Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 6 May 2013

မော်တော်ယာဉ် လုပ်သားများအား လုပ်အားဆုများ ပေးအပ်ခဲ့


ရန်ကုန်မြောက်ပိုင်း ခရိုင် မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီမှ ယာဉ်လုပ်သား များကို ၂၀၁၃ ခုနှစ်အတွက် လုပ်အားဆုနဲ့ လုပ်အား
ယှဉ်ပြိုင်ဆု များချီးမြှင့်ခဲ့ပြီး လုပ်အားဆု အနေနဲ့ ၀န်ထမ်း ၂၂၄ ဦးကို ဆုချီးမြှင့်ခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနား ကိုတော့ ရန်ကုန် မြောက်ပိုင်းခရိုင် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီမှ ကြီးမှူး ပြုလုပ်တာဖြစ်ပြီး မေလ ၅ ရက်နေ့က အင်းစိန်မြို့နယ် အမှတ် ၁ အခြေခံပညာ အထက်တန်း ကျောင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆုချီးမြှင့်ရာမှာ လုပ်အားဆု အပြင် လုပ်အား ယှဉ်ပြိုင်ဆုနဲ့ သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဆုအသီးသီးစီကို ချီးမြှင့်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း ငွေကျပ် တန်ဖိုးသိန်း ၆၀၀ ခန့်ကို ဆုအဖြစ် ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မြောက်ပိုင်း ခရိုင် မော်တော်ယာဉ်လိုင်း အောက်မှာတော့ ပြေးဆွဲလျက်ရှိတဲ့ မော်တော်ယာဉ် အစီးရေ အနေနဲ့ အစီးရေ ၈၀၀ ခန့်ရှိတာဖြစ်ပြီး  လုပ်သား စုစုပေါင်း ၂၄၀၀ ခန့် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့