Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 14 May 2013

မြန်မာ့ လေကြောင်းမှ ကုန်တင် လေယာဉ်များ ငှားရမ်းပေး သွားမည်


မြန်မာ့ လေကြောင်းမှာ ကုန်တင် လေယာဉ် ငှားရမ်း လိုပါက မည်သူမဆို ငှားရမ်း နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ ငှားရမ်းမယ့် လေယာဉ် ကတော့
F-28 လေယာဉ် အမျိုးအစား များဖြစ်ပြီး  ကုန်အနေဖြင့် ၇ တန် တင်ဆောင် နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လေယာဉ်ဟာ ယခင်နှစ်များက Cargo လေယာဉ်များ အနေဖြင့် နယ်စပ် ဒေသများသို့ အခြေခံ စားသောက်ကုန်များ ပို့ဆောင် ပေးခဲ့ပြီး ဘက်ပေါင်းစုံမှ အပိုဝင်ငွေ ရရှိအောင် ရှာဖွေခြင်း၊ ငွေယိုပေါက်များ အားလုံးကို ပိတ်ဆို့ခြင်းနှင့် အသုံးစရိတ်များ လျော့ချခြင်း တို့ကို ပြုလုပ် ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ မြန်မာ့ လေကြောင်းမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါ လေယာဉ်ကို ငှားရမ်း လိုပါက ငှားရမ်း နှုန်းထားမှာ တစ်နာရီလျှင် ငွေကျပ် ၃၃ သိန်း ဖြစ်ပြီး မြန်မာ့ လေကြောင်းမှာ ငှားရမ်း နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ လေကြောင်းမှာ ယခု နောက်ဆုံး ပျံသန်း ပို့ဆောင်နေတဲ့ EMBREAER 190 လေယာဉ်များကို မြန်မာ လေယာဉ်မှူးများ မောင်းနှင်နေပြီး  နိုင်ငံခြားသား လေယာဉ်မှူးများ ငှားရမ်း ရခြင်းကို သက်သာတဲ့ အတွက်  ၀င်ငွေယိုဖိတ်မှု ကိုလည်း တားဆီး နိုင်လျက် ရှိတယ်လို့ သိရှိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့