" အရင်တုန်းက နောက်ဘ၀ဆိုတာအဝေးကြီး။
မနက်ဖြန်ဆိုတာ နီးနီးလေးလို့ထင်ခဲ့တာ။
အခုမှ တွေးမိတယ်။
မနက်ဖြန်ဆိုတာ အဝေးကြီး။
နောက်ဘ၀ဆိုတာ နီးနီးလေး။
ဒါကြောင့် "မနက်ဖြန်"ဆိုပြီး အချိန်မဆွဲကြေး။ "
အဲဒီနေ့က ဒီဇိုင်းဆရာဆီက ပြန်ခဲ့တယ်။ စာအုပ်အဖုံးအတွက် ဒီဇိုင်းအပ်ထားပါတယ်။ တစ်လ
ကြာခဲ့ပြီ။ သူ့ဆီသွားရတာလည်း အကြိမ်ပေါင်းမနည်းတော့ဘူး။ "မနက်ဖြန် လာကြည့်ပါ" ဆိုတဲ့
စကား သွားတိုင်းကြားနေရတယ်။
ဒီစကားဟာ ကျွန်တော်တို့ အမြဲ သုံးနေကျစကားပါ။ အလုပ်တစ်ခုသွားအပ်ရင်ပဲ ဖြစ်ဖြစ် ၊
ရစရာရှိလို့ သွားတောင်းရင်ပဲဖြစ်ဖြစ်၊ တွေ့စရာရှိလို့ ချိန်းရင်ပဲ ဖြစ်ဖြစ်၊ မနက်ဖြန်ဆိုတဲ့ စကား
အလွယ်တကူသုံးတတ်ကြတယ်။ မနက်ဖြန်ဆိုတဲ့ နောက်တစ်နေ့ဟာ အလွယ်တစ်ကူရောက်
လာမှာဖြစ်လို့ သည်းခံပါ။ မနက်ဖြန်ဆိုတာ နီးနီးလေးပါ ။ ဘာကြာတာမှတ်လို့။ ခဏလေးစောင့်
ရတာပဲ။ ဒီလောက်မှ စိတ်မရှည်ဘူးလား။ မနက်ဖြန်ဆိုတာ အဓိပ္ပါယ်တွေ ရှိနေတယ်။
မနက်ဖြန်ဆိုတဲ့ အချိန်ဆိုင်းမှုဟာ ကျွန်တော်တို့တစ်တွေရဲ့ အလေ့အထလို ဖြစ်နေကြ
တယ်။ ကျွန်တော်တို့တွေရဲ့ အချိန်အပေါ် တန်ဖိုးထားမှုအားနည်း ကြောင်း ၀န်ခံနေတဲ့ စကား
လုံးဆိုတာ သတိမပြုမိကြဘူး။ မနက်ဖြန်ဆိုတဲ့ စကားဟာ ကတိမတည်ခြင်းရဲ့ သင်္ကေတတစ်ခု
ဖြစ်နေတယ်ဆိုတာ မစဉ်းစားမိကြဘူး။ ဒါပေမယ့် မနက်ဖြန်ဆိုတာ နောက်တစ်နေ့ အိပ်ရာထရင်
ရောက်သွားတတ်တာပဲ။ ဒီလောက်တော့ စောင့်နိုင်ရမှာပေါ့ဆိုတဲ့ အပြန်လှန် နားလည်မှုတွေနဲ့
အပြန်အလှန်သည်းခံရင်း အပြန်အလှန်ခွင့်လွတ်မှုတွေနဲ့ နေလာခဲ့ကြတာ ကျွန်တော်တို့ ယဉ်
ကျေးမှု တစ်ခုလို ဖြစ်နေပါပြီ။
မနက်ဖြန်မှလုပ်မယ်။
မနက်ဖြန်မှ တွေ့မယ်။
မနက်ဖြန်မှ သွားမယ်။
ဆိုတဲ့ မနက်ဖြန် များစွာဟာ ကျွန်တော်တို့ ပါးစပ်ဖျားမှာ ၊စိတ်ထဲမှာ အကျင့်ဖြစ်နေတဲ့
သာမန်စကားတစ်လုံးပါ။ See you tomorrow ဆိုပြီး ခွဲခါနီးမှာ နုတ်ဆက်စကားပြောကြတာ
စာဖတ်သူတွေကြားဖူးမှာပါ။ လူတွေရဲ့စိတ်ထဲမှာ မနက်ဖြန်ဆိုတာ သေချာတဲ့နေ့တစ်နေ့လို့
ယုံမှတ်ပြီး အလွယ်တကူ နုတ်ဆက်တဲ့ သဘောပါ။
ဒီဇိုင်းဆရာဆီက အပြန် ဆိုင်ကယ်စီးလာရင်း မနက်ဖြန်ဆိုတဲ့ အချိန်အကြောင်းကို တွေးနေ
မိပါတယ်။ အဲဒီနေ့က (၆၂)လမ်းအတိုင်း ပြန်လာခဲ့ပါတယ်။ နေ့ခင်းဘက်ဆိုတော့ လူရှင်း၊
ကားရှင်းဖြစ်နေလို့ ဆိုင်ကယ်ကို ဖြည်းဖြည်းစီးလာခဲ့တယ်။ ဖြစ်ချင်တော့ (၆၂)လမ်းနဲ့ခိုင်ရွှေ
