Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 May 2013

စာချုပ်ပါ စည်းကမ်းချက်များ ဖောက်ဖျက်မှုကြောင့် တံတား ဖြတ်သန်းခ ကောက်ခံခွင့်ကို ရုပ်သိမ်း


လမ်း၊ တံတား အသုံးပြုခ ကောက်ခံခွင့် များကို ပုဂလိက လုပ်ငန်းရှင် များကို မဲစနစ်နဲ့ လေလံတင် လုပ်ကိုင်ခွင့် ပေးထားရာ စာချုပ်ပါ စည်းကမ်းချက်များ
ဖောက်ဖျက်ပါက တံတား ဖြတ်သန်းခ ကောက်ခံခွင့်ကို ရုပ်သိမ်း သွားမှာ ဖြစ်ပြီး ယခုလက်ရှိ မှာလည်း အဆိုပါ အရေးယူမှု တွေကို ဆောင်ရွက် လျက်ရှိ တယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာနရဲ့ သတင်းများ အရ သိရပါတယ်။

ယခုလက်ရှိမှာ လမ်းတံတား ဖြတ်သန်းခ လုပ်ကိုင်ခွင့် ရသူ အချို့ဟာ ကားများကို ၀န်ကြီးဌာနနဲ့ မှုလ စာချုပ်ပါ စည်းကမ်းချက် သတ်မှတ် ထားတဲ့ ကောက်ခံ နှုန်းထားများထက် ပိုမို ကောက်ခံမှု များရှိပြီး အဲ့ဒီလို စာချုပ်ပါ ကောက်ခံနှုန်း ထားထက် ပိုမို ကောက်ခံတဲ့ အတွက် လုပ်ကိုင်ခွင့် အချို့ကို ရုပ်သိမ်း နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက ရှမ်းပြည်နယ် အရှေ့ပိုင်း၊ သံလွင် တာဆန် တံတားဂိတ်ကို လုပ်ကိုင်ခွင့် ရရှိခဲ့သူဟာ အဆိုပါ သံလွင် တာဆန်း တံတားဂိတ် အသုံးပြုခမှာ ၁၀ ဘီးယာဉ် တစ်စီးကို ၃၀၀ ကျပ် ကောက်ခံရမယ့် အစား တစ်စီးကို ကျပ် တစ်သောင်း အထိ ကောက်ခံတာကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် လေလံ လုပ်ကိုင်ခွင့်ကို ပြန်လည် ရုပ်သိမ်းပြီး လေလံ မဲစနစ်နဲ့ ဒုတိယ လေလံ အောင်မြင်သူကို လွှဲပြောင်း ပေးအပ် လိုက်တယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေနဲ့ စာချုပ်ပါ စည်းကမ်းချက် များကို ဖောက်ဖျက် ပါက လုပ်ငန်းရှင် များအား ပေးအပ် ထားတဲ့ တံတား ဖြတ်သန်းခ ကောက်ခံခွင့်များကို ရုပ်သိမ်း သွားမှာ ဖြစ်ပြီး ဂိတ်များမှ ငွေကြေး ပိုမို ကောက်ခံမှုများ ရှိပါလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ တိုင်ကြား နိုင်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့