Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Tuesday 7 May 2013
လူထုခေါင်းဆောင်အတွက် ပါရမီဖြည့်သူများ
ရန်ကုန်၊ ဧပြီ ၂၄ - ပူပြင်းလှတဲ့ နေရောင် အောက်မှာ လမ်းမကြီးပျောက်သွား လောက်အောင် လူအုပ်ကြီးက နေရာယူ ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကားပေါ်ကဆင်းလိုက်တာနဲ့ တစ်ပြိုင် နက် ထောင်ချီတဲ့ လူအုပ်ကြီးဟာ အမေအမေ ဆိုပြီး သူမအနီးကို ရောက်ဖို့ ကြိုးစားကြပါ တယ်။ သူမနဲ့ လက်ဆွဲနှုတ် ဆက်ဖို့အရေး၊ ပန်းစည်းတစ်စည်း သူမ လက်ထဲရောက် ရေးအတွက် ကြိုးပမ်းကြ ပါတယ်။ သူမ ဘေးနှစ်ဖက်မှာတော့ မျက်မှန်အမည်းတပ် ထားပြီး တိုက်ပုံအင်္ကျီအဖြူ မြန်မာဝတ်စုံ ဝတ်ထားတဲ့ အမျိုးသားလေး ငါးဦးခန့်က လူအုပ်ကြီး သူမပေါ် ပိကျမသွားအောင် လက်တွေနဲ့ကာ၊ ကိုယ် ခန္ဓာနဲ့ တွန်းတိုက် ကာ ကာကွယ်ထားကြပါတယ်။ တောင်း ပန်ပါတယ်၊ လမ်းလေး နည်းနည်းပေးပါ လို့လည်း အဲသည်အမျိုးသား တွေက ပြည် သူတွေကို တောင်းပန်ပြီး လူအုပ်ကြီးကို လက် တွေနဲ့ တားကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သွားလိုရာနေရာ ကို ရောက်အောင် ကာကွယ်ပို့ဆောင်ပေး ကြပါတယ်။
“ အန္တရာယ်တစ်စုံတစ်ရာ ကြုံခဲ့ရင် ကျွန်တော်တို့ အရင်သေရမယ်၊ပြီးမှ အမေ သေရမယ်ဆိုတဲ့ သန္ဒိဋ္ဌာန် ကျွန်တော်တို့ အားလုံးမှာ ရှိတယ်”လို့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အနီးကပ်လုံခြုံရေးကို တာဝန်ယူ ထားသူ တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ဦးက ပြောပါတယ်။
၂၀၁၀ ခုနှစ် နေအိမ်အကျယ်ချုပ်မှ လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် သူမကို ယုံကြည် သူ၊ လေးစားသူ ၊ ပုဂ္ဂိုလ်ရေးအရ ချစ်ခင်သူ၊ မျှော်လင့်ချက်တွေ အပြည့်အဝ ထားရှိတဲ့ ထောက်ခံသူ လူဟောင်းတွေဟာ သူမ အ နားကို ပြန်လည်ရောက်ရှိလာပြီး အချို့က လုံခြုံရေးတာဝန်ကို တာဝန်ထမ်းကြပါ တယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲ ခရီးစဉ်နဲ့ တခြားဒေသဖွံ့ဖြိုးရေး စုစု ပေါင်း မိုင်သောင်းချီတဲ့ ခရီးစဉ်တွေမှာ လူ ထုချစ်ခင်မှုကို အပြည့်အဝရတဲ့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး၊ အ သက်အန္တရာယ်အတွက် အတွင်းစည်းလုံ ခြုံရေးအဖွဲ့ဝင် ၂၀ ခန့်က အမြဲတစေ တာ ဝန်ယူခဲ့ကြပါတယ်။