ဝါလမ်းထောင့်မှာ သဲကားနဲ့ဆိုင်ကယ်တစ်စီးချိတ်မိပြီး ဆိုင်ကယ်စီးလာတဲ့လူနှစ်ယောက်
ကားရဲ့ နောက်ဘီးအောက်မှာ ပြားပြားမှောက်လို့ သေနေရှာတယ်။ လူတွေလည်းဝိုင်းအုံလို့၊
တစ်ယောက်တစ်မျိုး ထင်မြင်ချက်တွေပေးပြီး ကြည့်နေကြတယ်။ ကျွန်တော်ကတော့ နီရဲနေတဲ့
သွေးတွေ မကြည့်ရဲတာနဲ့ တုန်ုတုန်ယင်ယင်ဖြစ်ပြီး အိမ်ကိုပြန်လာခဲ့တယ်။
ဒီနေရာမှာ ကျွန်တော်စဉ်းစားမိတာလေး ရေးပြပါရစေ။
လူနှစ်ယောက်တော့ သေသွားရှာပြီ။ ဒီလူနှစ်ယောက်ကို ကျွန်တော်မသိပါဘူး။ ဒီလူနှစ်
ယောက် နောက်ထပ်ဘ၀တစ်ခုကိုပြောင်းသွားကြပြီ။ ဒီလူနှစ်ယောက်အတွက် မနက်ဖြန်ဆိုတာ
မရှိတော့ဘူး။ မနက်ဖြန်ဆိုတာ သူတို့နဲ့မသက်ဆိုင်တော့ပါဘူး။ မနက်ဖြန်များစွာဟာ သူတို့
နှစ်ယောက်ဘ၀မှာ ပြီးဆုံးသွားခဲ့ပါပြီ။
မေးပါရစေ။
ဒါဆိုရင် မနက်ဖြန်နဲ့နောက်ဘ၀ ဘယ်သူကနီးပြီး၊ ဘယ်သူက ပိုဝေးလဲ။
ဥာဏ်နုနယ်တဲ့ ကလေးတစ်ယောက်ကိုသာမေးရင်တော့ မနက်ဖြန်ဆိုတာ နီးနီးလေး
နောက်ဘ၀ဆိုတာ အဝေးကြီးလို့ ဖြေမှာပါပဲ။
ဥာဏ်ကြီးတဲ့ လူတစ်ယောက်ကိုမေးရင်တော့ မနက်ဖြန်ဆိုတာအဝေးကြီး နောက်ဘဝ
ဆိုတာ နီးနီးလေးလို့ဖြေမှာပါပဲ။ သေချာတွေးကြည့်ရင် မနက်ဖြန်ဆိုတာရောက်လာဖို့ နောက်
ထပ် (၂၄)နာရီ လောက် လိုသေးတယ်။ နောက်ဘ၀ဆိုတာ ချက်ချင်းဖြစ်သွားနိုင်တာပဲ။
ဒါဆိုရင် မသေချာတဲ့ မနက်ဖြန်တွေကို ကိုယ်တစ်ကယ်မပိုင်ဆိုင်တဲ့ မနက်ဖြန်တွေကို ဘာ
ဖြစ်မယ်မသိတဲ့ မနက်ဖြန်တွေကို ကျွန်တော်တို့ဘာဖြစ်လို့ တန်ဖိုးထားနေမိကြတာလဲ။ နောက်
ဘ၀ဆိုတာ မနက်ဖြန်ထက်စာရင် အများကြီးနီးတယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့များ အချိန်တွေ
ကို တန်ဖိုးမထားမိကြတာလဲ။
နောက်ဘ၀ဆိုတာ နီးနီးလေးမှန်းသိရင် အလုပ်တွေကိုပြီးအောင်လုပ်သင့်တယ်။အချိန်မဆွဲ
သင့်ဘူး။ အမုန်းတရားတွေနေရာမှာမေတ္တာတရားနဲ့အစားထိုးသင့်တယ်။မနာလို၊၀န်တိုမှုတွေ
နေရာမှာ အပြန်အလှန်လေးစားမှုနဲ့ဆက်ဆံသင့်တယ်။ယုံကြည်မှုတွေနဲ့ လက်တွဲသင့်တယ်။
တစ်ယောက်ကိုတစ်ယောက်လှည့်ပတ်လိမ်ညာမှုတွေနေရာမှာ ပွင့်လင်းရိုးသားမှုတွေနဲ့ ရင်
ဘတ်ကိုဖွင့်ပြီး ဆက်ဆံသင့်တယ်။ အတ္တစိတ်တွေနေရာမှာ ကိုယ်ချင်းစာတရားနဲ့အစားထိုးသင့်
တယ်။ ကိုယ်ယူထားတဲ့တာဝန်ကိုကျေသင့်တယ်။ ကိုယ်ပြောထားတဲ့စကားကို ကိုယ်နားထောင်
သင့်တယ်။ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်ဆိုတာ မသေချာလို့ပါပဲ။
