မှာ ယနေ့  အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွ...
- လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်
- ဆန္ဒပြအလုပ်သမားများကို ထိုက်သင့်သောလစာပေးရန် ဦးမြင့...
- ကျောင်းအပ်စဉ် အလှူငွေကောက်ခံမှုကြောင့် အုပ်ချုပ်ရေး...
- ဒေါ်လာကြောင့် ကုန်စည်ဈေးတက်
- တရုတ်ဆန်များတွင် ကက်ဒ်မီယံဓာတုပါဝင်မှု မြင့်မားနြေေ...
- မြေသိမ်းမှု၊ လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်ပြီး ကရင...
- ဇွန်လ (၁) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ် V...
- မေလ(၂၈)ရက်နေ့ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁...
- မေလ(၂၈)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ ...
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် ကြေးမုံ နေ့ စဉ်
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် မြ၀တီ နေ့ စဉ် သတ...
- ငါးမန်းကိုက်ကြသူများ
- စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်...
- ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့...
- လားရှိုးမြို့ခံအမျိုးသမီး မီးရှို့ခံရမှုအကြောင်းပြ...
- အရှေ့တောင်အာရှ လိင်ကျွန်များဘဝ
- မနေ့ ညပိုင်းက အဓိကရုန်း ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို...
- လားရှိုးတွင် ပဋိပက္ခဖြစ်၊ အဆောက်အအုံနှင့်ဆိုင်ခံများ...
- မေလ(၃၁)ရက်နေ့ ထုတ် The Hot News Weekly Journal Vol...
- မေလ(၂၇)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ် သတင်းစာ အတွဲ...
- မေလထုတ် Star Focus Magazine Vol 1 Issue 5
- လားရှိုး ဆူပူမှု ဗလီနှစ်လုံး မီးလောင်
- လားရှိုးမြို့ မှာ ဇနီးသည်ကို ဓါတ်ဆီလောင်ပြီး မီးရှို...
- ထားဝယ်တက္ကသိုလ်အနီး ကျေးရွာရှိ ဆိုင်နှင့် လူများကို...
- ဆီအုန်း၊ ရာဘာနှင့် ပုဂ္ဂလိကစိုက်ခင်းများမစိုက်ဘဲြေ...
- အရည်အသွေးမမီ မြန်မာ့ဆန် ကင်မရွန်းဖျက်ဆီး ကိစ္စ စုံစ...
- » လေယာဉ်သစ်များ ဝယ်ယူပြေးဆွဲရန် သမ္မတညွှန်ကြား
- ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆွဲကြိုးလု
- မဟာသမယသုတ် (မြန်မာပြန်)
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၂
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁
- * * * * * မထင်နဲ့ * * * * *
- အနာထပိဏ် နဲ့ ၀ိသာခါ…
- ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..
- မျှော်လင့်ရင်းဝေး...
- ကံပြုတဲ့နေရာက စေတနာ
- ချစ်သူအတွက်
- ထူးဆန်းထွေလာပုံလေးများ
- ရှင်ရာဟုလာနဲ့ တံမြက်စည်း'
- မြစ်ဆုံနှင့် ယုဇန စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရန်...
- ဒီပဲယင်းဆယ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကြည်ရွ...
- » စံပြကျေးရွာပြောင်းသူများ အခက်ကြုံတွေ့
- ဘန်ကောက်မြို့ Like Jeans စက် ရုံမှမြန်မာရွှေ့ပြောင်...
- လက်ပတ်ကြိုးများဖြင့် အမျိုးသမီးနှင့် လူငယ်များကို ...
- အမေရိကန်စစ်ဘက် F-15 တိုက်လေယာဉ် ဂျပန်ကမ်းလွန်တွင် ...
- တကိုယ်တော် ဆန္ဒပြတဲ့ သရုပ်ဆောင်ရဲတိုက်ကို ရဲများ ခေ...
- အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ...
- ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုချက် အစိုးရ ကန့်...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ ...
- ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြ၀တီ နေ့ စဉ် သတင်းစာ
- မေလ (၂၆)ရက်နေ့ ထုတ် Reporter News Journal Issue 21
- မေလ (၂၇)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ ၁၃...
- မေလ(၂၈)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ (၁၆)၊...
- ရေထိန်းတံခါးကြီး(၃)စင်းကြောင့် တောင်သူ လယ်သမားတွေ ...
- သူပုန်တွေ လက်ချက်နဲ့ ဖိလစ်ပိုင် ရဲတွေ သေဆုံး
- မြန်မာနိုင်ငံ သောက်သုံးရေ ရရှိဖို့အတွက် အမေရိကန်ကူညီ
- မေလ(၂၃)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၇၁
- မေလ(၂၃)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် ၆၉
- မေလ(၂၂)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှ...
- မေလ (၂၀)ရက်နေ့ ထုတ် ဈေးဝယ်လမ်းညွန် အတွဲ(၃) အမှတ်...
- မေလ(၃၀)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၉)
- ဖားကန့်မြို့နယ်မှာ ရေမဆေးကျောက်သမားတွေကို ဖမ်းဆီး
- မေလ(၃၀)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ်...
- ဈေးချိုကို ဘယ်သူဖျက်တာလဲ
- မာန်အောင်ကျွန်းမှ မြေ ၃၇၈၀၀ ဧကကို မြေလွှတ်မြေရိုင်း...
- မန္တလေးနန်းတွင်းကြီး ပြည်သူ့အတွက် တကယ်ဖြစ်မှာလား
-
▼
May
(781)
No comments:
Post a Comment