Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 6 May 2013

ပြည်တွင်း၌ အသက် အာမခံ ထားရှိမှု နည်းနေ


အသက် အာမခံဟာ အရေးကြီးတဲ့ အာမခံ ဖြစ်ပေမယ့်လည်း ပြည်တွင်းမှာ အသက် အာမခံ ထားရှိမှု နည်းနေသေး တယ်လို့ မေလ ၆ ရက်နေ့ ရန်ကုန်မြို့ရှိ
မြန်မာ့ အာမခံ ရုံးမှာ ကျင်းပတဲ့ ကျန်းမာရေး အာမခံနဲ့ အသက် အာမခံ ဆိုင်ရာ သင်တန်း ဖွင့်ပွဲ အခမ်းအနားမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းရဲ့ ပြောကြားချက် အရ သိရပါတယ်။ ပြည်တွင်းမှာ လူဦးရေ သန်းခြောက်ဆယ်ခန့်ရှိရာ အသက် အာမခံ ထားရှိမှုဟာ ၃ သိန်းခန့်သာ ရှိသေးတယ်လို့ သိရပါတယ်။

ယခုလိုမျိုး နည်းပါး နေခြင်းဟာ အသက် အာမခံရဲ့ အရည်အသွေး ဆွဲဆောင်မှု နည်းခြင်း၊ ဖြန့်ချိမှု ချို့ယွင်းခြင်း တို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတို့ စိတ်ဝင်စားမယ့် အာမခံ ပေါ်လစီပုံစံမျိုး တီထွင်ပြီး ဖြန့်ချိမှု ပြုလုပ်နိုင်ဖို့ သုတေသန ပြုလုပ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အခုလည်း အသက် အာမခံနဲ့ ကျန်းမာရေး အာမခံ ပြန့်ပွားစေဖို့ အတွက် မြန်မာ့ အာမခံ လုပ်ငန်းနဲ့ ဟောင်ကောင် အခြေစိုက် အာမခံ ကုမ္ပဏီတို့ ပူးပေါင်းပြီး ကျန်းမာရေး အသက် အာမခံနဲ့ အသက် အာမခံ ဆိုင်ရာ သင်တန်းကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သင်တန်းဟာ ပြည်တွင်းမှာ နိုင်ငံခြား အာမခံ ကုမ္ပဏီ တစ်ခုမှ ဖွင့်လှစ်တဲ့ သင်တန်းများ အနက် အချိန်အကြာဆုံး ဖွင့်လှစ်တဲ့ သင်တန်း ဖြစ်ပြီး သင်တန်း ကာလ ၂ ပတ်ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းမှာ ကျန်းမာရေး အာမခံနဲ့ အသက် အာမခံ ဆိုင်ရာ ပညာရပ်များ ပို့ချမှာ ဖြစ်ပြီး မြန်မာ့အာမခံမှ ၀န်ထမ်းများနဲ့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများမှ သင်တန်းသား စုစုပေါင်း ၄၀ ဦး တက်ရောက်နေ ကြတာ ဖြစ်ပါတယ်။

ဒီလို သင်တန်း ဖွင့်လှစ်ရတဲ့ အတွက် ပြည်တွင်းရှိ ကျန်းမာရေး အာမခံနဲ့ အသက် အာမခံ ပြန့်ပွားရေး အတွက် အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။ AIA ကုမ္ပဏီဟာ ပြည်တွင်းမှာ ကိုယ်စားလှယ် ရုံးခွဲ လာရောက် ဖွင့်လှစ်တဲ့ ဒုတိယ နိုင်ငံခြား အသက် အာမခံ ကုမ္ပဏီ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့