Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 May 2013

စင်ကာပူနိုင်ငံတွင်း ရေသန့်ရရန် အမေရိကန် ဒေါ်လာသန်း ၁၀၇ သန်းဖိုး သုတေသနပြု ဆောင်ရွက်သွားမည်


စင်ကာပူနိုင်ငံ ၊ Nanyang နည်းပညာ တက္ကသိုလ်မှ သုတေသီများသည် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက်
လာမည့် သုံးနှစ်တာ ကာလအတွင်း လူ့ခန္ဓာကိုယ် အတွင်းမှ ကျောက်ကပ်နှင့် သဏ္ဍာန်တူသည့် ရေစစ်များကို သုတေသနပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စင်ကာပူ နိုင်ငံထုတ် နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။ အမေရိကန် ဒေါ်လာ ၁၀၇ သန်းဖိုး ကုန်ကျမည်ဟု ခန့်မှန်းထားသည့် အဆိုပါ စီမံကိန်းသည် စက်မှုလုပ်ငန်းများမှ ထွက်ရှိမည့် စွန့်ပစ်ရေများအား ပြန်လည် သန့်စင်သည့် သုတေသန လုပ်ငန်း အသစ်နှင့် ဇီဝကမ္မ နည်းစဉ်များဖြင့် အခြေခံသည့် ရေစစ် သုတေသန လုပ်ငန်းတို့ပါဝင်ပြီး အဆိုပါ နည်းပညာသည် လာမည့် အနာဂတ်တွင် အကောင်းဆုံး နည်းလမ်း ဖြစ်လာမည်ဟု Nanyang Environment and Water Research ဌာနမှ တာဝန်ရှိသူမှ ပြောကြားခဲ့သည်။

အဆိုပါ စနစ်သည် အကောင်းဆုံး ရေသန့်စင်ပေးသည့် စနစ်ဖြစ်ပြီး ပြောင်းပြန် ပြန်လည် စီးဝင်သည့်စနစ် (reverse osmosis) လက်ရှိ စနစ်ထက် နှစ်ဆ ပိုမို သာလွန်ကောင်းမွန် သန့်စင်စေနိုင်ပြီး လူ့ကိုယ်ခန္ဓာ အတွင်းရှိ ကျောက်ကပ်၏ ပါးလွှာသော အပေါ်ယံလွှာကဲ့သို့ လုပ်ဆောင်နိုင်မည့် ပရိုတင်း ဒြပ်ပေါင်းကို ရှာဖွေရာတွင်သာ စိန်ခေါ်မှု ရှိနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ အဆိုပါ သုတေသန လုပ်ငန်းအတွက် စင်ကာပူ နိုင်ငံတွင်းမှ National Research Foundation နှင့် Economic Development Board အပါအ၀င် ပုဂ္ဂလိက အေဂျင်စီများ ၊ နိုင်ငံစုံ ကုမ္ပဏီကြီးများနှင့် အလယ်အလတ်စား အင်တာပရိုက်စ်များမှ အားဖြည့် ပံ့ပိုးသွားကြမည် ဖြစ်သည်။

Source: xinhua


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့