မသေချာတဲ့မနက်ဖြန်တွေကို ဘာကြောင့်များ ကျွန်တော်တို့မျှော်လင့်နေကြတာလဲ။
မနက်ဖြန်ဆိုတဲ့စကားတစ်ခွန်းနဲ့ မသေချာတဲ့မျှော်လင့်ချက်တွေ အပြန်အလှန်ပေးပြီး ဘာလို့
လှည့်စားချင်နေကြတာလဲ။ မနက်ဖြန်ဆိုတာ လက်ရှိအချိန်လောက်မသေချာပါဘူး။ နောက်ဘ
ဝဆိုတာ သေချာတွေးကြည့်ရင် လူတိုင်းအတွက် အဆင်သင့်ရှိနေတဲ့ အနီးဆုံးနေရာပါ။
ဒါကြောင့်..........
ကျွန်တော်တို့စိတ်တွေ ပြင်သင့်တယ်။မျက်နှာမှာ အပြုံးတွေရှိသင့်တယ်။ လက်မှာ
အလုပ်တွေ ရှိသင့်တယ်။ ပါးစပ်မှာ မုသားတွေမပါသင့်ဘူး။ နှလုံးသားမှာ စာနာစိတ်တွေ ရှိသင့်
တယ်။ လုပ်သင့်တဲ့အလုပ်ကို အချိန်မီပြီးအောင် လုပ်ဖို့လိုတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုမျိုး တစ်ခါမှ မတွေးမိဘူး။ ဒီဇိုင်းဆရာပါးစပ်ကပြောတဲ့
မနက်ဖြန်လာကြည့်ပါဆိုတဲ့စကားနဲ့ လမ်းပေါ်က လူနှစ်ယောက်သေဆုံးမှုဖြစ်ရပ်၊ဒီနှစ်ခုကို
နိုင်းယှဉ်ပြီးသိလာရတဲ့ ခံစားသိပါ။
ဒါကြောင့်.......သတိဆိုတဲ့ခံစားသိလေးနဲ့ ဒီစာကိုရေးမိတာပါ။
ကျွန်တော့်မှာ မပြီးပြတ်သေးတဲ့အလုပ်တွေလည်း အများကြီး၊တာဝန်ယူပြီး တာဝန်မကျေသေး
တဲ့ အလုပ်တွေလည်း အများကြီး၊ ကတိတွေပေးပြီးမေ့နေတဲ့၊ မေ့ချင်ယောင်ဆောင်ထားတဲ့
အလုပ်တွေလည်း အများကြီးရှိနေသေးတယ်။ ချက်ချင်းဆိုသလိုရောက်လာနိုင်တဲ့ နောက်ဘဝ
ကို ကျွန်တော်မေ့နေတယ်။ မနက်ဖြန်ကို သေချာတယ်လို့ ကျွန်တော်ထင်နေတယ်။ မနက်ဖြန်
ကို ပိုင်ဆိုင်တယ်လို့ ကျွန်တော် ယုံကြည်နေတယ်။ ဒါကြောင့် အချိန်တွေဆွဲတယ်၊ ပျင်းရိစိတ်
တွေ မွေးတယ်။ မေ့မေ့လျော့လျော့နဲ့ ပျော်ချင်တိုင်းပျော်နေတယ်။
အလုပ်ဆိုတာ သူ့အရွယ်နဲ့သူ ရှိတယ်။ နောက်ဘ၀ဆိုတဲ့အသိဝင်လာတာကြောင့် ကျွန်
တော်တို့အရွယ်မှာ လုပ်ရမဲ့အလုပ်တွေ အများကြီးပဲ။ တာဝန်မကျေပဲ အနီးဆုံးဖြစ်တဲ့ နောက်
ဘ၀ကူးသွားခဲ့ရင် မတွေးရဲစရာပါပဲ။
အရင်တုန်းက နောက်ဘ၀ဆိုတာအဝေးကြီး ၊မနက်ဖြန်ဆိုတာ နီးနီးလေးလို့ ထင်ထားတာ။
အခုမှ တွေးမိတယ်။မနက်ဖြန်ဆိုတာအဝေးကြီး ၊ နောက်ဘ၀ဆိုတာနီးနီးလေး။
ဒါကြောင့် မနက်ဖြန်ဆိုပြီး အချိန်မဆွဲကြေး
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Tuesday 7 May 2013
နီးနီးဝေးဝေး
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
May
(781)
- မကျေနပ်တဲ့ သံယောဇဉ်'
- ဟာသပုံလေးတွေ'
- ဟာသလေးများ...'
