Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Friday 10 May 2013
နတ်တို့ အား ခြေရာခံခြင်း ....................
ဒီဟာလေးကို မရေးခင် အနော်နည်းနည်းလေး နိဒါန်းပျိုးချင်သဗျှ။ အဲဒါ ဘာလဲ ဆိုတော့ …နတ်နဲ့ ပတ်သတ်တဲ့ 
အယူဝါဒတွေအကြောင်းပါ။ နတ်တွေကို တစ်ချို့ တွေက အသေအလဲ ယုံကြည်သလို တစ်ချို့ တွေ့ ကလည်း တောေ်တ်ာလေးကို အလေးမထားတာတွေ့ ရပါတယ်။ ပြီးတော့ ကျွန်တော်သူငယ်ချင်းတော်တော်များများက
(၇န်ကုန်သားများ)က နတ်တွေဘာတွေ အယူမရှိသလောက်၊ မန္တလေးနယ်နှင့် တောင်ပေါ်နယ်မှာရှိသော
သူငယ်ချင်းများကတော့  နတ်ကို ယုံကြည်ကြတယ်။
“ဝေ့ …ငဇူး နင်ရော နတ်ယုံလား” လို့ လာမေးရင်
“အေး မယုံဘူးဝေ့ ” လို့ ပြန်ဖြေမှာ။
“ဒါဆို နင့်ခြံထဲက နတ်စင်ကြီး မီးရှို့ လိုက်ပါလား” ဆိုရင်တော့ ….။ ထားပါအုံး။ နောက်တော့ ရှင်းတာပေါ့ နော့ ။
ကျွန်တော်တို့ လို (ငယ်ငယ်တုန်းကပါ) ဟိုတော လျှောက်ကမြင်း ဒီတော လျှောက်ကမြင်း နေတတ်တဲ့ လူတွေအဖို့  အလင်းတို့ အဖေက ဆောင်ရန် ရှောင်ရန်တွေ ပြောပြတတ်တယ်။ သူကိုယ်တိုင်ကိုကလည်း
နတ်ယုံတဲ့ သူမဟုတ်ဘူးနော်။ ဒါပေ့ မယ် သူရဲ့ ဆောင်ပုဒ်က ဘယ်အရာမဆို ချင့်ချိန်ပြီး ယုံ ရတယ်တဲ့ ခင်ဗျ။
ဒါလေးကိုတော့ ကျွန်တော် မှတ်ထားတယ်။ အဟုတ်။ ကျွန်တော်လည်း ဒီနေ့ အထိ အဲဒီနည်းကိုပဲ ကျင့်သုံးတယ်။
နောက်ပြီး ကျွန်တော် စဉ်းစားတယ်ပေါ့နော်။ ခင်ဗျားတို့ ကျွန်တော်တို့ တွေက နတ်ကို ယုံကြည်သည် ဖြစ်စေ။
မယုံကြည်သည် ဖြစ်စေ။ သူတို့ ဖြစ်ပေါ်လာပုံလေးတွေကိုတော့ သိထားသင့်တယ်ခင်ဗျ။ အဲဒီတော့ မှ ခင်ဗျားရဲ့ 
ယုံကြည်ချက်က ခိုင်မာလာမှာလေ။ ဟုတ်တယ်မလား? ။
အခု ခင်ဗျားက နတ်မယုံသူပါ။ ခင်ဗျား သူငယ်ချင်းတစ်ယောက်က ခင်ဗျားကို ဘာကြောင့်မယုံတာလဲ မေးရင်။
ဘယ်လို ဖြေမလဲ။
“အေး…ကွာ….သူများတွေ မယုံဘူး ဆိုလို့ လိုက်မယုံတာ” ဒီလိုဖြေမှာလား။
ဒါမှ မဟုတ် ဒီလိုလေးပေါ့။
“ဟ…ငါမယုံတာ အကြောင်းရှိတယ် မောင့်၊ နင်တို့ တွေ နတ်တွေ ဖြစ်ပေါ်လာတဲ့  သမိုင်းစဉ်တွေကို ပြန်လေ့ 
လာ လိုက်စမ်းဘာ….”
