Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 14 May 2013

ယခုတစ်ကြိမ် လွှတ်တော် အတွင်း တောင်သူ လယ်သမား ကာကွယ်ရေး ဥပဒေ တင်ပြနိုင်ရန် စီစဉ်လျက်ရှိ


ဇွန်လမှာ ပြုလုပ် သွားမယ့် သတ္တမ အကြိမ် လွှတ်တော်မှာ တောင်သူ လယ်သမား ကာကွယ်ရေး ဥပဒေကို ပြဌာန်း နိုင်ဖို့ အတွက် တင်ပြဖို့ စီစဉ်နေ
တယ်လို့ တောင်သူ လယ်သမား အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဥပဒေကို သတ္တမ အကြိမ် လွှတ်တော်မှာ ပြဌာန်း ပေးနိုင်မှသာ တောင်သူများ စပါးရိတ် သိမ်းချိန်မှာ အထောက်အကူ ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုလက် ဥပေဒ ရေးဆွဲရာ မှာတော့ ဥပဒေကြမ်းကို အချောအဆင့် ရေးဆွဲပြီးပါက လွှတ်တော် အနေနဲ့ အကောင်းဆုံး ဖြစ်အောင် ပြုလုပ် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်သူတွေရဲ့ အကျိုးစီးပွား ကာကွယ်ဖို့ ဥပဒေကြမ်းကို US မှ ပညာရှင်တွေရဲ့ အကြံဥာဏ် တွေကိုပါ ရယူပြီး ရေးဆွဲ သွားမှာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်မှုများ ပြုလုပ်ပေးမှု တွေကြောင့် မြန်မာနိုင်ငံရဲ့ အဓိက အရေးပါတဲ့ စိုက်ပျိုးရေး လုပ်ငန်းမှာ လုပ်ကိုင်နေ သူများဟာ စားဝတ်နေရေး အဆင်ပြေ လာစေမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တောင်သူ လယ်သမားများ အကျိုး ကာကွယ်ရေး ဥပဒေကို ပြဌာန်းပြီး ပါက ဥပဒေရဲ့ သက်ရောက်မှုကို တောင်သူများ အမြန်ဆုံး အကျိုးရရှိ စေဖို့ အတွက် ကြိုတင် ပြင်ဆင်မှုများပါ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့