“ ခရီးတွေသွားတိုင်း ဗဟိုက ကျွန် တော်တို့အဖွဲ့နဲ့ နယ်က လူငယ်တွေ လုံခြုံ ရေးအတွက် ချိတ်ဆက်လုပ်ကြရတယ်၊ အိမ်ထဲမှာတော့ အနီးကပ် လုံခြုံရေးအဖြစ် တာဝန်ယူထားတာက လူ ၂၀ လောက်ပဲ ရှိ တယ်”လို့ ၁၉၉၆ ခုနှစ်ကတည်းက ဒေါ် အောင်ဆန်းစုကြည်ရဲ့ ကားရှေ့ခေါင်းခန်း ထဲကနေ ခရီးစဉ်တိုင်းလို လိုက်ပါခဲ့သူ လုံ ခြုံရေး အနီးကပ်တာဝန်ယူနေရသူ ဦးစိုး ဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် တိုင်းလိုလိုလိုက်ပါပြီး လုံခြုံရေး အဓိက တာဝန်ယူထားသူတွေကတော့ ဦးစိုး ဝင်း၊ ဦးကျော်သူရ၊ ဦးဘန်နီ၊ ဦးကျော်စိုး နိုင်(BG) ၊ ဦးမောင်မောင်ဦးတို့ဖြစ်ပြီး ရန် ကုန်တိုင်းထဲမှာတော့ ဦးမြင့်ဌေးတို့က လည်း တာဝန်ယူထားတယ်လို့ ဦးစိုးဝင်း က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သွားခဲ့တဲ့ ခရီး စဉ်တွေမှာ အန္တာယ်မဖြစ်ရေး၊ လမ်းခရီး ညရေးညတာမှာ လုံခြုံ မှုအပြည့်ရှိရေး အ တွက်ကို သူတို့တွေ တာဝန်ယူခဲ့ကြရပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အတွက် ခရီးစဉ်တစ်လျှောက် တာဝန်ယူခဲ့ သူတွေဟာ ကိုယ်ခံပညာ၊ လုံခြုံရေးပညာ ကို စနစ်တကျ သင်ယူထားရသူတွေ မဟုတ်ကြောင်း လုံခြုံရေးတာဝန်ယူထား သူတွေက ပြောပါတယ်။
မှတ်တမ်းဓာတ်ပုံ ရိုက်ကူးသူလည်း ဖြစ်ကာ ၈၈ ခုနှစ် ကတည်းက လုံခြုံရေးအ တွက်လည်း တာ ဝန်ယူထားသူ သုံးရောင် ခြယ်အဖွဲ့မှ ဦး ကျော်စိုးနိုင် (BG) က “ ၈၈ ကတည်းက ကာကွယ်ရတာက လူနဲ့ပဲ ကာ ကွယ်ရတယ်၊ အပ်တိုတစ်ချောင်းတောင် ကိုင်တဲ့ သူတွေ မဟုတ်ဘူး၊ လူအင်အားနဲ့ပဲ ဝန်းရံ တယ်၊ သေနတ်နဲ့ပစ်ရင် ကျွန်တော် တို့ အရင်ရှေ့ကပြေးခံရမယ်”လို့ ပြောပါ တယ်။
“ သူများနိုင်ငံက လူကြီးတွေနောက် လိုက်တဲ့သူတွေလို ကျွန်တော်တို့က လက် နက်ကိုင်ခွင့် မရှိဘူးလေ၊ အန်တီကလဲ မေတ္တာနဲ့ သွားနေတာ ၈၈ ကတည်းက၊ သွားကတည်းက အတတ်နိုင်ဆုံး အဆင် ပြေတဲ့ နယ်ပေါင်းစုံက လူအင်အားသုံး တယ်၊ လူတွေက အများအားဖြင့် အန်တီ ကိုချစ်ကြလို့ တွေ့ချင်ကြတယ်၊ တိုးရ ကြိတ်ရတာပေါ့၊ ဒီအများကြီးထဲမှာ မချစ် တဲ့သူတစ်ယောက်ကို ကျွန်တော်တို့က အဓိကထားပြီးတော့ အန်တီ့ကို အန္တရာယ် ပြုမယ့်သူပေါ့၊ ဒါမျိုးကို ကျွန်တော်တို့က ကြည့်ရတယ်၊ လူတစ်ယောက်ကို အရင် ဆုံး မျက်လုံးကြည့်ရတယ်၊ မျက်နှာကြည့် ရတယ်”လို့ ဦးကျော်စိုးနိုင်က ပြောပါ တယ်။
