Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

ချစ်မိပြီ'


ချစ်မိနေပြီ.....။

ခင်မင်နေချင်သေးရင်.....ရှေ့ ဆက်မပြောပါနဲ.တော့ .....

သူငယ်ချင်း...လိုဘဲခင်ကြရအောင်.......နော် တဲ့

မနေနှိုင်လို့ ပြန်ရေးပါတယ်.....

ဆက်ရေးရင်......

မင်း..မကြားချင်မမြင်ချင်တဲ့ စကားလုံးတွေဘဲ

ရေးဖြစ်လိမ့်မယ်.....

တောင်ပို့မှန်းသိနေပြီးမှ.....

ရွှေမချနေပါနဲ့ တော့

မရလို့ လိုချင်တာမဟုတ်ပါဘူးနော်

လိုချင်တာကိုမရတာပါ..........

21 ရာစုမှာ.....ခင်ချင်လို့ပါ..ဆိုကတည်းက

တွယ်တာမှုတွေ ရစ်နှောင်ပြီးသားမို့....

သူငယ်ချင်းဆိုတဲ့ပေတံကိုဘေးဖယ်ပေးပါနော်....

ကြင်သူနဲ့ ခင်သူကြားမှာ ..

.ခြားထားတဲ့စည်းက...ပါးပါးလေးပါနော်

လာချင်ရင်....အနီးလေးပါ

မလာချင်လို့ ...ဆင်ခြေတစ်သန်း နဲ့

ခေါင်းရမ်းနေတာလား.......

ငြင်းပါယ်သူက..ဟန်မပျက်ပေမဲ့

ခံရသူကတော့

နေ့ နေ့ ည ည..မေ့မရပါဘူး

သတိရတယ်....တမ်းတပါတယ်နော်......


ဘာဘဲဖြစ်ဖြစ်ပေါ့. .........
 
ကမ္ဘာလည်းခြားချင်ခြားပါစေ
 
ဘယာလည်းများချင်များပါစေ

တမာအသည်းခါးချင်ခါးပါစေ
 
ကိုယ့်ထိုက် ကိုယ့်ကံ ...ခံရပါစေ
 
ညာမနေဘူး ချစ်မိပြီ....လို့  .......

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့