ဆိုပြီး  သင်သိသလောက်လေးကို (သင်ဘာကြောင့်မယုံလဲ ဆိုတာပေါ့) သင့်ကို မေးတဲ့ သူကို ပြောပြလိုက်ရင် သူ့ အတွတ်လည်း အကျိုးရှိသလို သင့်အနေနဲ့ လည်း သင့်ယုံကြည်ချက်ကို ပိုမိုခိုင်မာစေတယ်။ ဒီလိုလေးတွေပေါ့ဗျာ။ ဒါလေးကတော့  ကျွန်တော် ပြောခြင်တဲ့ စကားနည်းနည်းပါ။
ရှည်သွားလား မသိဘူး။ သည်းခံဖတ် :D ။ ။
ကျွန်တော် နတ်တွေ အကြောင်းသိဖို့ အတွတ် နတ်သမိုင်းတွေကို လှန်ရတယ်ခင်ဗျ။ ဘယ်စာအုပ်မှာဘယ်လိုရေးထားတယ်။ ဘယ်စာအုပ်မှာ ဘယ်လိုရေးထားတယ်။ နောက်ဘယ်စာအုပ်မှာ
ဘယ်လို ရှင်းထားတယ်ပေါ့နော်။ ဒါပေ့ မယ် နောက်ဆုံး အားလုံးကို ခြုံငုံထားတဲ့ စာအုပ်တစ်အုပ်ကို
ရှာကြည့် လိုက်တော့  ဆရာကြီး ဦးဖိုးကျားရေးတဲ့  ၃၇ မင်းနတ် ဆိုတာလေးကို သွားတွေ့ ရတယ်။
အဲဒီဟာကို စိတ်ဝင်စားတာနဲ့ ဒေါင်းပြီး ဖတ်ကြည့် လိုက်တော့ မှ  အောင်မြတ်လေး! သောက်ကျိုးနဲ နတ်တွေ
နည်းတာမှ မဟုတ်တာဗျာ။ ဆရာကြီးက ဒီမှာ နတ်သမိုင်းကို သေသေချာချာကို လှန်လျောထားတာ။ ဘာလုပ်လုပ် အကွက်စေ့ သူပီပီ သူရေးတဲ့ နတ်သမိုင်းဟာလည်း ကိုးကားချက်များ၊ ဝေဖန်မှုများနဲ့ တော်တော်လေး ကို ပြည့် ပြည့် စုံစုံ ရှိလှပါတယ်ခင်ဗျ။ တော်တော်များများ သိလိုက်ရတယ်။
နတ်တွေ ဘယ်နှစ်မျိုးတောင် ရှိတယ်ထင်တုန်း။
(၁) ဗုဒ္ဓဘာသာ (၃၇) မင်း
(၂) အတွင်း (၃၇) မင်း
(၃) အပြင် (၃၇) မင်း
အများဘူးလားခင်ဗျား။ နည်းတာ မဟုတ်ဘူးနော်။
ပြီးတော့ ဆရာကြီးရဲ့ စာအုပ်ထဲမှာ ဟိန္ဒူနတ်တွေအကြောင်းပါဝင်နေတယ်ခင်ဗျ။ ဘယ်နတ်တွေက ဘယ်လိုဖြစ်လာတယ်။ ဘယ်နတ်တွေက ဘယ်လို ဖြစ်လာတယ်ဆိုတာကို သေသေချာချာလေး ရေးဖွဲ့ ထားတယ်။ ဒါပေ့ မယ် နည်းနည်းလေး ကွဲလွဲမှုရှိတယ်ခင်ဗျ။ မဟာဗိန္နဲ ဖြစ်ပေါ်လာပုံမှာပေါ့နော်။
ဆရာကြီးကတော့ တော်တော်များများကို အချက်အလက်များနှင့် ကိုးကား ပြောဆိုထားသော်လည်း
ကျွန်တော် ဖတ်ဖူးတဲ့  ဟိန္ဒူရှေးရိုးရာ ဘာသာရေးစာအုပ်ထဲက ဟာတွေနဲ့ ကွဲလွဲမှုရှိတယ်။ဒါပေ့ မယ်
အချက်အလက်တွေက အတူတူဖြစ်တယ်ခင်ဗျ။ အပေါ်က အချက်က အောက်ရောက် အောက်အချက်က
အပေါ်ရောက်လေး ဖြစ်သွားတာပါ။ ဒါပေသိ သဘောပေါက်ပုံခြင်းကတော့ တူတူပါပဲ။
နတ်တွေ အကြောင်းလေ့ လာပြီး ဆိုကတည်းက၊ နတ်ဆိုတာက ရှိလားမသိ မရှိလားမသိ။မမြင်နိုင်တဲ့ အရာတွေ။ သူတို့ နဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းတွေကလည်း လုံကြုတ်၊လုပ်ကြံတွေလား ဘာလား ဘယ်သူသိနိုင်မတုန်း။
ကျွန်တော် ငယ်ငယ်ကတုန်းက စာအရမ်းဖတ်တယ်။ အိမ်ထဲမှာပျင်းတာနဲ့ စာဖတ်တာ။ အဖွားက ရှမ်းမ ပါ။
အမေဘက်က။ ဒါပေ့ မယ် အင်္ဂလိပ်စကားလည်း၇တယ်။ ရှမ်းစကားလည်းရတယ်။ ကုလားလိုလည်း မွတ်တယ်။ ဘယ်လို အာဂအဖွားလဲဆိုတာတော့ ကျွန်တော် မသိပါ။ အိမ်မှာဖတ်စရာ စာအုပ်တွေကလည်း
တစ်ပုံကြီး အဖွားဟာတွေလေ။ အင်္ဂလိပ်စာအုပ်တွေလည်းရှိတယ်။ အဲဒီတော့ လှန်လျောဖတ်ရှုရတာပေါ့။