လုံခြုံရေးအတွက် တာဝန်ယူထားသူ တွေဟာ အမြဲတစေ ခရီးလမ်းကြောင်း တစ်ခုကို အရင်းဆုံးတစ်ခေါက်သွားကြည့် ရပြီး ကြာချိန်တွေကို တွက်ချက်ကာ ဒေါ် အောင်ဆန်းစုကြည်ကို တင်ပြရပါတယ်။ ခရီးသွားချိန်၊ လမ်းခရီးမှာ ကုန်ဆုံးမယ့် အ ချိန်တွေ၊ ပြည်သူလူထုကို နှုတ်ဆက်လို့ ကုန်မယ့်အချိန်တွေကို တိတိကျကျ တွက် ချက်ပေးရတယ်လို့ ဆိုပါတယ်။
ဦးမောင်မောင်ဦးက “ ခရီးစဉ်တစ်ခု သွားပြတယ်ပေါ့၊ ငါးနာရီခန့်ရောက်မယ် လို့ ရေးတယ်၊ အဲဒီခန့်ကို လုံးဝမကြိုက် ဘူး၊ ငါးနာရီရောက်ရမယ်လို့ ရေးခိုင်း တယ်၊၁၅ မိနစ်ခန့် စကားပြောမယ်လို့ ရေး ရင် မလုပ်နဲ့ ၁၅ မိနစ် စကားပြောမယ်လို့ ပဲ ရေးလို့ ပြောတယ်၊ အဲဒီလို သူ့ကိုတင်ပြီး ရင် နယ်ပရိသတ်ရဲ့ ကြိုမှုမကြိုမှုအပေါ် မှာ မူတည်ပြီးတော့ ခရီးစဉ်က အရှည်ကြီး သွားရတယ်၊ တစ်ခါတလေ ပြည်သူတွေ ကြိုတော့ အချိန်တွေ လွဲသွားတယ်၊ အမေ က အချိန်လွဲတာ လုံးဝမကြိုက်ဘူး၊ အ ချိန်ကို အတိအကျပဲကြိုက်တယ်၊ အဲဒီလို ဖြစ် ရင် ကြိုတွက်ထားရမှာပေါ့လို့ ပြောတတ်တယ်”လို့ ပြောပါတယ်။
နယ်ခရီးတွေသွားရင် ကြိုဆိုတဲ့လူထု အတွက် အချိန်ကိုထည့်တွက်ထားပေမဲ့ မမျှော်လင့်ထားတဲ့နေရာတွေမှာ ကြိုဆို တဲ့ပြည်သူတွေကြောင့် အချိန်တွေ လွဲတတ်ပြီး လမ်းခရီးသွားတိုင်း ဦးတည်ရာကို ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲလို့ ဒေါ် အောင်ဆန်းစုကြည်က ခဏခဏ မေး တတ်ပါတယ်။
“ စည်းနဲ့ကမ်းနဲ့ လုပ်ချင်တယ်၊ အမေ က မီးပွိုင့်ကို သေချာစောင့်၊ လွတ်ချင်တာ နဲ့ ကျော်မတက်နဲ့ အဲလိုမျိုးလုပ်တာလေ၊ နေ ပြည်တော်မှာ timing ဆွဲရတာလွယ် တယ်၊ ရန်ကုန်မှာ timing ဆွဲရင် ကားက ကျပ် တော့ အဲဒီမှာ ပြဿနာတက်ရော၊ မီး ပွိုင့်တွေက ဘယ်လောက်ကြာမလဲဆိုတာ ဘယ်လိုမှ ခန့်မှန်းမရဘူး၊ အိမ်ကနေ လွှတ် တော်ဆိုရင် နာရီဝက်အချိန်ယူရတယ်၊ တစ်ခါတလေ ထိုင်းဝန်ကြီးချုပ်တို့နဲ့ ဘာ နဲ့ သွားတွေ့ရင် အမေထွက်ကတည်းက မီး ပွိုင့်တွေကို ရှင်းလိုက်တော့ အချိန်စော ရောက်သွားရော၊ အဲဒီအခါဆို အမေက အဲ ဒီနားမှာ ကားကို ပတ်မောင်းပေးရတယ်၊ မိနစ်အစွန်းမခံဘူး၊ တိတိကျကျ ရောက် ချင်တယ်၊ စည်းစနစ်ကြီးတယ်”လို့ ဦး မောင်မောင်ဦးက ပြောပါတယ်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ခရီးစဉ်တွေထဲမှာ လုံခြုံရေးတာဝန်ယူထား သူတွေအတွက် အခက်အခဲဆုံးဖြစ်ခဲ့ရတဲ့ ခရီးစဉ်ကတော့ မန္တလေးခရီးစဉ်ဖြစ်တယ် လို့ ပြောကြပါတယ်။
