Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 May 2013

စက်မှုဇုန်အားလုံးကို လျှပ်စစ်ဓာတ်အား လုံးဝ ဖြတ်တောက်

ပြည်သူလူထုကို မီးပိုပေးနိုင်ရေးရည်ရွယ်ပြီး ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန်အားလုံးကို မေ ၆ ရက်နေ့ကစ လျှပ်စစ်ဓာတ်အားပေးတာ လုံးဝရပ်ဆိုင်းထားလိုက်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးအဖွဲ့မှူး ဗိုလ်မှူး (ငြိမ်း) ဦးကျော်ထွေးမြင့်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

ယာယီအားဖြင့် စက်မှုဇုန်အားလုံးကို ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြတ်တောက် ထားပေမယ့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတွေမှာ ရေရပြီး လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်တာနဲ့ ဓာတ်အားပြန်ပေးမယ်လို့ သူက ရှင်းပြပါတယ်။

ပြည်သူလူထုကို ဓာတ်အားပေးရာမှာလည်း အသုံးများလွန်းပြီး ဓာတ်အားပေး စနစ်တခုလုံး ရပ်ဆိုင်းနိုင်တဲ့ အနေအထားမျိုးမှာ ခေတ္တဖြတ်တောက်တာ၊ ရာသီဥတုကြောင့် သစ်ပင်ပြိုလဲပြီး ဓာတ်အားပြတ်တောက်တာ၊ မြေအောက်လိုင်း ပေါက်တာတွေကြောင့်လည်း ယာယီ မီးပြတ်တောက်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။ လောလောဆယ် ရန်ကုန်ဧရိယာမှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၈၀၀ ကနေ ၉၀၀ အထိ လိုအပ်တယ်လို့ သိရပါတယ်။

by ဒီဗွီဘီ

အရှေ့ပိုင်း ဒဂုံ စက်မှုဇုံ ကိုတွေ့ရစဉ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့