Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 12 May 2013

မောတယ်...

ရှေ့ကိုလည်း မတွေး
နောက်ကိုလည်း မဆွေးပဲ
ပစ္စုပ္ပန်ကို အိတ်ကပ်ထဲထည့်
ငါခရီးထွက်ခဲ့တယ်....
အိပ်မက်တွေ မက်ခဲ့တယ်
သီချင်းတွေ ညည်းခဲ့တယ်
ဒါပေမယ့်....
ကံကြမ္မာက ဟန်မလာတော့
ခရီးတွေကမပြီး...
အိပ်မက်တွေက အဆိပ်တက်
သီချင်းတွေက စည်းကျိုး
နောက်ဆုံးတော့...
ငါ့အသက်ရှူသံတွေက
တီးတိုးရေရွတ်မိတယ်....
'မောလိုက်တာ' တဲ့ ..............။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့