Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 May 2013

ပြည်ခိုင်ဖြိုးနဲ့စွမ်းအားရှင်မည်သို့မျှသက်ဆိုင်ခြင်းမရှိဟုဦးဌေးဦးတရားဝင်ပြော

တပ်မတော် အစိုးရ လက်ထက် ဖြစ်ပွားခဲ့သော ဒီမိုကရေစီ လှုပ်ရှား မှုများ၌ ဖြိုခွင်းရာတွင် ပါဝင်ခဲ့ သော စွမ်းအားရှင် အဖွဲ့၌ ပြည်ခိုင် ဖြိုးပါတီဝင်များ ပါဝင်နေခဲ့သည် ဟု ထိုစဉ်ပြည်ခိုင်ဖြိုး အသင်းကြီး ဖြစ်စဉ်တုန်းက သတင်းများထွက် ပေါ်ခဲ့ပြီး လက်ရှိအစိုးရ သစ်လက် ထက် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အတွင်း၌လည်း စွမ်းအားရှင် အမည်ခံ အရပ်ဘက်မှ လူများ ပါဝင်နေသည်ဟု အသံများထွက် နေသည့်အတွက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ယင်းကိစ္စနှင့်ပြည်ခိုင်ဖြိုး၏ အခန်း ကဏ္ဍအပေါ် ဆက်သွယ်မေးမြန်း ခဲ့ရာ ဦးဌေးဦးမှ ပြည်ခိုင်ဖြိုးအနေ ဖြင့် စွမ်းအားရှင် မွေးထားခြင်း လုံးဝ မရှိကြောင်းနှင့် စွမ်းအားရှင်ဆိုသူ များနှင့် မိမိတို့ ပါတီမည်သို့မျှ သက် ဆိုင်ခြင်းမရှိကြောင်း တရားဝင် ပြောကြားသွားခဲ့သည်။

““ယခင်အနေနဲ့ပြောရရင် ပြည်ခိုင်ဖြိုးအသင်းနဲ့ စွမ်းအားရှင် လုံးဝမပတ်သက်သလို လက်ရှိ အနေအထားအရလည်း စွမ်းအား ရှင်ဆိုတာနဲ့ ပြည်ခိုင်ဖြိုးပါတီ လုံးဝ မပတ်သက်ပါဘူး။ ကျွန်တော်တို့ ယခင်တပ်မတော် အစိုးရလက်ထက် မှ ပြည်ခိုင်ဖြိုးအသင်းကြီး စတည်ထောင်တယ်။ အဲဒီထဲက စပြီး ပြီးခဲ့တဲ့ ၂၀၁၀ မှာ အသင်းကြီးကို ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းကာ ပြောရရင် ခုချိန်ထိကို ပြည်ခိုင်ဖြိုးလူငယ် တွေ၊ ပါတီဝင်တွေကို ပြည်သူ လူထုအကျိုး ထိရောက်စွာ သယ်ပိုးနိုင်စေဖို့အတွက် တိုင်း ပြည်အတွက် အကျိုးရှိမယ့် လူ့ စွမ်းအားအရင်းအမြစ်တွေဖြစ် လာစေဖို့အတွက် စတဲ့ရည်ရွယ် ချက်တွေနဲ့ ပြည်သူ့ဝန်ဆောင်မှု သင်တန်းတွေ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာစတဲ့သင်တန်းတွေ ပေးခဲ့တာပဲရှိတယ်။ သူတို့ရဲ့ Capacity မြင့်အောင် လူထုကို အကျိုးပြုနိုင်အောင် သင်တန်း ပေးတာမျိုးပဲရှိတယ်။ လူထု အကျိုးယုတ်စေမယ့် ဘယ်လို သင်တန်းမျိုးကိုမှလည်း လုံးဝ မပေးခဲ့ဘူး။ အရင်ကဖြစ်ခဲ့တဲ့ ပဋိပက္ခတွေမှာရော လက်ရှိ အစိုးရသစ်လက်ထက်မှာဖြစ်ပွား တဲ့ ပြည်တွင်းပဋိပက္ခတွေမှာ ရော စွမ်းအားရှင်ဆိုတာမျိုးတွေ ပါခဲ့ရင် (သို့)ရှိခဲ့ရင်လည်း သူတို့ ကိုသင်တန်းပေးတာ ပြည်ခိုင်ဖြိုး လုံးဝမဟုတ်သလို သူတို့တွေထဲ မှာလည်း ပြည်ခိုင်ဖြိုးလုံးဝပါဝင် ပတ်သက်မှုမရှိပါဘူး””ဟု ပြည်ခိုင် ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက Hot News၏ ဆက်သွယ်မေးမြန်း ချက်အား ပြန်လည်ဖြေကြားပေး သွားခဲ့သည်။

ယခင်တပ်မတော်အစိုးရလက် ထက်အခါတုန်းကလည်း ဆန္ဒပြ သူများအား နှိမ်နင်းရာ၌ စွမ်းအား ရှင်ဟု လူသိများသော လူများ ပါဝင်ခဲ့ပြီး ဆန္ဒပြသူများအား နှိမ် နင်းရာ၌ လက်သံပြောင်ခဲ့သည့် အတွက် လူသိများခဲ့သည်။ လက်ရှိ အစိုးရလက်ထက်ဖြစ်ပွား ခဲ့သော ပဋိပက္ခများတွင်လည်း စွမ်းအားရှင်ဆိုသူများ ပါဝင်နေ နိုင်ကြောင်း နိုင်ငံရေးအသိုင်း အ၀ိုင်းမှ သုံးသပ်လျက်ရှိနေကြ သည်။

ခန့်ခန့်(ဒဿနိက)
Hot News Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့