အဖွားက ကျွန်တော် သုံးနှစ်ကျော်လေးနှစ်သားလောက်မှာ ဆုံးသွားတယ်။ ဒါပေ့ မယ် သူမဆုံးခင်က ကျွန်တော် အိပ်ယာဝင်တိုင်း ရိုးရာအကြောင်းတွေ ပြောပြတတ်တယ်။ ရှမ်းမှာ ဘယ်လိုရှိတယ်။ ဘယ်နတ်ကို
ဘယ်လို ကိုးကွယ်တာ။ ဗမာတွေက ဘယ်လို။ ဟိန္ဒိုနတ်တွေက ဘယ်လို။
ဟိန္ဒိုတွေကို ဘာလို့  ကုလား(ကူးလား) လို့ ခေါ်တယ်။ ဒီလိုတွေ ရှင်းပြတယ်ခင်ဗျ။
ကျွန်တော်တောင် မေးသေးတယ်။
အဖွား ကုလားတွေကျတော့ … ဟိုးဘက်ကမ်းက ကူးလားလို့ ကူးလား လို့ ခေါ်ရင်းကနေ ကုလား လို့ ဖြစ်သွားတယ်လို့ ပြောတယ်နော်။ တရုတ်ကျတော့ ရော ဟင်လို့  :D ။ ဘာလို့ တရုတ် ခေါ်တာလည်း လို့ 
မေးဖူးတယ်။ အဘွားက ငါလည်း မသိပေါင်အေ..အဲဒီလောက်တော့ ဆိုပြီး။ သူမသိပါဘူးဆိုတာ ၀န်ခံသွားသဗျှ။ အဲဒီစကားကို ကျွန်တော် ဒီနေ့ ထိလည်း။ ဘယ်သူမှမမေးရသေးဘူး :D ။ ။
အဲဒီတော့ ဗျာ။ သူဆုံးသွားပြီးတဲ့ နောက်ပိုင်းမှာ သူကျန်ရစ်ခဲ့  စာအုပ်လေးတွေကို ပဲ ဖတ်ပြီးတော့ 
ဗဟုသုတရှာ မှီးရတယ်ဆိုပါတော့ ။ အဲဒီမှာ ကျွန်တော် စာအုပ်တစ်အုပ် သွားတွေ့ တယ်ခင်ဗျ။
ရေးသူတော့ မမှတ်မိပါ။ ဘာသာကြီး (၄) ရပ် တဲ့ ။ တော်တော်ကို ဖတ်လို့ ကောင်းတယ်။ အဲဒီစာအုပ်ကို
ဖတ်ပြီးတော့ မှာ လူက နည်းနည်းလေး နားလည်လာတာ ဘာသာတွေ အကြောင်းကိုလေ။ မိတ်ဆွေတို့ လည်း
သိပြီးသား ဖြစ်မှာပါ။ မသိသေးတဲ့ သူတွေလည်း ဖတ်ရအောင် တိုက်တွန်းလိုပါတယ်။
အဲဒီလို ဖတ်နေရင်းနဲ့ မြန်မာနတ်တွေ အကြောင်းရောက်လာတယ်ခင်ဗျ။ အဲဒီမှာ စတော့ တာ အကျိုးရှိမှ အကြောင်းဖြစ်တယ်လေဗျာ။ အဲဒီလိုပဲ အကြောင်းတရားကြောင့် အကျိုးတရားပေါ်ပေါက်ရတာပေါ့။
မြန်မာနတ်တွေအကြောင်းဖတ်တော့  လူက တော်တော်လေး ထူပူသွားတယ်။ ဘယ်လို မှ မဖြစ်နိုင်တာ ဆိုပြီးလေ။ ဘယ်နှယ့် ဗျာ။
အရက်သောက်လို့ သေလည်း နတ်ဖြစ်တယ်။
ဓါးထိုးခံပြီးသေလည်း နတ်ဖြစ်တယ်။
ကြက်တိုက်တဲ့ သူလည်း သေရင် နတ်ဖြစ်တယ်။
မိန်းမချောချောကို စွဲလမ်းလို့ သေလည်း နတ်ဖြစ်တယ်ဗျာ။ နောက်ပြီး
နူနာ(အနာကြီး) ရောဂါနဲ့ သေတဲ့ လူလည်း နတ်ဖြစ်တယ်။
သေတဲ့ သူတွေ အကုန်လုံး တန်းစီပြီးသေတဲ့ နေရာက မြန်မာပြည် အထက် အလယ်ပိုင်း ဒေသတွေမှာချည်းပဲ။
အဲဒီဒေသမှာ သေတဲ့ သူတွေအားလုံး နတ်ဖြစ်ကြသရောလားဗျာ။ အဲဒါတောင် အခြားနတ်တွေ မပါသေးဘူးနော်။ တစ်နိုင်ငံလုံးမှာ သူ့ အရပ် သူ့ ဓလေ့ နဲ့ ကိုးကွယ်နေတဲ့ နတ်တွေ မပါသေးဘူး။ အားလုံးလိုက် ကိုးကွယ်နေရင် သေရချည်၇ဲ့ ။
ဆရာကြီး ဦးဖိုးကျားရဲ့ စာအုပ်မှာတော့ ဆရာကြီးက သေတဲ့ သူတွေ နတ်ဘာကြောင့်ဖြစ်ရတယ် ဆိုတာကို
ဆရာကြီးက နတ်ယုံကြည်သူမဟုတ်ဘူးဗျ။ ဒါပေ့ မယ် သူကို ကိုယ်ထင်ပြပြီး ငါက နတ်ပါဟာ။ ဆိုရင် ယုံလိုက်မယ်ဆိုတဲ့ သဘောပါတယ်။ ရုပ်ဝါဒီ တစ်ဦးပေါ့ဗျာ။ ဒီစာအုပ်ကိုလည်း ဆရာကြီးရေးခဲ့ တာက
ဒါလေးက ဒီလို ရှိတယ်။ ဒါလေးက ဒီလို ရှိတယ်။ အဲဒီတော့  မင်းတို့ ယုံချင်ယုံကြ မယုံချင်မယုံကြနဲ့ ။
