Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီမှ မုန်တိုင်းကာလ အတွင်း အနီးကပ် ကူညီ ဆောင်ရွက်မှုများ ပြုလုပ် ပေးမည်


ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ပြည်ထောင်စု အစိုးရ အဖွဲ့ အစည်းအဝေး ခန်းမမှာ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နဲ့
ပတ်သက်တဲ့ ကြိုတင် ညှိနှိုင်း အစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ အစည်းအဝေးမှာ နိုင်ငံတော် သမ္မတကြီးရဲ့ ပြောပြချက် အရ ယနေ့ နေ့လည်ပိုင်းမှာ အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟို ကော်မတီ ဥက္ကဌ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ကြိုတင် ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်မှာ ဖြစ်သလို မုန်တိုင်း ကာလအတွင်း မှာလည်း အမ်းမြို့မှာ အခြေပြုပြီး အနီးကပ် ကူညီ ဆောင်ရွက် ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရေးပေါ် အခြေအနေမှာ ကူညီ ဆောင်ရွက် နိုင်ဖို့ အတွက် ရဟတ်ယာဉ်များ၊ တပ်မတော် လေယာဉ်များ စတဲ့ လိုအပ်မယ့် အရာတွေ ကိုလည်း အသင့်ပြင် ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အစည်းအဝေးမှာ နိုင်ငံတော် သမ္မတကြီးရဲ့ ပြောပြချက် အရ မိုးလေ၀သ ထုတ်ပြန်ချက် တွေမှာ မုန်တိုင်း ၀င်ရောက်လျှင် ပထမ အန္တရာယ် အများဆုံး နေရာမှာ ရခိုင်ပြည်နယ်၊ မောင်တောနဲ့ စစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ စစ်တွေ၊ မြေပုံ၊ ပေါက်တောနဲ့ ကျောက်ဖြူ မြို့နယ်တို့ မှာလည်း ဒုက္ခသည် တစ်သိန်း ကျော်ရှိပြီး စစ်တွေမှာ ဒုက္ခသည် လေး၊ငါးသောင်း ရှိကြောင်း၊ အဲ့ဒီ ဒုက္ခသည်တွေ ကိုတော့ မေလ ၁၃ ရက်နေ့မှ စတင်ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးလျက် ရှိတယ် လို့လည်း သိရပါတယ်။

မုန်တိုင်း ၀င်ရောက်ချိန်မှာ လေတိုက်နှုန်းမှာ မိုင် ၁၂၀ ခန့်ရှိမှာဖြစ်ပြီး ဒီရေလည်း ၀င်ရောက် နိုင်တဲ့ အတွက် အနိမ့်ပိုင်း ဒေသနေ ပြည်သူများ၊ ယာယီတဲများနဲ့ နေထိုင်သူများကို အန္တရာယ်ရှိတဲ့ အတွက် ဘေးလွတ်ရာသို့ ဦးစားပေး ရွှေ့ပြောင်းမှုများ ဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အစည်းအဝေးမှာ သမ္မတကြီးရဲ့ ပြောပြချက် အရ မိုးလေ၀သ ခန့်မှန်း ချက်တွေအရ မုန်တိုင်းရဲ့ ဦးတည်ရာ လမ်းကြောင်းဟာ လက်ရှိမှာ ရခိုင်ကမ်းရိုးတမ်း မြောက်ပိုင်း ဒေသသို့ ၀င်ရောက် နိုင်တယ်လို့ ခန့်မှန်းထား ပေမယ့် အခြားတိုင်း ဒေသကြီးနဲ့  ပြည်နယ်များ သို့လည်း မုန်တိုင်း လမ်းကြောင်း ပြောင်းလဲ နိုင်တဲ့ အတွက် ကြိုတင် ပြင်ဆင်မှုများကို ပြုလုပ်ထား ဖို့လည်း ညွှန်ကြား ထားတယ်လို့ သိရပါတယ်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်တွေ အရ ဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိ အခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိပေမယ့် နောက်ဆုံး တိုင်းထွာရရှိတဲ့ ခန့်မှန်းချက်တွေ အရ မေလ ၁၆ ရက်နေ့ ညပိုင်းခန့်မှာ မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေများ ဆီသို့ ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း ခန့်မှန်းထား တယ်လို့ သတင်း ရရှိပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့