Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 12 May 2013

ကြယ်စင်နတ်သမီးသို့

ချစ်သူ
အပြန်ခရီးမှာ မှတ်တမ်းကဗ္ဗည်းတင်ဖို့
ငါ့အသဲကို ဓါးနဲ့ထွင်း
ရင်ကွဲခြင်း ကဗျာတစ်ပုဒ်
နင်ဖေါ်ထုတ်ခဲ့တာလား.....?
ယုန်ငယ်တစ်ကောင်ရဲ့ ကြောက်လန့်ခြင်းမျိုးနဲ့
ဆောက်တည်ရာမဲ့နေတဲ့ငါက
ငါ့ကိုယ်ငါစတေး
ခပ်အေးအေးနဲ့ အလှူပေးဖို့တော့ဝန်လေးတယ်.....
နင့်ကိုလွမ်းနေတဲ့
ငါ့ရဲ့နေ့သစ်တိုင်း နေ့သစ်တိုင်းဟာ
အဓိပါယ်ခပ်ကြီးကြီးနဲ့
ကာရန်တွေ အများကြီးရှိလာတယ်....
အချစ်မရှိရင်နေပါစေ
အလွမ်းတွေကို သယ်ယူရင်း
ကန္တာရပြင် နေပူထဲတောင်
ဆောင်းရာသီ မနက်ခင်းလို
အာရုံမှာမှတ်ထင်ရင်း
ငါ...ခရီးနှင်နေတာ...
နင်လုံးချေခဲ့တဲ့ စက္ကူတစ်ရွက်
အကြေခေါက် ခပ်ပြန့်ပြန့်ဖြစ်နေတာ
နင်တွေ့ရင်ပျော်မှာလား.....?
ဟားမတိုက်နဲ့နော်...
လောင်မြိုက်တဲ့သောကတွေကို
နေပူစာလှုံရင်း
ပိုးတုံးလုံး ဘ၀ကနေ
ငါလွတ်ပြီ........
ဒါဏ်ရာနဲ့ အနာတွေက
မကြာခင်အရှင်းပျောက်
အတောင်တွေပေါက်လာရင်
ငါ နင့်နောက်လိုက်လာမယ်...
နင်ရေးခဲ့တဲ့ အသဲကွဲကဗျာတစ်ပုဒ်
ကာရန်တွေထုတ်နုတ်ပြီး
ရင်ခုန်ခြင်း ( သို့ ) စတင်ခြင်းလကာင်္တပုဒ်
ငါ...ထုလုပ် ပုံဖော်နေပြီ...
ပန်းတိုင်မသိသေးတဲ့ ခရီးအတွက်
ဒါဏ်ရာတွေကို အုတ်မြစ်ချ
ဒီမိုင်တိုင်အစကနေ
နင်ေ၇ာက်နေတဲ့ နေရာအထိ
လျှောက်လှမ်းဖို့အတွက်
ငါ...ညာခြေနဲ့စလှမ်းခဲ့တယ်...
အမြဲတမ်းပြူံးနေစမ်းပါ
ကြယ်စင်ဘုရင်မရေ...
ငါ့ခရီးမှာ ၀န်ကြီးမှာစိုးလို့
နာကျည်းခြင်းတွေ
သယ်မလာပါဘူး......

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့