ဒါပေ့ မယ် ယုံတိုင်း မကောင်းဘူး။ :D ဟီး။ အဲဒီလို ရေးခဲ့ တာဗျ။ ကျွန်တော် တော့ ဒီလိုပဲ မြင်တယ်။
နောက်ပြီး မြန်မာ ဘုရင်တွေ လက်ထက်က စစ်ပွဲတွေမှာ နတ်တွေကို ပါခေါ် တိုက် ခိုင်းတာ။ အဟုတ်။
ဆရာကြီးရေးထားတာ။ ရှေးဘုရင်တွေ လက်ထက်မှာ မြန်မာနဲ့ တရုတ် စစ်ပွဲ ဖြစ်တော့  မြန်မာဘက်က
မြန်မာနတ်တွေရော။ တရုတ်ဘက်က တရုတ်နတ်တွေရော ၀ိုင်းဖဲ့ ကြသတဲ့ ဗျာ။ ဒါမျိုးပွဲကတော့ ငဇူးတို့ 
အကြည့် ချင်ဆုံးပွဲဗျနော်။ လန်းနေမယ်။ တရုတ်တွေကလည်း အေ၇ှာင်အတိန်း ရှယ်ကျွမ်းတယ်ဟုတ်။
“၀ှစ်” ဆို လေပေါ်ပျံသွား။ “၀ုန်း” ဆို ပြန်ကျ :D ဟီး။ “ဖလွတ်” “ဖလွတ်” ဆိုပြီးတော့ လက်နက်ပုန်းတွေပစ်။
ဟိ မိုက်မယ်နော်။
( အနော်ဆိုရင်တော့  မြန်မာနတ်ဘက်ကပဲ နေမှာ။ မင်းမဟာဂီရီဆိုတဲ့ နတ် (မောင်တင့်တယ်)က ဟင်းဟင်း
ဘယ်လောက် အားကောင်းသလဲဆိုရင် သူနှမကို ဘုရင်က တော်ကောက်တော်မူလို့  ဆိုပီး မြေပြင်ကို တူနဲ့ 
ထုလိုက်တာ နန်းတော် မှာ သွားတုန်တယ် ဆိုပဲ။ မြေကြီး တုန်သွားတယ်ပေါ့ဂျာ)
တရုတ်နတ်တွေ ဘယ်လောက်စွမ်းမစွမ်းတော့ …အနော် မသိပါဘူး။ မြန်မာနတ်စွမ်းတာတော့ သိတယ်။
တွေ့ ဘူးလား။ မြေကြီးတုန်သွားတာ :D နတ်သမိုင်းမှာပါတာနော်။ အနော်ရေးတာမဟုတ်ဘူး။ ။
ဒါပေ့ မဲ့ ဂျာ။ အဲဒီစစ်ပွဲမှာ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးသွားလဲ ဆိုတာ ဆရာကြီးက ထည့် မရေးသွားဘူး။
လူမှာ တော်တော်လေး ဟာတာတာဖြစ်ကျန်ခဲ့ တယ်။ ကြည့် ချင်တာပေါ့ဂျနော်။ နတ်တွေ ဖဲ့ ကြတဲ့ ဟာ။
လူတွေ ထိုးတဲ့ လက်ဝှေ့ ပွဲတောင် လူစည်သေးတာကို။ :D
ပြီးတော့ …ဘုရင့်နောင်မင်းတရားကြီးကလည်း သူ့ ခေတ်သူ့ အခါက ယိုးဒယားဘန်ကောက်စား ကောဝိလငယ်တို့ ကို သွားတိုက်တယ်ဗျ။ အဲဒီဟာကို နတ်တွေက မကူဘူးတဲ့ ။အဲဒီတော့  သောက်မြင်ကပ်ကပ်နဲ့  အမိန့် တော် ပြန်တမ်းထုတ်လိုက်တယ်။
“နင်တို့ ကို ငါက ကျွေးမွေးထားပြီး နင်တို့ က ငါ့အခု ယိုးဒယားဘန်ကောက်ကို တိုက်တော့ ငြိမ်နေကြတယ်ဟုတ်လား။အေး အခုချိန်က စပြီး ငါ့အမှုတော် ထမ်းစေ။ မထမ်းရင် နတ်ရုပ် နတ်ကွန်းနှင့်
တကွ မီးပုံတိုက် မည်” တဲ့ လေ။ပြီရော။ :D  တစ်ခါတည်း လုပ်ပစ်ရမှာ။ တကယ့် အမိန်ပြန်တမ်းထဲမှာတော့ ဒီလို မရေးထားဖူးနော်။ အနော်က လွယ်အောင်ရေးလိုက်လို့ ဒီလိုဖြစ်သွားတာ။
အထက်ပါအချက်အလက်တွေကို ကြည့် ခြင်းအား ဖြင့် နတ်နဲ့ လူ၊ လူနဲ့ နတ်ဟာ တစ်ဦးပေါ်တစ်ဦးမှီနေတယ်ဆိုတာ ထင်ရှားတယ်ဗျ။ ဘုရင့်နောင် မင်းတရာကြီးပဲ ကြည့် လေ။
သူ့ စစ်ပွဲက ကြာလာတော့  ပေါက်ပြီး။ သူဘာသာသူနေတဲ့ နတ်တွေကို အလုံးကို ၀ါးရင်းတုတ်နဲ့ 
ပတ်ရမ်းလိုက်တာ။ အဲဒီပွဲမှာတော့ ဝင်တိုက်ပေးတယ်ထင်ပါတယ်။ မင်းမိန့် ကိုးဗျ။
နတ်တွေ မကူလည်း ဘုရင့်နောင်မင်းတရာကြီးက အောင်နိုင်မှာပါပဲ။
ယိုးဒယား ဆိုတာ အရင်က သိတယ်ဟုတ်။ ဆက်မေ၇းတော့ ဘူးနော် :D ။