ဦးမောင်မောင်ဦးက ပရိသတ်များ လွန်းလို့ အခက်ခဲဆုံးဖြစ်ရတဲ့ မန္တလေးခရီး စဉ်နဲ့ ပတ်သက်ပြီး “ ဈေးချိုရှေ့အဖြတ်ပေါ့၊ ကားသွားလို့ရအောင် ကျွန်တော်တို့လမ်း ကို ဖြဲတယ်ပေါ့၊ လူအုပ်ကြီးပေါ်ကနေ ဒိုင် ဗင်ထိုးပြီး ကားရှေ့ကို ခုန်ခုန်ချတယ်၊ ဒီအ တိုင်း တိုးပြီးဝင်မဟုတ်ဘူး၊ အရမ်းကို ချစ် တာ တွေ့ချင်တာ၊ ကျွန်တော် အဲဒီလူအုပ် ကြီးကို ငါတိုးနိုင်ပါ့မလားလို့ တစ်ခါမှ အဲဒီ အတွေးမျိုး မတွေးမိဘူး၊ အဲဒီမှာ ကိုယ့် ကိုယ်ကိုတောင် ငါလုပ်နိုင်မလားလို့ တွေး မိတယ်”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွင်း စည်းလုံခြုံရေးတာဝန်ယူသူတွေဟာ တစ် ခါတလေ ထောင်နဲ့ချီတဲ့လူအုပ်ကြီး၊ တစ် ခါတလေ သောင်းနဲ့ချီတဲ့လူအုပ်ကြီးက နေ ဘယ်လိုဖောက်ထွက်ရမလဲဆိုတာကို ကြိုတွေးထားလို့ မရကြောင်း၊ လုပ်ငန်းအ တွေ့အကြုံတွေအရနဲ့ပဲ လူအုပ်ကိုကြည့် ပြီး ဘယ်နေရာက တိုးရင်ရတယ်၊ ဘယ် နားမှာ ပျော့တယ်၊ အဲသည်နားက တိုး လိုက်ရင်ပွင့်မယ်ဆိုတာ တွက်ချက်ပြီး တိုး ရတာ ဖြစ်ပါတယ်။
ဦးစိုးဝင်းက “ ကျွန်တော်တို့ ကာတယ် ဆို တာ အစ်မကို လက်တွေအတင်းဆွဲနှုတ် ဆက်တယ်၊ တစ်ခါတလေ လူ ၁၀ဝ၀ လောက်က လက်ဆွဲနှုတ်ဆက်ရင် ကျွန် တော့်လက်ကို ၅၀ လောက်က ဆွဲမိတယ်၊ ကျွန်တော်တောင် လက်ဆစ်တွေနာတယ်၊ သွားနေတဲ့ကားပေါ်ကနေ လက်ကို လှမ်း လှမ်းဆွဲတာ၊ တစ်ခါတလေ ကားကအ ရှိန်နဲ့မောင်းရင် အစ်မလက်ကို အတင်း ဆွဲတဲ့ အချိန်နဲ့ကြုံခဲ့ရင် လက်ကျိုးတာတို့ ဖြစ်နိုင်တယ်၊ အစ်မသက်သောင့်သက် သာဖြစ်ဖို့ ကျွန်တော်တို့က ပြည်သူလူထု ကို အလိုမလိုက်နိုင်ဘူး၊ ကိုယ်နဲ့ကွယ်ထား ပေးရတယ်”လို့ ပြောပါတယ်။
ပရိသတ်တွေက ပန်းစည်းတွေကို ဒေါ် အောင်ဆန်းစုကြည်ကိုပေးတဲ့ အခါမှာ လုံ ခြုံရေးတွေက ရုတ်တရက်ဆွဲယူလိုက်ရင် အရမ်းကိုစိတ်ဆိုးပြီး လုံခြုံရေးသမားကို အော်ဟစ်ဆဲဆိုခံရတာ၊ ခဲနဲ့ထုခံရတာမျိုး တွေလည်း ကြုံရတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွင်း စည်း လုံခြုံရေးယူသူတွေဟာ လုံခြုံရေး အရ ပြုလုပ်တဲ့ အချို့အပြုအမူတွေကြောင့် ပြည်သူတွေ၊ မီဒီယာတွေနဲ့ ပြဿနာကြုံ ရလေ့ရှိပါတယ်။
ဦးစိုးဝင်းက “ ကျွန်တော်တို့ကို လူတွေ က ထုထုသွားတယ်၊ စည်းရုံးရေးတစ်ခါ ဆင်း ရင် လေးငါးခါထုခံရတယ်၊ ကား မောင်းနေ ရင်း အစ်မက ကားပေါ်ကနေ နှုတ်ဆက် တယ်၊ ကားက မောင်းသွားရင် လက်ဆစ် ပြုတ်ဖို့ပဲ ရှိတယ်။ ကျွန်တော်တို့ က သူတို့ အတင်းဆွဲရင် မမိအောင် ကာရ တယ်၊ ဆွဲမရတော့ ကျွန်တော့်ကို ဒီလူကြီး ရှုပ် တယ်ဆိုပြီး ထုသွားတယ်”လို့ ပြောပါ တယ်။
