Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

တောင်သူလယ်သမား ကာကွယ်ရေး ဥပဒေတွင် မွေးမြူရေး လုပ်ငန်းများ ပါဝင် သွားမည်


တောင်သူ လယ်သမား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပြဌာန်းရာမှာ မွေးမြူရေး လုပ်ငန်းရှင်များ အတွက် ပါဝင် သွားမှာ ဖြစ်တယ်လို့
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ တောင်သူ လယ်သမား ဥပဒေမှာ ဆိုရင် မွေးမြူရေး လုပ်ငန်းများ ဖြစ်တဲ့ အသား၊ ငါး အားလုံး ပါဝင်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဥပဒေကို လာမယ့် ဇွန်လမှာ ကျင်းပ သွားမယ့် သတ္တမ အကြိမ်မြောက် လွှတ်တော်မှာ ပြဌာန်းသွားဖို့ စီစဉ်မှုများ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ဥပဒေထဲ မှာတော့ တောင်သူ လယ်သမားများကို ချေးငွေ ချေးထား ပေးရာမှာ လုံလောက်တဲ့ ချေးငွေများကို ချထားပေး သွားမှာ ဖြစ်ပါတယ်။ မွေးမြူရေး လုပ်ငန်းများ အတွက် တိရစ္ဆာန်ထွက် ပစ္စည်းများ၊ အရည်အသွေး ကောင်းမွန်မှု၊ ဘေးအန္တရာယ် ကင်းရှင်းမှုတို့ အတွက် အာမခံ ချက်များ ရရှိလာခြင်း၊ တိရစ္ဆာန် မွေးမြူရေး ဆိုင်ရာ ကုန်ထုတ်လုပ် သူများနဲ့ စီးပွားရေး လုပ်ငန်းများကို စည်းမျဉ်း များနဲ့အညီ ထိန်းကွပ် ပေးနိုင်ခြင်း စတဲ့ ဥပဒေများ ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဥပဒေများကို ပြုလုပ်ခြင်းဖြင့် တောင်သူ လယ်သမား များနဲ့ မွေးမြူရေး လုပ်ငန်းရှင် များအတွက် အကျိုးကျေးဇူးများ ပိုမိုရရှိ လာစေမှာ ဖြစ်ပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့