နောက်ပြီးတော့ မသေခင်က နတ်ဖြစ်နေတဲ့ သူတွေ ရှိသေးသဗျှ။ အဲဒီထဲမှာ ဘယ်သူပါတယ်ထင်တုန်း။
ကြားဖူးကြလား ခင်ဗျ။! မှော်ဘီဆရာသိန်းလေ။ ဟုတ်ကဲ့ သူပါတယ်။ လောကကလည်း ဆန်းကြယ်တယ်နော့် ။
အဲဒါလည်း ဆရာကြီးရေးတာနော်။ အနော်ပြောတာဟုတ်ဝူး။
ကဲ! အဲဒီတော့ စာဖတ်သူမိတ်ဆွေများလည်း အပေါ်က ဖတ်တာတဲ့ အရာတွေကို ကြည် ခြင်းအားဖြင့် နတ်ကို ယုံရမယ်။ မယုံရဘူးဆိုတာကို မပြောလို ပါဘူး။ မိတ်ဆွေတို့ သဘောပါ။ ကျွန်တော် ငဇူးကိုလည်း လာမေး။
“ဝေ့ ငဇူး နင် နတ်ယုံလား”
“မယုံဖူးဝေ့ …”
“ဒါဆို နင့်ခြံထဲက နတ်စင်ကြီး ဘာလို့ ထားနေလဲ။ မီးရှို့ လိုက်ပါလား” ဆိုရင်တော့ ….။
ဒါလေးက ဒီလိုရှိတယ်ခင်ဗျ။
အနော်နေတာ ရှမ်းပြည်။ အနော်နတ်မယုံပါ။ သို့ ပေမယ့် ….ရှမ်းပြည် နယ်ဆိုတာက ကိုးမြို့ ရှင် အုပ်စိုးတဲ့ နေရာ။အဲဒီတော့ တောင်ရှမ်းတတ်တတ် မြောက်ရှမ်းပဲ တတ်တတ် ကိုးမြို့ ရှင်နန်းမှာ ကားဆို ကား။ဆိုင်ကယ်ဆို ဆိုင်ကယ် ဦးတိုက်ရတယ်ဆိုတာ သွားဖူးလာဖူးတဲ့ မိတ်ဆွေတွေ သိသပေါ့နော်။
ဆိုင်ကယ်လက်ကိုင်မှာ အနီးစည်းလေးတွေနဲ့ လေ။ :D
ကျွန်တော် ဆိုင်ကယ်မှာ ဘယ်တော့ မှ လက်ကိုင်မှာ အနီစည်းမရှိဘူး။ ဘာဖြစ်လို့ လဲမေး မယုံလို့  :D ။
အဟုတ်။ မယုံဘူး။ ဘယ်နဲ့  ဟိုမှာ ကျသေ နတ်ဖစ်။ ဒီမှာ ကျသေ နတ်ဖစ်။ မကိုးကွယ်နောင်ပေါင်ဂျာ။
ဆိုပြီးနေလာတာ။
ဒီလိုနဲ့ တစ်နေ့ ဘာဖြစ်သလဲဆိုတော့ ….သူငယ်ချင်းတွေနဲ့ မန္တလေးကနေ ပြန်အလာ။ ကိုးမြို့ ရှင်နန်းကို ဦးမတိုက်သွားဘူး။ မေမြို့ မှာလည်း ကိုးမြို့ ရှင် နတ်နန်း ရှိတယ်နော်။ မတိုက်တာ သက်သက်။ တိုက်ရင် နန်းလည်းကျိုးမယ်။ ဆိုင်ကယ်လည်း ပျက်ကုန်မှာပေါ့လို့  ဟီး ;D ။
အဲဒီတော့  လမ်းမှာသွားရင်း အပေါ့သွားချင်လာတာ။ လူကလည်း တော်တော်လေး အောင့်နေပြီ။ ဆိုင်ကယ်က ခုန်တိုင်း ဆီးအိမ်က အောင့်တာ။ ပေါက်ထွက်သွားမလားတောင် ထင်ရတယ်။ ဆီးအိတ်ပေါက်တာကလည်း လွယ်တယ်မထင်နဲ့ ။ တစ်ခါပေါက် ပြသနာမရှိဘူး။ ဒါပေ့ မယ် နောက်တစ်ခါ ထပ်ပေါက်ဖို့ အခွင့်အရေးရှိတယ်။
ထပ်ပေါက်ရင်လည်း ပြသနာ မရှိဘူး။ ဒါပေ့ မယ် နောက်တစ်ခါဆို နည်းနည်းလေး ဖြစ်တာနဲ့ ပေါက်နိုင်တဲ့  အခြေအနေရှိတယ်။အဲဒါကို ထပ်ပေါက် ဘာမှ မဖြစ်ဘူး။ သေလိုက်တော့  …သုသာန်သွားပြီး။ အဟုတ်။
ဆေးမကုနဲ့ ဈေးကြီးတယ်။ :D
ဒီလိုနဲ့ အနော် ဆီးအရမ်းသွားချင်လာတော့ ….သူငယ်ချင်းဆိုင်ကယ်တွေကို ရှေ့ ကလွတ်ပြီး။ အပေါ့ဝင်သွားတယ်ပေါ့ဂျာ။ ဆိုင်ကယ်လမ်းဘေးရပ်။ ပြီးတော့  တောထဲ ၀င်သွားပေါ့။ အသွားတုန်းကကျတော့ 
အဲဒီလမ်းဘေးမှာ ဘာမှ မရှိဘူးဂျ သိလား။ အပေါ့သွားပြီး ပြန် အထွက်မှာ မြင်းဟီသံကြားတာ။ အဲဒါလိုက်ရှာရတယ်။ အပင်ကလည်း တောင်ပေါ်လမ်းဆိုတော့ ဘယ်သိပ်ရှိမှာတုန်း နည်းနည်းလေးရယ်။ မြင်းဟီသံက ထွက်နေတုန်း။ မြင်းဆိုရင်လည်း အနော် တစ်ရပ်လောက်ရှိရမှာပေါ့နော်။ အခုဟာက ထူးဆန်းတယ်။ အဲဒါနဲ့ အနော်လည်း မနေရဲ တော့ ဘဲ လှည့် အထွက်မှာ မြေကြီးကို ကြည့် မိတာဗျ။
