Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်ခဲ့


တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ တောင်ပိုင်းမှာ ပြီးခဲ့တဲ့ တနလာင်္နေ့က စတင်ပြီး
၂ရက်ကြာ ရေတပ်စစ်ရေးလေ့ကျင့်မှု တစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရေတပ်စစ်ရေး လေ့ကျင့်မှုအတွင်း အမေရိကန်ပြည်ထောင်စုမှ လေယာဉ်တင် စစ်သင်္ဘော USS Nimitz  နဲ့ ပဲ့ထိန်းစနစ်ပါ ကင်းထောက် စစ်သင်္ဘော တစ်စင်းပါဝင်ခဲ့ပါတယ်။

စစ်ရေး လေ့ကျင့်မှု ပြုလုပ်မယ့် အမေရိကန် ပြည်ထောင်စုမှ ရေတပ်သင်္ဘောတွေဟာ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ဘူဆန်ဆိပ်ကမ်းမြို့ကို ပြီးခဲ့တဲ့စနေနေ့က ရောက်ရှိခဲ့တာဖြစ်တာ ဖြစ်ပြီး Nimitz  စစ်သင်္ဘောဟာ အမေရိကန်ထုတ် ဘက်စုံသုံး အပေါ့စား တိုက်လေယာဉ် အမျိုးအစား FA-18 အပါအ၀င် တိုက်လေယာဉ် ၆၄စင်းကို တင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှုအတွင်း ရွှေ့လျားစစ်ရေးဗျူဟာနဲ့ ကယ်ဆယ်ရေး ဆိုင်ရာ စစ်ရေး လေ့ကျင့်ခန်းတွေ ပါဝင်မှာဖြစ်ကြောင်း အမေရိကန် စစ်တပ်မှ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်ပင်လယ်ကို ဦးတည်ထားတဲ့ အမြောက်တွေကို ရုတ်တရက် ရွှေ့ပြောင်းဖယ်ရှားပေးခဲ့ပေမယ့် တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနကတော့ ပစ်လွှတ်လာနိုင်တဲ့ ပဲ့ထိန်းဒုံးလက်နက်တွေရဲ့ အန္တရာယ် သတိပေးချက်တွေကို ဆက်လက် ထုတ်ပြန်ထားလျက်ရှိကြောင်း သိရပါတယ်။ သုတေသီတွေက တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုတို့ရဲ့ အဆိုပါ စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ စိတ်သဘောထား အမှန်ကိုသိရှိလိုတဲ့အတွက် ရည်ရွယ်ပြုလုပ်တာ ဖြစ်တယ်လို့ ဝေဖန် သုံးသပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ ဒါဟာစစ်ဖြစ်ပွားစေဖို့ ရန်စပျိုးလိုက်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့