- Android Applications 20 in 1
- နောက်ကျချစ်ခွင့်” '
- အီရတ်နိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွ...
- အိုဘားမားနှင့်တွေ့ဆုံမှုမှ ရလဒ်ကောင်းများရရှိရန် တရ...
- တောင်ကိုးရီးယားနိုင်ငံရှိ အရာရှိများမှ မိမိတို့၏ ပ...
- ဂျပန် ANA လေကြောင်းလိုင်းမှ ဘိုးရင်း 787 လေယာဉ်မျာ...
- အသင်းပရိသတ်များကို မျက်ရည်ဖြင့် နှုတ်ဆက်ခဲ့သည့် နေမာ
- ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်ခဲ့သည့် လီဝမ်ဒေါ့စကီး
- အဖွင့်ပွဲစဉ်ကို အနိုင်ဖြင့် စတင်နိုင်ခဲ့တဲ့ နာဒယ်
- လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရသည့် ...
- မက္ကဆီကိုနိုင်ငံတွင် မြေပြိုမှုဖြစ်ပွားခဲ့
- ဗီဇာကတ် သုံးစွဲနိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ...
- ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်တုံးပေါင...
- လာမည့် ဇွန်လကုန်တွင် အမှိုက်သိမ်းယာဉ် ၄၂ စီး ထပ်မံေ...
- ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို မွေးမြူရေး လုပ...
- ဓာတ်ငွေ့တာဘိုင် လျှပ်စစ်ဓာတ်အားပေး စက်များ ပြုပြင်...
- ပြည်တွင်းရှိ လေယာဉ်များအား Safety ပိုင်းနှင့် လြုံ...
- ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အာဇာနည် ဗိမာန်ကို ပုံမှန်ဖ...
- မိုးတွင်းကာလတွင် မော်တော်ယာဉ်များ သတိပြု မောင်းနှင...
- ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်မှု ၅ နှစ်ပြည့...
- ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်...
- မကွေးတိုင်းအတွင်း လယ်သိမ်းခံရသူများကို လျော်ကြေးပေ...
- ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်
- သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး
- လားရှိုး ယနေ့ အခြေအနေ
- လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား
- လားရှိုးမြို့ မှာ ယနေ့  အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွ...
- လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်
- ဆန္ဒပြအလုပ်သမားများကို ထိုက်သင့်သောလစာပေးရန် ဦးမြင့...
- ကျောင်းအပ်စဉ် အလှူငွေကောက်ခံမှုကြောင့် အုပ်ချုပ်ရေး...
- ဒေါ်လာကြောင့် ကုန်စည်ဈေးတက်
- တရုတ်ဆန်များတွင် ကက်ဒ်မီယံဓာတုပါဝင်မှု မြင့်မားနြေေ...
- မြေသိမ်းမှု၊ လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်ပြီး ကရင...
- ဇွန်လ (၁) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ် V...
- မေလ(၂၈)ရက်နေ့ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁...
- မေလ(၂၈)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ ...
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် ကြေးမုံ နေ့ စဉ်
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် မြ၀တီ နေ့ စဉ် သတ...
- ငါးမန်းကိုက်ကြသူများ
- စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်...
- ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့...