အသံက အဲဒီကလာနေတယ်ထင်တာပဲ။ အနော်ကြည့် လိုက်တော့ ရပ်သွားတယ်။ ချုံပုတ်လေးတစ်ခုပါ။
အနော်က မျက်နှာလွှဲလိုက်တော့  မြင်းဟီသံ ပြန်ကြားရတယ်။ လန့် ချက်ဂျာ။ အဟုတ်။ နှလုံးရောဂါရှိရင်။
သေလို့ ရတယ်။အဲဒီမှာ စရိတ်ငြိမ်း။ အဲဒါနဲ့ ဟုတ်မဟုတ် သုံးလေးခါလုပ်ကြည့် တယ်။ ဟုတ်တယ်ဗျ။
မျက်နှာလွှဲရင် မြင်းဟီသံပေးတယ်။ ပြန်ကြည့် ရင် ငြိမ်သွားတယ်။ ကြောက်ရာကနေ ဒေါသဖြစ်လာတော့ ။
ဘာလဲဟ အဆန်းကြီး ဆိုပြီး။ အဲဒီခြုံပုတ်ကို ဆွဲလှန်လိုက်တာ။ သောက်ကျိုးနည်းဗျား။ လန့် ထွက်သွားတယ်..လူတောင်။
ခေါင်းဗျ…ခေါင်း။သေးသေးလေးရယ်။ လူခေါင်းတော့ မဟုတ်ဘူး။ နတ်ခေါင်း ဟီး :D ။
သိုပေသိဗျာ…လန့် တာပေါ့။ အဲဒါနဲ့ ခေါင်းကို သေသေချာချာကြည့် လိုက်တော့ ။ နတ်တော့ နတ်ရုပ်ပဲ
ဘာနတ်မှန်းမသိဘူး။ နတ်တွေအားလုံးက ခေါင်းတွေ ဆင်ကြသကိုးဗျ။ အဲဒါနဲ့ ဆွဲထုတ်ကြည့် တာ မပါလာဘူး။
ဘေး ပတ်ပတ်လည်တူးကြည့် လိုက်တော့ မှ။ လားလား…ဘယ်ကောင်လက်ကမြင်းပြီး ကိုးမြို့ ရှင်ရုပ်ထုကို
မြေလာ မြုပ်သွားလဲမသိဘူး။ မြုပ်ရင်လည်း တစ်ခါတည်း မမြုပ်ဖူး။ ခေါင်းက ဖော်ထားသေးတယ်။
အောက်က မြင်းဖြူခံထားတယ်ဗျာ။ အပေါ်က ကိုးမြို့ ရှင်ပေါ့နော်။ အဲဒါနဲ့ …အနော်လည်း ဘာလုပ်ရမှန်းမသိဘူး။ တူးထားက တူးထားပြီးပြီ။ အကုန်အပေါ်ရောက်လာပြီ။  မ သွားရအောင်ကလည်း။
ကဂျိုးကကြောင်။ ပြီးတော့ အဲဒီနားက ရှမ်းရွာတွေ ပေါတယ်။ ရှမ်းတွေက သိတယ်မလား။ သူ့ အသီး မသိအောင်စားမိရင်တော့ …နင်နေတာက မဆုံးတော့ ဘူး။ ရေသောက်ရတယ်။ :D ဟီး အဲဒီတော့ မှ ပျောက်တယ်။ ဟီး နောက်တာ။ နည်းနည်းတော့ လန့် တယ်ဗျ။ ရှမ်းတွေက သူတို့ အသီး မသိအောင်စားမိရင်
အဲဒါ..ဗိုက်အောင့်တာတို့ ဘာတို့ ဖြစ်တတ်တယ်။ သွားတောင်းပန်မှ ပျောက်တာ။ အဲဒီလိုတွေ ရှိတော့ ။
အနောက် ဒီအရုပ်ကို ရှမ်းတွေလုပ်ထားတာလားတွေးနေတာ။ ဟုတ်တယ်လေ။ ဘယ်သူမှ အားအားယားယား။
လာမလုပ်ဖူး။ :D ။ အဲဒါနဲ့ နောက်ဆုံး  ရှုပ်တယ်။ အရုပ်ရယ်။ နေဟယ်။ ဆိုပြီး နဂိုအတိုင်း မြေပြန်မြုပ်ခဲ့ ပေးလိုက်တယ်။  မြုပ်ပြီးတော့  ထ အသွား။ မြင်းဟီသံ ပြန်ထွက်လာတယ်။ အနော်လည်း လှည့် ကြည့် တာပေါ့။ ခြံပုတ်ကိုလေ။ အသံက အဲဒီက လာနေတာဆိုတော့ ။  မြင်းဟီသံ ကြည့် နေလည်း မရပ်တော့ဘူးနော်။ နောက်ဆုံးလှုပ်ပါ လှုပ်လာတာ ခြုံပုတ်က။ ဘယ်ပြောကောင်းမလဲဗျာ။ ငဇူးပါဆို သိတယ်မလား။ ပြေးတာပေါ့။ :D ဆိုင်ကယ်ပေါ့ တတ်ခွ ပြီး အမှန်အကန် မောင်းထွက်လာရတယ်။ မြင်းဟီသံကလည်း တစ်လမ်းလုံးလိုက်လာသလား ထင်ရတယ်။ တောက်လျှောက်ပဲ။ အိမ်ရောက်တော့ အမောပါဆို့ တယ်။ အဟုတ်။ လန့် တာလည်း ပြောမနေနဲ့ ဗျာ။ လူက ဖျားချင်သလိုလို ဖြစ်လာတာနဲ့ ဆေးသောက်ပြီး တန်းအိပ်ပစ်တာ။ ဖျားလည်း ဖျားပါတယ်။ နိုးလာတော့ လေ။
