Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

ဖိလစ်ပိုင် နိုင်ငံတွင် ရွေးကောက်ပွဲ ဆိုင်ရာ တာဝန်များနှင့် အရေးပေါ် ကိစ္စရပ်များ အတွက် လေယာဉ် ၅၇ စင်းအား တပ်ဖြန့်ချထား


၂၀၁၃ ခုနှစ် ၊ မေလ (၁၃)ရက်နေ့မှ စတင်ပြီး ဖိလစ်ပိုင် နိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပလျက်ရှိရာ ရွေးကောက်ပွဲနှင့် ဆက်စပ်သည့်
လုပ်ငန်း တာဝန်များနှင့် ဖြစ်ပေါ်လာနိုင်သော အရေးပေါ် ကိစ္စရပ်များ အတွက် C-၁၃ဝ သယ်ယူ ပို့ဆောင်ရေး လေယာဉ်တစ်စင်း ၊ F-၂၇ ပို့ဆောင်ရေး လေယာဉ်များ ၊ UH-IH Huey ရဟတ်ယာဉ်များနှင့် MG-520 ရဟတ်ယာဉ်များ အပါအဝင် လေယာဉ် ၅၇ စင်းအား တပ်ဖြန့် ချထားကြောင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Brig. Gen. Domingo Tutaan က AFP သို့ ပြောကြားခဲ့သည်။

ထို့အပြင် ဖိလစ်ပိုင် လေတပ် အနေဖြင့် ရွေးကောက်ပွဲ လုံခြုံရေး အတွက် တပ်ဖွဲ့ဝင် ၇၈၆ ဦးအား တပ်ဖြန့်ချထားပြီး တပ်ဖွဲ့ဝင် ၂၇၆ ဦးကိုလည်း အသင့် စုစည်းထားသည်။

source: AFP


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့