- လားရှိုးမြို့ခံအမျိုးသမီး မီးရှို့ခံရမှုအကြောင်းပြ...
- အရှေ့တောင်အာရှ လိင်ကျွန်များဘဝ
- မနေ့ ညပိုင်းက အဓိကရုန်း ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို...
- လားရှိုးတွင် ပဋိပက္ခဖြစ်၊ အဆောက်အအုံနှင့်ဆိုင်ခံများ...
- မေလ(၃၁)ရက်နေ့ ထုတ် The Hot News Weekly Journal Vol...
- မေလ(၂၇)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ် သတင်းစာ အတွဲ...
- မေလထုတ် Star Focus Magazine Vol 1 Issue 5
- လားရှိုး ဆူပူမှု ဗလီနှစ်လုံး မီးလောင်
- လားရှိုးမြို့ မှာ ဇနီးသည်ကို ဓါတ်ဆီလောင်ပြီး မီးရှို...
- ထားဝယ်တက္ကသိုလ်အနီး ကျေးရွာရှိ ဆိုင်နှင့် လူများကို...
- ဆီအုန်း၊ ရာဘာနှင့် ပုဂ္ဂလိကစိုက်ခင်းများမစိုက်ဘဲြေ...
- အရည်အသွေးမမီ မြန်မာ့ဆန် ကင်မရွန်းဖျက်ဆီး ကိစ္စ စုံစ...
- » လေယာဉ်သစ်များ ဝယ်ယူပြေးဆွဲရန် သမ္မတညွှန်ကြား
- ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆွဲကြိုးလု
- မဟာသမယသုတ် (မြန်မာပြန်)
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၂
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁
- * * * * * မထင်နဲ့ * * * * *
- အနာထပိဏ် နဲ့ ၀ိသာခါ…
- ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..
- မျှော်လင့်ရင်းဝေး...
- ကံပြုတဲ့နေရာက စေတနာ
- ချစ်သူအတွက်
- ထူးဆန်းထွေလာပုံလေးများ
- ရှင်ရာဟုလာနဲ့ တံမြက်စည်း'
- မြစ်ဆုံနှင့် ယုဇန စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရန်...
- ဒီပဲယင်းဆယ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကြည်ရွ...
- » စံပြကျေးရွာပြောင်းသူများ အခက်ကြုံတွေ့
- ဘန်ကောက်မြို့ Like Jeans စက် ရုံမှမြန်မာရွှေ့ပြောင်...
- လက်ပတ်ကြိုးများဖြင့် အမျိုးသမီးနှင့် လူငယ်များကို ...
- အမေရိကန်စစ်ဘက် F-15 တိုက်လေယာဉ် ဂျပန်ကမ်းလွန်တွင် ...
- တကိုယ်တော် ဆန္ဒပြတဲ့ သရုပ်ဆောင်ရဲတိုက်ကို ရဲများ ခေ...
- အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ...
- ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုချက် အစိုးရ ကန့်...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ ...
- ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြ၀တီ နေ့ စဉ် သတင်းစာ
- မေလ (၂၆)ရက်နေ့ ထုတ် Reporter News Journal Issue 21
- မေလ (၂၇)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ ၁၃...
- မေလ(၂၈)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ (၁၆)၊...
- ရေထိန်းတံခါးကြီး(၃)စင်းကြောင့် တောင်သူ လယ်သမားတွေ ...
- သူပုန်တွေ လက်ချက်နဲ့ ဖိလစ်ပိုင် ရဲတွေ သေဆုံး
- မြန်မာနိုင်ငံ သောက်သုံးရေ ရရှိဖို့အတွက် အမေရိကန်ကူညီ
- မေလ(၂၃)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၇၁
- မေလ(၂၃)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် ၆၉
- မေလ(၂၂)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှ...
- မေလ (၂၀)ရက်နေ့ ထုတ် ဈေးဝယ်လမ်းညွန် အတွဲ(၃) အမှတ်...
- မေလ(၃၀)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၉)
- ဖားကန့်မြို့နယ်မှာ ရေမဆေးကျောက်သမားတွေကို ဖမ်းဆီး
- မေလ(၃၀)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ်...
- ဈေးချိုကို ဘယ်သူဖျက်တာလဲ
- မာန်အောင်ကျွန်းမှ မြေ ၃၇၈၀၀ ဧကကို မြေလွှတ်မြေရိုင်း...
- မန္တလေးနန်းတွင်းကြီး ပြည်သူ့အတွက် တကယ်ဖြစ်မှာလား
-
▼
May
(781)
No comments:
Post a Comment