အဲဒါ အလင်းတို့ လာတော့ အနော်နေမကောင်းတာ သိပြီးတော့ ဆေးတိုက်ဘာတိုက်နဲ့ ပေါ့ဂျာ။ အလင်းနဲ့ က
တူတူနေတာများတယ်လေ။ သူက အနော်အိမ်မှာအိပ်လည်း ပြသနာမရှိဘူး။ သူအိမ်က အေးဆေး။မောင်နှမတွေလိုပဲလေ။ သူအဖေ၊ အမေကလည်း အနော်ကို အမွေစားအမွေခံ မွေးစားထားတာ။
အဲဒါသူက ဆေးတိုက်ရင်းနဲ့ ..ည ၁၀ နာရီကျော်ကျော်လောက်ပေါ့နော်။ မှေးနေတုန်း။ အိမ်မက်ထဲမှာ။
“လာထုတ်ပေးစမ်း။ အမြဲတမ်း မခန့် လေးစားနဲ့  မင်းက” ဆိုပြီး ပြောတာ။
တစ်ည…ပြောတယ်။
အေးဆေး။
နှစ်ည လာပြောတယ်။
သာသာယာယာပဲ။
သုံးညမြောက် ။
လုံးဝမသာယာဘူးဂျာ။ အဟုတ်။ တစ်ခြံလုံး မြင်းဟီသံတွေနဲ့  မြင်းခွာသံတွေကြီးပဲ။ အကုန်နိုးတာ။အနော်လည်း နိုးသွားတယ်။ အလင်းကလည်း အနော်ဘေးမှာ အိပ်နေတာဆိုတော့ ..ဘာဖြစ်တာလဲဆိုပြီး လန့် နေတာ။
အနော်ကလည်း ဖျားနေရင်းတန်းလန်းနဲ့ …ထွက်ကြည့် တော့ ..ခြံဝမှာ မြင်းကြီး စီးပြီးရပ်နေတာတွေ့ တယ်။
လူတော့ လူပဲ မသဲကွဲဘူး။ မြင်းကလည်း အရပ်မြင့်တယ်။ လူကလည်း မြင့်တယ်။ မြင်းပေါ်တတ်ထိုင်နေတာကိုးဂျ။ မြင့်တာပေါ့။ အလင်းကို ပြတယ်...အနောက။
ဟိုမှာ ဆိုတော့ …သူက မတွေ့ ဘူး။ အဲဒီ မြင်းနဲ့ လူက အနော်ကို သေသေချာချာ စိုက်ကြည့် ပြီး။ ပန်းခြံတွေ ဘက်ကို မြင်းနဲ့ ဒုန်းစိုင်းသွားတာ များ။
ဝှီခေါ်နေတယ်။ အဲဒီအချိန် တံခါးခေါက်လို့ …သွားဖွင့်တော့ ..ခြံစောင့် အဖိုးကြီးအဖွားကြီး နဲ့ သူသမီးအားလျန်။
ဒီလိုဂျ။ အဖွားဆုံးကတည်းက အဲဒီ အဖိုးကြီးနဲ့ အဖွားကြီးနဲ့ က အနော်ကို သားသမီးအရင်းလို စောင့်ရှောက်တာ။သူတို့ မြေးမလေးနာမည်က အားလျန်တဲ့ ။အဖေလည်းမရှိတော့ ဘူး။ အမေလည်း မရှိတော့ ဘူး။ဆုံးတယ်ပြောတယ်။ အဖွားကတော့ ရှမ်းတရုတ်ကြီးပါ။ အဖိုးကတော့ …ဗမာ စစ်စစ်ထင်တာပဲ။ သန်သန်မာမာရှိတယ်လေ။ ဗလတောင့်တောင့်နဲ့ ။ သူတို့ အသက်က လေးဆယ်ကျော်တွေပေါ့။ဒါပေ့ မယ် အနော်က ပါးပါး လို့ ခေါ်တယ်။ အဖိုးကို။ သူမြေးမလေးက အနော်ထက် နှစ်နှစ် ငယ်တယ်။ မောင်နှမလိုပါပဲ။
အဲဒါ သူတို့ က လာပြီးတော့ ….အနော်ကို မေးတော့ တာ။
“ဇူး…မြေးလေး။ ခရီးသွားတဲ့ လမ်းမှာ တစ်ခုခုမှားလာခဲ့ သေးလား” တဲ့ ။
အနော်ကလည်း ဘုကန့် လန့် ဆိုတော့ . . .။
“ပါးပါးကလည်း လမ်းမှာ မှားလာရင် အိမ်တောင် ပြန်ရောက်လာမလားဗျာ” ဆိုပြီး ဘုတောတောလိုက်တယ်။
အဲဒါ အဖိုးက သိတယ်ဗျ။ မလိမ်ပါနဲ့ ဇူးရယ် ဆိုပြီးပြောနေတော့ မှ။ နောက်ဆုံးအနော်လည်း ပြောလိုက်မိတယ်။မြင်းဟီသံနဲ့ ….ကိုးမြို့ ရှင်ကိုလေ။
အဖိုးဗျာ…။ မဆဲစဖူး ဆဲတာ။
“ငဇူး…မင့်နှယ်…မိုက်လိုက်ပါဘီ။  နန်းရင် မြေးလို့ ပြောရင်တောင် လူကြားလို့ မကောင်းတော့ ဘူး။ ဘယ်လိုလုပ် အဲဒီလောက် မိုက်တာတုန်း။ အဲဒါ နင့်ကို “မ” တာဟဲ့ … “မ” တာ”
တိန်…ဘယ်လို မ တာတုန်း အနော်လည်း မသိ။ နန်းရင် အနော်အဘွားပါ။ အဖေက ကုလားလူမျိုး ဆိုတော့ 
