Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 6 May 2013

ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် စီမံကိန်း တင်ဒါ တင်သွင်းမှု ၁ လ နောက်ဆုတ်


ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် ဆောက်လုပ်ဖို့ အတွက် တင်ဒါရှင်များ တင်ဒါ တင်သွင်း မှုကို မူလက ဧပြီလ ၂၅ ရက် နောက်ဆုံးထား
သတ်မှတ်ခဲ့ ပေမယ့် ယခုအခါ အကြောင်း အမျိုးမျိုးကြောင့် ၁ လ နောက်ဆုတ်ပြီး မေလ ၂၅ ရက် နောက်ဆုံးထားကာ တင်ဒါများ တင်သွင်း ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လေဆိပ် စီမံကိန်း အတွက် တင်သွင်း လာမယ့် တင်ဒါများ ကိုတော့ သက်ဆိုင်ရာမှ စိစစ် အကဲဖြတ်ပြီး လုပ်ငန်းရှင် တစ်ဦးကိုသာ ရွေးချယ် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်း အတွက် ကိုတော့ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များကို တင်ဒါ ခေါ်ထားတာ ဖြစ်ပါတယ်။ ယခု လက်ရှိ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ဖွံ့ဖြိုး တိုးတက်မှု အတွက် လေဆိပ် တိုးချဲ့ရာမှာ ကန်သက်ချက်များ ရှိနေတဲ့ အတွက် အနာဂတ်မှာ Secondary Airport အဖြစ်သာ ဆောင်ရွက် သွားမှာ ဖြစ်ပြီး ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် မှာတော့ ဖွံ့ဖြိုး တိုးတက်မှုများ လုပ်ဆောင်နိုင်တဲ့ အတွက် အဓိက လေဆိပ် အဖြစ် အသုံးပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ခရီးလမ်းကြောင်း တိုတဲ့ အတွကှ့်Short Range Flight သာ အသုံးပြုနိုင်ပြီး ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် မှာတော့ လေဆိပ် ကျယ်ဝန်းမှု အနေအထားအရ long  Range flight ဖြစ်တဲ့အတွက် လေယာဉ်ကြီးများ ဆင်းသက် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို Phase development အစီအစဉ် အရ ဆောင်ရွက် မှာဖြစ်ပြီး ခရီးသည် ၁၂ သန်း အတွက် ၀န်ဆောင်မှု ပေးနိုင်မယ့် စီမံကိန်းအဆင့် ၁ ကို ၂၀၁၇ ခုနှစ်မှာ အသုံးပြုနိုင်ရန် လျာထားပြီး ၂၀၂၈ ခုနှစ် မှာတော့  စီမံကိန်း ၂ မှာ ခရီးသည် ၃၀ သန်း အသုံးပြုနိုင်ဖို့ လျာထား ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့