Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 14 May 2013

လူမှုဖူလုံရေး ဆေးကုသခွင့် အတွက် အဆိုပြုလွှာ လျှောက်ထားသည့် ဆေးရုံများနှင့် ဆွေးနွေး သွားရန်ရှိ


၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း မှစပြီး အဆိုပြုလွှာ လျှောက်ထားတဲ့ ပုဂ္ဂလိက ဆေးရုံတွေနဲ့ ဇွန် သို့မဟုတ် ဇူလိုင်ပိုင်း လောက်မှာ လူမှုဖူလုံရေး ဆေးကုသခွင့်နဲ့
ပတ်သက်ပြီး ဆွေးနွေး သွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို လျှောက်ထားတဲ့ ပုဂ္ဂလိက ဆေးရုံတွေ ကိုလည်း ကန့်သတ် ထားခြင်း မရှိဘဲ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှ ဆေးရုံတွေ အပြင် ပြည်နယ်/တိုင်း အသီးသီးမှ ပုဂ္ဂလိက ဆေးရုံတွေ အနေနဲ့လည်း လျှောက်ထားမှုတွေ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

လူမှုဖူလုံရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ လျှောက်ထားတဲ့ ဆေးရုံ တွေနဲ့ ဆေးကုသစရိတ်ခံနှုန်း သတ်မှတ်ပြီး လူမှုဖူလုံရေး အာမခံ ကတ်ပြားရှိ သူတိုင်း အတွက် ဆေးကုသခွင့် ရရှိနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် လူမှုဖူလုံရေး နည်းဥပဒေကို အတည်ပြုဖို့ အတွက် ယခုလ ၁၅ ရက်မှာ နောက်ဆုံး ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ကိုလည်း တာဝန်ရှိသူတွေ အနေနဲ့ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအနေနဲ့ လူမှုဖူလုံရေး အဖွဲ့ဝင်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ခြောက်သိန်းကျော် ရှိပြီး လူမှုဖူလုံရေး ဆေးရုံ ၃ ရုံနဲ့ ဆေးခန်း ၉၂ ခန်းရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့