Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 May 2013

တရုတ် တပ်မတော်အပေါ် အမေရိကန် နိုင်ငံ၏ သုံးသပ်ချက် အမြင်အား ပြတ်ပြတ်သားသား ကန့်ကွက်လိုက်သည့် တရုတ်အစိုးရ


တရုတ်နိုင်ငံ တပ်မတော်သည် ဒေသတွင်း အငြင်းပွားမှုများတွင် စစ်ရေးအရ ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ပြင်းအားမြင့် လက်နက်များ တပ်ဆင်ကာ
စစ်ရေးစွမ်းရည် အဆင့်မြှင့်တင်နေသည်ဟု အမေရိကန် ကာကွယ်ရေး ဌာန၏ ထုတ်ပြန်ချက်အား ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။ ပန်တဂွန်မှ ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံ သုံးသပ်ချက်သည် အခြေအမြစ် မရှိကြောင်း တရုတ်နိုင်ငံခြားရေး ဌာနမှ ပြောခွင့် ရပုဂ္ဂိုလ် Hua Chunying  မှ ဖြေရှင်း ပြောကြားလိုက်သည်။

အမေရိကန် အစိုးရ ကာကွယ်ရေး ဌာနသည် နှစ်စဉ် အဆိုပါ အစီရင်ခံစာမျိုးကို နှစ်စဉ် ထုတ်ဝေပြီး တရုတ်နိုင်ငံ၏ သာမန်နိုင်ငံရေး တည်ဆောက်မှုကို တရုတ် တပ်မတော်၏ ခြိမ်းခြောက်မှုဟု ၀ါဒဖြန့်လေ့ရှိကြောင်း ၊ ထိုသို့ အခြေအမြစ်မဲ့ သုံးသပ်ခြင်းမှာ တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုများ အတွက် မကောင်းကြောင်း တရုတ်နိုင်ငံ အနေဖြင့် အဆိုပါ အစီရင်ခံစာမှ သုံးသပ်ချက်အား ပြတ်ပြတ်သားသား ကန့်ကွက်ပါကြောင်း ပြောကြားခဲ့သည်။

Source: CNTV.cn


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့