Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 May 2013

မင်းရဲကျော် ယာဉ်ရောင်းဝယ်ရေးစခန်း ထပ်မံပြောင်းရွှေ့ပေးရမည်

ဟံသာဝတီ ယာဉ်ရောင်းဝယ် ရေးစခန်းမှ မင်းရဲကျော်စွာယာဉ် ရောင်းဝယ်ရေး စခန်းသို့ပြောင်းရွှေ့ ပေးလိုက်၍ ယာဉ်ရောင်း ၀ယ်ရေး သမားများသည်ယခု တစ်ခါထပ်မံ ပြောင်းရွှေ့ပေးရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်ရောင်းဝယ်ရေး သမားများသည်မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းသို့ပြောင်း ရွှေ့ခဲ့သည်မှာ(၁)လကျော်သာရှိ သေးပြီးယခုတစ်ခါမှာ လည်းထပ်မံ ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း ယခင်ဟံသာဝတီ ယာဉ်ရောင်းဝယ် ရေးစခန်းမှ မင်းရဲကျော်စွာယာဉ် ရောင်းဝယ်ရေးစခန်းသို့ပြောင်းရွှေ့ ပေးရစဉ်က ဆန္ဒပြမှုဖြစ်စဉ်များဖြစ် ပေါ်ခဲ့ကြောင်းသိရသည်။

မော်တော်ယာဉ်ရောင်းဝယ် ရေးအသင်းမှဥက္ကဌဦးသန်းအောင် ကပြောကြားရာတွင်““အရင်ဟံသာ ၀တီယာဉ်ရောင်းဝယ်ရေးစခန်းက နေပြောင်းရွှေ့ပေးခဲ့ရတုန်းကတော့ ဆန္ဒပြခဲ့တယ်။အခုတော့ဆန္ဒပြ တော့မှာမဟုတ်ပါဘူး ဘာလို့ဆို ရင်တော့အခုကျွန်တော်တို့ဒီမင်းရဲ ကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်း ၀င်းကိုနိုင်ငံခြားကအကူအညီနဲ့ ဆေးရုံဆောက်မယ် ဆိုတော့တစ် ယောက်ကောင်းကျိုးထက်အများ ကောင်းမှာမို့ကိုဆန်္ဒပြတော့မှာ မဟုတ်ပါဘူး””ဟုပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် Car Sale & Service Center များပေါများ လာသည်နှင့် အမျှယာဉ်ရောင်း ၀ယ်ရေုးသမား များ၏ဈေးကွက် လည်းအဆင်ပြေ မှုများရှိလာ ကြောင်းသိရသည်။

ဖြိုးအောင်
Hot News Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့