လုံခြုံရေးအရ ပြုမူခဲ့တဲ့ အပြုအမူ ကြောင့် မီဒီယာသမားတစ်ဦးနဲ့ ပြဿနာ ဖြစ်ခဲ့ဖူးတဲ့ ဦးကျော်စိုးနိုင် (BG) က “ ကျွန် တော်တို့ က စိုးရိမ်တာက သွားရမယ့်လမ်း ခရီး နဲ့ လုပ်ရမယ့် အလုပ်နဲ့အချိန်၊ အန်တီ က အလုပ်လုပ်တယ်၊ အချိန်နဲ့တစ်ပြေးညီ လုပ်ရ တော့ အန်တီကို ပရိသတ်က တွန်း တာရှိ တယ်၊ ချော်မလဲ အောင်လို့ လုပ်ရ တယ်၊ အဲဒီအတ∑က် တွန်းထိုးရတယ်၊ နား လည်မှုရှိရင် အဆင်ပြေမှာပါ”လို့ ပြောပါ တယ်။
သူကပဲဆက်ပြီး “ ပါးစပ်က တောင်း ပန်ပါတယ်လို့ အတတ်နိုင်ဆုံး စိတ်မဆိုး အောင် ပြောရပါတယ်၊ မီဒီယာတွေက ဓာတ်ပုံကောင်းကောင်း လိုချင်တာပဲ၊ ဓာတ်ပုံတစ်ပုံရိုက်တိုင်း တစ်ပုံကောင်းတာ မဟုတ်ပါဘူး၊ သူတို့လဲ တိုးရတာပဲ ၊ သူတို့ ကိုလဲ စိတ်ဆိုးလို့မရဘူး၊ ပြည်သူကလဲ မြင်ချင်တယ်၊ ကျွန်တော်တို့ဘက်ကလဲ အန်တီက တစ်နေရာကိုလာတယ်၊ အဲဒီ နေရာရောက်ဖို့ မတိုးရင် မရဘူး၊ အဲဒီအ တွက် ကျွန်တော်တို့ တိုးရတယ်၊ တစ် ယောက်နဲ့တစ်ယောက် အချင်းများဖို့ မဟုတ်တာပဲ”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အစားအ သောက်စားသောက်နေရင် ဓာတ်ပုံရိုက် တာမျိုး မကြိုက်ကြောင်း၊ အဲသည်အ တွက် လုံခြုံရေးတွေက တားဆီးလို့ မရ တာကြောင့် အခက်အခဲကြုံရလေ့ရှိတယ် လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ယူသူတွေဟာ မနက်မိုးလင်းလို့ ခရီး စU်တစ်ခုကို စထွက်တာနဲ့ လူထုခေါင်း ဆောင်က ပြည်သူတွေကို ချစ်ခင်စွာ ဖက် လဲတကင်း ပြန် လည်နှုတ်ဆက်သလို နှုတ် ဆက်တဲ့ ပြည်သူတွေထဲက တစ်ဦးဦး ကြောင့် သူမအန္တရာယ်မကြုံရလေအောင် လုံခြုံရေးအရတားဆီးရတဲ့ လူမုန်းခံရတဲ့အ လုပ်ကို လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။
ဦးမောင်မောင်ဦးက “ ကျွန်တော်တို့ကို လုထုမုန်းမှာကို ကြိုသိပါတယ်၊ ကျွန်တော် တို့ အလုပ်က နဂိုကတည်းက အမုန်းခံဖို့ လာ တာပါ၊ အမေ အလုပ်ကို အဆင်ပြေ ပြေ လုပ်နိုင်ဖို့ လာလုပ်ပေးတာ၊ အဲဒီအ တွက် ပြည်သူတွေမုန်းရင် မုန်းပါစေ၊ ကျွန် တော်တို့ ဘဝက ကြားခံပါ၊ ပြည်သူတွေ ကို လက်ဆွဲမယ်၊ နှုတ်ဆက်တာက အမေ့ အလုပ် ၊ အဲဒီကြားထဲက အန္တရာယ်ရှိနိုင်တဲ့ သူတွေကို ဖယ်ရမှာ တွန်းရမှာ ကာရမှာက ကျွန်တော်တို့ အလုပ်ပါ၊ မနက်မိုးလင်းက တည်းက ကျွန်တော်တို့ အလုပ်က ပြောင်း ပြန်ပါ”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အနီးကပ် လုံခြုံရေး တာဝန်ယူသူတွေ ဆေးလိပ် သောက်တာ၊ အရက်သောက်တာ၊ ကွမ်း စားတာတွေကို သဘောမကျကြောင်း၊ ပြဿနာတစ်ခုဖြစ်လို့ မေးရင် သူများက ဘယ်လိုလုပ်လို့ ဖြစ်သွားတယ် လို့ ဖြေရှင်း ရင် မကြိုက်ကြောင်း၊ သူများ ကို အပြစ် ပြောတာ မကောင်းပြောတာ မကြိုက် ကြောင်း ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။