အဖေ့ ဘက်ကလူတွေက အာရီး(အဖွားကိုခေါ်သည်)ရင် လို့ ခေါ်တယ်။ ရှမ်းတွေက ဘွားရင်ပေါ့ဂျာ။ဗမာတွေကတော့ အမေရင် ပေါ့။ အဲဒီလို နဲ့ အဖိုးက အနော်ကို သွားယူခိုင်းတယ်။ အဲဒီအရုပ်။
ခြံထဲမှာ…စင်လေး ထိုးပြီး ထားတဲ့  လာဒ်ကောင်းတယ်ပေါ့နော်။ အနော်က အလုပ်ရှုပ်တယ်။ ဘာတွေမှန်းမသိ
ဘယ်က မှန်းမသိတဲ့ ဟာကို ဆိုပြီးလုပ်နေသေးတာ။ အဖိုးက ငါ ရှေးလူကြီးပါကွယ်။ နင်က ခလေးပါ။ ဆိုတော့ မှ။အနော် စိတ်တိုတာ ပြေတယ်။ ဟုတ်တယ်လေ။ သူပြောတာ မှန်နိုင်တယ်။
အဲဒါနဲ့ မနက်လည်းကျရော။ အနော်တစ်ယောက်တည်း မသွားဝံ့ တာနဲ့ ။ အဖိုးရယ်။ အားလျန်ရယ်။ အလင်း ကသူကြည့် ချင်တယ်ဆိုပြီး လိုက်လာတယ်။ အနော်လည်း ပါတာပေါ့။ အိမ်က ဖိုးဝှီး နဲ့  ….ပန်းတင်တဲ့ ကားပါ။
အဲဒါနဲ့ အဲဒီအရုပ်ကို သွားဖေါ်လာပြီးတော့ ။ ပန်းခြံထဲမှာ စင်ထားပြီး သွားကန်တော့ တယ်။ ထူးထူးခြားခြားဆိုလို့  အဲဒီအရုပ်တင်ပြီးကတည်းက ခြံကို သူခိုးတွေ ဘာတွေ မကပ်တော့ တာပါ။ ပြီးတော့ ခြံထဲမှာ ၀က်သားစားလို့ မရတော့ ဘူးဗျ။ စားတဲ့ လူ ၀မ်းလျှော :D ဟီး။ နောက်တာ။ တစ်ခုခုဖြစ်တာပဲ။
အဖိုးကလည်း မစားခိုင်းဘူး။ အနော်ကတော့ ဘာမှ မပြောချင်တော့ ပါဘူး။ ရှမ်းလည်း ၀က်သားစားတာပဲ။
ရှမ်းနတ်ကတော့ …၀က်သားစားမယ်ထင်တာပဲ။ အနော်ကတော့ ….တုတ်တာပဲ :D ။ အလင်းက ချက် အနော်ကတုတ်။ ဘာမှဖြစ်ဝူး။ သူများတွေဖြစ်တာ။
အဲဒီသတင်းကို အလင်းတို့ အဖေကြားတော့ …အနော်ကို ခေါ်ပြောတယ်။ အရင်ဆုံးမေးတာပါ။ အိမ်မက်တွေက ဟုတ်လား။ နင် အဲဒီမြင်းရုပ် ဟီသံ ကြားတယ်။ဆိုတာ ဟုတ်လား။ စသဖြင့် ပေါ့။ အားလုံး မှန်ကန်တယ်ဆိုမှ။
“ဇူး…နင်လည်း နတ်မယုံဘူး။ ငါလည်း နတ်မယုံဘူး။ ငါတို့ တူတယ်။ ဒါပေ့ မယ် တစ်ခါတစ်လေမှာ..သူတို့ က
ယုံကြည်အောင် လုပ်ပြတဲ့ အခါတွေရှိတယ်။ ဒါက ယုံစေချင်လို့ …အဲဒါတွေကျတော့ ချွင်းချက်အနေနဲ့ ငါတို့ လက်ခံ သင့်တယ်” လို့ ပြောတယ်။ သူပြောတာက ယုံပါလို့ အတင်းကြီး မတိုက်တွန်းဘူးနော်။ ကိုယ်ပိုင်ဦးနောက်နဲ့ ဆုံးဖြတ်ခိုင်းတာ။ အဲဒီလို လူမျိုး သူက။
အဲဒီတော့ ….အနော်ပြောချင်တာက
“အနော် နတ်မယုံပါ။ ဒါပေ့ မယ် အနော်ခြံထဲက နတ်စင်တွေ မီးမရှို့ နိုင်ပါ။ :P”
ဟုတ်တယ်လေဂျာ။ ကိုယ်က သူနယ်နေပြီး သူကို အာခံခြင်လို့ တော့ ဘယ်ဖြစ်မတုန်း။ ခင်ဗျားလည်း ခင်ဗျားတို့ အိမ်ကို သူများလာပြီး ဗိုလ်ကျရင် ခံနိုင်မလား? ။ ဒီလိုလေးပေါ့။
သူနယ်နဲ့ သူနဲ့ ကတော့ ရှိပြီးသားထင်ပါရဲ့ ဂျာ။ ပခမ်းနယ်ထဲ မနေတုန်းကတော့ ….ကိုကြီးကျော်ဆိုတာ အေးဆေးပါ ဘာညာပေါ့။ သူနယ်ထဲ ရောက်တော့  “နောက်တာ ဟဲဟဲ ကန် တော့ ပေါ့ဂျာ” ။
ဒီလိုလေးတော့ ရှိတာပေါ့။
ဒါကြောင့် …မိတ်ဆွေတို့ လည်း…ကိုယ်ပိုင်ဦးနောက်နဲ့  စဉ်းစား ဆင်ခြင်သုံးသပ် ပြီးတော့ မှ ယုံကြပါ..
လို့ တိုက်တွန်းခြင်ပါတယ်။
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့