Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 6 May 2013

ယခုတစ်ပတ် အတွင်း ဒုတိယ ကမ္ဘာစစ် အတွင်း ပျောက်ဆုံး အမေရိကန် လူမျိုးများအား လာရောက် ရှာဖွေသွားရန်ရှိ


မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ သတင်း ထုတ်ပြန်ချက် အရ Joint POW/MIA Accounting Command (JPAC) မှ တာဝန်ရှိ သူများဟာ
ယခုတစ်ပတ် အတွင်း မြန်မာနိုင်ငံမှာ ဒုတိယ ကမ္ဘာစစ်အတွင်း ပျောက်ဆုံးခဲ့တဲ့ အမေရိကန် လူမျိုးများကို ထပ်မံ လာရောက် ရှာဖွေ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဂျေပက် အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဒုတိယ ကမ္ဘာစစ် အတွင်း ပျောက်ဆုံးခဲ့တဲ့ အမေရိကန် လူမျိုးများကို ယခုအကြိမ် ရှာဖွေမှုဟာ  ယခုနှစ် အတွင်းမှာ ဒုတိယ အကြိမ်မြောက် လာရောက် ရှာဖွေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ အတွင်း မှာလည်း ပထမအကြိမ် လာရောက် ခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ် အတွင်း ပြီးခဲ့တဲ့ ပထမ အခေါက် မှာတော့ မြန်မာနိုင်ငံမှ တာဝန်ရှိ သူများနဲ့ လာရောက် ဆွေးနွေးခဲ့ပြီး အမေရိကန် နိုင်ငံသို့ ပြန်သွား ခဲ့ကာ ယခုအခါ ထပ်မံ လာရောက် ခဲ့တာ ဖြစ်ပါတယ်။ ယခုတစ်ကြိမ် ရှာဖွေမှု မှာတော့ မြန်မာ့ တပ်မတော်မှာ လိုအပ်တဲ့ ကူညီမှုတွေကို ပြုလုပ်ပေး သွားမှာ ဖြစ်သလို ဂျေပက် အဖွဲ့မှ တာဝန်ရှိသူ ၇ ဦးနဲ့ ပညာရှင်တစ်ဦးတို့မှ လာရောက် ရှာဖွေမှာ ဖြစ်ပါတယ်။ အဆိုပါ ရှာဖွေမှု ကိုတော့ ယခုမေလ ၂၄ ရက်နေ့မှာ မန္တလေးမြို့ အနီး ၀န်းကျင်မှာ ရှာဖွေမှာဖြစ်ပြီး ဒေသခံတွေရဲ့ တယ်လီဖုန်းနဲ့ သတင်းပေးပို့ များလည်း ရရှိထားတယ်လို့ သိရပါတယ်။

ဒါကြောင့် ဂျေပက် အဖွဲ့မှ တာဝန်ရှိသူ တွေဟာ ယခု တစ်ခေါက်မှာ ဒုတိယ ကမ္ဘာစစ် အတွင်း ပျောက်ဆုံးခဲ့တဲ့ အမေရိကန် လူမျိုးများရဲ့ အချက်အလက် တွေကို ရှာဖွေ တွေ့ရှိနိုင် လိမ့်မယ်လို့ မျှော်မှန်း ထားတယ် လို့လည်း သိရပါတယ်။ ဂျေပက် အဖွဲ့မှ ခန့်မှန်းချက်တွေ အရ ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာနိုင်ငံမှာ အမေရိကန် လူမျိုး ၇၃၀ ခန့် ပျောက်ဆုံးခဲ့တယ် လို့လည်း သိရပါတယ်။ အဆိုပါ ဂျေပက် အဖွဲ့ဟာ ယခုလို ဒုတိယ ကမ္ဘာစစ် အတွင်း ပျောက်ဆုံးခဲ့တဲ့ အမေရိကန် လူမျိုးများ လာရောက် ရှာဖွေမှုကို လွန်ခဲ့တဲ့ ၈ နှစ်ခန့် ကလည်း လာရောက် ရှာဖွေခဲ့ပြီး ယခုနှစ်အတွင်း မှာတော့ ထပ်မံ လာရောက် ရှာဖွေနေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့