ဦးမောင်မောင်ဦးက “ လုံခြုံရေးဆိုရင် လူတွေက တစ်မျိုးထင်တယ်၊ မြို့နယ်တွေ ကို အမေနဲ့သွားရင် ပြုံးပြနှုတ်ဆက်တာ မကြိုက်ဘူး၊ ခပ်တည်တည်နေတာကြိုက် တယ်၊ အမေနဲ့သွားရင် ခပ်တည်တည်နေ ရတယ်၊ လူတွေထင်တယ် ဒေါ်အောင်ဆန်း စုကြည်နားနေတဲ့ သူတွေက မျက်နှာထား ကြီး တင်းထားတယ်ပေါ့၊ အောက်ကလူ တွေက ဒေါ်အောင်ဆန်းစုကြည်နားက သူ တွေ သူ့ထမင်းစားနေတာကျနေတာပဲလို့ ပြောကြတယ်၊ လိုက်လဲရှင်းပြလို့ရတဲ့ ကိစ္စ မဟုတ်ဘူး”လို့ ပြောရင်းရယ်ပါတယ်။
လက်ရှိအစိုးရနဲ့ လက်တွဲလုပ်ဆောင် မှုတွေကြောင့် အရင်လို လုံခြုံရေးအရ စိုး ရိမ်စရာ မရှိနိုင်ဘူးလို့ အများစုက ထင်ပေ မဲ့ လုံခြုံရေးတာဝန်ယူထားသူတွေကတော့ လမ်းခရီးမှာ ဒေါ်အောင်ဆန်းစုကြည်ကြုံ လာနိုင်တဲ့ အန္တရာယ်တွေအတွက် အမြဲလို လို ကြိုတွက်ထားပြီး သတိထားနေရတယ် လို့ ဆိုပါတယ်။
ဦးမောင်မောင်ဦးက “ လူအုပ်ထဲမှာ စိတ်မမှန်တဲ့သူတွေ၊ မူးနေတဲ့ သူတွေမျိုး တွေရှိတယ်၊ အမေ့ကို မလုပ်ချင်လို့ မလုပ် ကြတာလေ၊ တကယ်လုပ်ချင်လို့ စနစ်တ ကျ ပြင်ဆင်ပြီးလုပ်ရင် ကျွန်တော်တို့ မတတ်နိုင်ဘူး၊ အချို့က ဖက်နမ်းတယ်၊ လည်ပင်း ကို သိုင်းဖက်တယ်၊ လည်ပင်း ညှစ်သွားရင် ဘယ်လိုလုပ်မလဲ၊ လည်တိုင် တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ ကုတ်ဆွဲ တာကို မတားလို့ မရဘူး၊ ပန်းစည်းတွေ ပေးတယ်၊ နိုင်ငံတကာမှာ ပန်းစည်းတွေ က အန္တရာယ် ရှိတယ်”လို့ ပြောပါတယ်။
လုံခြုံရေးအနည်းငယ်က လွဲ ပြီး လူထု ထဲမှာ လွတ်လွတ်လပ်လပ်သွား လာပြီး ဖက်လဲတကင်းနှုတ်ဆက်တဲ့ ကလေးငယ် တစ်ဦးက စကားလာပြောရင်တောင် ပြန် လည်ပြောတတ်တဲ့ ဒေါ်အောင်ဆန်း စုကြည်က သူမကလည်း ပြည်သူတွေကို မေတ္တာထားပြီး ပြည်သူတွေကလည်း မေတ္တာပြန်လည်ထားတဲ့အတွက် လုံခြုံ ရေးအတွက် သူမအနေနဲ့ စိုးရိမ်မှု မရှိ ကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ ဖူး ပါတယ်။
ဦးစိုးဝင်းက “ ရုတ်တရက် အန္တရာယ် ကြုံလာရင် ကျွန်တော်တို့က အတတ်နိုင် ဆုံး လက်နက် သူ့ဆီမရောက်အောင် လွတ်တဲ့နေရာကို ဆွဲခေါ်ရမလဲဆိုတာကို ကြည့်တယ်၊ အိမ်တစ်အိမ်ဝင်သွားရင် ကျွန်တော် အဲဒါကိုပဲကြည့်တယ်၊ ဘယ် နေရာက ပုန်းလို့ရမလဲ ၊ အဲဒီအချိန်မှာ သူ့ ကို အားနာလို့မရဘူး၊ ကျွန်တော်က သူ့ကို ဆွဲပြီး ဘေးလွတ်ရာကို ခေါ်မှာပဲ”လို့ ပြော ပါတယ်။
