Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 12 May 2013

အနှိုင်းမဲ့ မေတ္တာရှင်



လူရယ်လို့ဖြစ်လာတော့
နွေးထွေးလုံခြုံမှု့ ပေးခဲ့တဲ့ အဖေ့မေတ္တာရယ်
အသက်နဲ့လဲပြီး မွေးဖွားပေးခဲ့တဲ့ မေမေ့ မေတ္တာနဲ့
လူသားလေးကျွန်မ ဖြစ်တည်လာတယ်..။
အမေ့ရဲ့ သွေးစက်လေးတွေကို
နို့ချိုအဖြစ် သောက်သုံးပြီး
မေမေက ကျွန်မတို့ကို အသက်ဆက်ပေးခဲ့တယ်…
ကျွန်မ ဖျားနာတဲ့အခါ ဆရာဝန်လုပ်ပေးတယ်
ကျွန်မကျောင်းသွားတဲ့အခါ လိုက်ပို့ပေးခဲ့တယ်
ကျွန်မအတွက် စားစရာတွေကို စီစဉ်ပေးခဲ့တယ်..
ကျွန်မ မလိမ္မာရင် မေမေကဆူတယ် ရိုက်တယ်..
ကျွန်မ စိတ်ဆိုးနေရင် မေမေက ပြန်ချော့တယ်…
တခါတလေမှာ
မေမေက ကျွန်မအတွက်တော့ နတ်သမီးတစ်ပါးပါဘဲ…
တခါတလေကျတော့..
ဆူညံ့သံတွေ စုံလင်လှတဲ့ တီးဝိုင်းကလေးလိုဘဲ…
မေမေ့ကြောင့် အရိပ်မင်းဆိုတဲ့ ပန်းကလေးတပွင့်
ပွင့်လန်းရှင်သန်နေပါ ပြီ။
မေမေ့ရဲ့အတိုင်းအစ မရှိတဲ့
အနှိုင်းမဲ့ မေတ္တာတွေအတွက်
သမီးကဗျာလေးတစ်ပုဒ်
ရေးစပ် ဂုဏ်ပြုပေးလိုက်တယ်….
မေမေကျန်းမာပါစေ....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့