Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 6 May 2013

စစ်တပ်ထိုးစစ် ၀ နယ်ကို ဦးတည်ဟု ခွန်ထွန်းဦးပြော

လက်ရှိ အစိုးရ စစ်တပ်ကနေ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် ထိန်းချုပ် နယ်မြေတွေကို တိုက်ခိုက်တာဟာ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် ထိန်းချုပ်ထားတဲ့ ၀ ဒေသကို ဦးတည်နေတာ ဖြစ်ကြောင်း သမ္မတကို ပြောခဲ့တယ်လို့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီလို ဆက်ပြီးတိုက်ခိုက်နေရင် တိုင်းရင်းသားတွေဟာ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်ရင်း ၂၀၁၄ သန်းခေါင်စာရင်း ကောက်တဲ့အခါ ပါလာမှာ မဟုတ်ဘဲ နောင်မှာ နိုင်ငံမဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်သွားနိုင်ကြောင်း သမ္မတကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက် နေပြည်တော်မှာ သမ္မတ နဲ့ နိုင်ငံရေးပါတီ ၁၈ ခုက ခေါင်းဆောင်တွေ တွေ့ဆုံစဉ် သူက ခုလို ဆွေးနွေးခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကတော့ အတတ်နိုင်ဆုံး ဖြေရှင်းပေးမယ်လို့ ကတိပေးကြောင်း ပြောပါတယ်။

 by ဒီဗွီဘီ


ဦးခွန်ထွန်းဦ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့