လက်ပံတောင်းတောင် အစီအရင်ခံ စာ ထွက်ပြီးနောက် ဒေါ်အောင်ဆန်းစု ကြည် လက်ပံတောင်းတောင် အနီးနား ကရွာတွေကို သွားတဲ့အခါမှာတော့ အ သက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ အခြေ အနေမျိုးတွေ ကြုံရတယ်လို့ လုံခြုံရေး တာဝန်ယူထားသူတွေက ပြောပါတယ်။
ဦးမောင်မောင်ဦးက “ သွေးမြေမကျ ချင်ရင် ပြန်ပါလို့ အပြောခံရတယ်”လို့ ပြော ပါတယ်။
“ လက်ပံတောင်းတောင်တုန်းကဆို ရင် ငါးယောက်ပဲဝင်ရတယ်၊ အစ်မ ဘာမှ မဖြစ်ခဲ့လို့ပါ၊ တစ်ခုခုဖြစ်ခဲ့ရင် ဒီလူတွေက သတ်ကွင်းခေါ်သွားတယ်လို့ ဖြစ်တော့ မယ်”လို့ ဦးစိုးဝင်းက ပြောပါတယ်။
လက်ပံတောင်းတောင်ခရီးစဉ်မှာ အ နီးကပ်လုံခြုံရေးတွေရဲ့ တာဝန်ယူမှုကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ချီး ကျူးခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ် ရွေးကောက်ပွဲခရီးစဉ်နဲ့ ဒေသဖွံ့ဖြိုးရေးခရီးစဉ်တွေမှာ လုံခြုံရေး အရ အန္တရာယ်ရှိနိုင်တဲ့ စည်းပေါက်တာ မျိုး မကြုံခဲ့ရပေမဲ့ မြိတ်ခရီးစဉ်မှာတော့ ဦး ကျော်စိုးနိုင်တို့ ဒေါ်အောင်ဆန်းစုကြည် နားရမယ့် အခန်း ပြောင်းလဲသွားလို့ သွား ရောက်စစ်ဆေးနေတုန်းမှာ လူတစ်ဦး စကားပြောစင်ပေါ်တက်ပြီး ပဝါပေးတာ ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ဖူးတယ် လို့ ဆိုပါတယ်။
လုံခြုံရေးအတွက် ပိုမိုကောင်းမွန်တဲ့ စနစ်တွေလုပ်ဖို့ နိုင်ငံတကာကလို လုံခြုံ ရေးအတွက် လက်နက်တွေ အပြည့်အဝနဲ့ ကာကွယ်ချင်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်ကို ပြောတဲ့အခါမှာ မလုပ်ပါနဲ့လို့ ပြန် ပြောခဲ့တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။
ဦးစိုးဝင်းက “ လုံခြုံရေးကို ဒီထက်ပို လုပ်ချင်တယ်၊ လုံခြုံရေးက ပေါ့ဆလို့ လုံးဝ မရပါဘူး၊ အခုဟာ ပြန်ပြီးကာကွယ်တာ ထက် အန္တရာယ်ဖြစ်ရင် လွတ်ရာကို ဆွဲခေါ်ရှောင်ပြေး၊ ရိုက်ရင်လဲ ကိုယ်နဲ့ ကာပေး၊ သေနတ်နဲ့ပစ်ရင်လဲ ကိုယ်နဲ့ ဝင်ကာပေးရ မယ့် အခြေအနေပဲရှိတယ်” လို့ ပြောပါ တယ်။
“ အခုနောက်ပိုင်းမှာ လုံခြုံရေးအတွက် လူငယ်တွေကို ထပ်ခေါ်ထားတယ်၊ အရေး ပေါ်အခြေအနေအရ တတ်နိုင်ရင် ကားလဲ မောင်းတတ်ရမယ်၊ ရေလဲ ကူးတတ်ရမယ်၊ ဆိုင်ကယ်လဲ မောင်းတတ်ရမယ်၊ ထမင်း ပါ ချက်တတ်ရမယ်၊ ဂျိုကာလိုပေါ့”လို့ ဦး ကျော်စိုးနိုင်က ပြောပါတယ်။
