Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 May 2013

လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ရန်ကုန် စက်မှုဇုန်များကို လျှပ်စစ်မီး ဖြတ်တောက်


ပြည်တွင်းမှ ရေအား လျှပ်စစ်ကို အဓိက ထုတ်လုပ် လျက်ရှိတာကြောင့် ယခု ပူပြင်းတဲ့ နွေရာသီမှာ ရေအားမှ လျှပ်စစ် ဓာတ်အား လျော့ကျ လာတာကြောင့်
လျှပ်စစ် ဓာတ်အား မလုံလောက်မှုများ ရှိလာတဲ့ အတွက် ရန်ကုန်တိုင်း ဒေသကြီးရှိ စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံများနဲ့ အသေးစား စက်မှု လုပ်ငန်းများကို ၂၄ နာရီ လျှပ်စစ်မီး ဖြတ်တောက် ထားလိုက်ပြီ ဖြစ်တယ်လို့ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန ရန်ကုန်မြို့တော် စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဲ့ဒီလို လျှပ်စစ်မီး ဖြတ်တောက် ထားရတာဟာ ပြည်သူများကို လျှပ်စစ် ဓာတ်အား ဦးစီးပေး ဖြန့်ဖြူး ပေးနိုင်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ စက်ရုံ ၁ ရုံကို လျှပ်စစ်မီး ဖြတ်တောက် ထားပါက ရပ်ကွက် ၁ ရပ်ကွက်ရှိ ပြည်သူများကို လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူး ပေးနိုင်တဲ့ အတွက်ကြောင့် ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အခုလို စက်မှုဇုန် များကို ၂၄ နာရီ လျှပ်စစ် ဓာတ်အား ဖြတ်တောက်မှုကို ယခု မကြာသေးမီ ရက်ပိုင်းက အကြောင်းကြား စာပို့ထားပြီး ဖြစ်ပြီး လျှပ်စစ် ဓာတ်အား မဖြတ်တောက်မီ စက်မှုဇုန် များကို တစ်နေ့ ၅ နာရီ အလှည့်ကျ မီးပေးနေ ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်မှုဇုန် များကို လျှပ်စစ် ဓာတ်အား တစ်ယူနစ်ကို ၇၅ ကျပ်နဲ့ ရောင်းချ တာဖြစ်ပြီး အိမ်များကို တစ်ယူနစ် ၃၅ ကျပ်နဲ့ ရောင်းချလျက် ရှိနေတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့