Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

ဧရာဝတီတိုင်း ဒေသကြီးရှိ ဆားကွင်း လုပ်ငန်းများ ရပ်နား လိုက်ပြီဖြစ်


ဧရာဝတီတိုင်း ဒေသကြီးရှိ  ဆားကွင်း များကို လွန်ခဲ့တဲ့ ၁ ရက်၊ ၂ ရက်က စတင်ပြီး  လုပ်ငန်းများ ရပ်နား လိုက်ပြီ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ဒေသကြီးရှိ
ဆားလုပ်ငန်းရှင် တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို ဆားကွင်းများ လုပ်ငန်း ရပ်နား လိုက်မှုဟာ ဆိုင်ကလုန်း မုန်တိုင်း အရှိန်ကြောင့် ဧရာဝတီတိုင်း ဒေသကြီးမှာ မိုးရွာသွန်း တာကြောင့် ရပ်နား လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ယခုနှစ် ဆားထွက်ရှိ မှုဟာ နေအရမ်း ပူပြင်း တာကြောင့် ဆားအထွက်များ တယ်လို့လည်း သိရပါတယ်။ အခုလက်ရှိ ဆားကြမ်း ဈေးနှုန်းဟာ တစ်ပိဿာကို ၃၂ ကျပ်ရှိပြီး ဆားကြမ်း ဈေးနှုန်းဟာ ကျဆင်း နေကာ ဆားချော ဈေးနှုန်း ကတော့ ၁ ပိဿာကို ၆၈ ကျပ်မှ ၇၀ ကျပ် ရှိတယ်လို့ သိရပါတယ်။ ဆားများကို ယခုလက်ရှိ ဆိုင်ကလုန်း မုန်တိုင်း သတိပေးချက် များကြောင့် ဂိုဒေါင်များမှာ သော့ခတ် သိမ်းဆည်း ထားတယ်လို့လည်း သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့