လုံခြုံရေးအတွက် တာဝန်ယူသူတွေ ဟာ ယုံကြည်ချက်အတွက် ဒေါ်အောင် ဆန်းစုကြည်အနားမှာ ပါရမီဖြည့်သူတွေ ဖြစ်ပြီး အခကြေးငွေမရရှိသလို မိသားစု ဘဝတွေကို စွန့်လွှတ်ထားရသူတွေ ဖြစ်ပါ တယ်။
ဦးစိုးဝင်းက “ အိမ်မှာ ကလေးတွေ ဆယ်တန်းဖြေနေတယ်၊ ဂျီတီစီဖြေတယ်၊ သတင်းတောင် မမေးနိုင်ဘူး၊မေးဖို့လဲ စိတ် မဝင်စားဘူး၊ သူတို့အတွက် လုပ်တာ မ ဟုတ်တော့ဘူးလေ၊ အစ်မက ဒီမှာနေ ဆိုနေ၊ ဒီလိုသွားဆိုရင်သွားပေါ့၊ နောက် တစ်ခု တိုင်းပြည်ရဲ့ အပြောင်းအလဲက အစ် မတစ်ယောက်ပဲ လုပ်နိုင်တယ်၊ ကိုယ်က ဘာမှမလုပ်နိုင်ဘူး၊ လုံခြုံရေးတောင် ပြော လို့မရဘူး၊ သူသက်သောင့်သက်သာနဲ့ သွားနိုင်အောင် ဝိုင်းလုပ်ပေးတယ်ဆိုတာ လောက်ပါပဲ”လို့ ပြောပါတယ်။
သားသမီးနှစ်ဦးရှိတဲ့ ဦးမောင်မောင်ဦး က “ အိမ်ပြန်ဖြစ်တာ များတယ်၊ ကလေး တွေက ဖေဖေပိုက်ဆံမရှာဘူးလို့ပြော တော့ ကျွန်တော် တစ်ညလုံး အိပ်မပျော် ဘူး၊ ကလေးတွေ အဲဒီလို ထင်နေပြီလား လို့ပေါ့၊ ကျွန်တော်တို့ ငါဘယ်လောက်ပေး ဆပ်နိုင်မလဲစိတ်နဲ့ အမေ့နားမှာ နေတယ်၊ အသက်အရွယ်၊ ကျန်းမာရေး၊ ငွေကြေး ကိစ္စ တွေ ရှိတယ်၊ နောက်က အမျိုးသမီး ကောင်းလို့ ငွေကြေးရှာစရာ မလိုဘူး၊ မိသားစု အခက်အခဲ အဆင်ပြေနေသေးလို့ ပါ”လို့ ပြောပါတယ်။
လုံခြုံရေးအရ တာဝန်ယူထားသူတွေ ဟာ နိုင်ငံရေးပုဒ်မတွေနဲ့ နှစ်ရှည်ထောင် ကျခံခဲ့ရသူတွေ၊ ထောင်အကြိမ်ကြိမ်ကျခဲ့ ရသူတွေဖြစ်ပြီး အများစုက ကိုယ်တိုင်ပါတီ နိုင်ငံရေးမလုပ်တော့ဘဲ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ လုံခြုံရေးကိုသာ တာဝန်ယူဖို့ ဆုံး ဖြတ်ထားကြသူတွေ ဖြစ်ပါတယ်။
“ ကျွန်တော်တို့ ၂၀၁၅ ခုနှစ်အတွက် ၂၀၁၄ ခုနှစ်ကျရင်လဲ လမ်းပေါ်ပြန် ပြေးရဦး မယ်၊ အစ်မကို ကူရဦးမယ်၊ အဲဒီ အတွက် အားတင်းထားတယ်၊ ဒါပေမဲ့ အစ်မက အနားမှာ ခေါ်ထားသရွေ့ပေါ့”လို့ အသက် ၅၁ နှစ် ရှိပြီဖြစ်တဲ့ ဦးစိုးဝင်းက ပြောပါ တယ်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
May
(781)
- မကျေနပ်တဲ့ သံယောဇဉ်'
- ဟာသပုံလေးတွေ'
- ဟာသလေးများ...'
- Android Applications 20 in 1
- နောက်ကျချစ်ခွင့်” '
- အီရတ်နိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွ...
- အိုဘားမားနှင့်တွေ့ဆုံမှုမှ ရလဒ်ကောင်းများရရှိရန် တရ...
- တောင်ကိုးရီးယားနိုင်ငံရှိ အရာရှိများမှ မိမိတို့၏ ပ...
- ဂျပန် ANA လေကြောင်းလိုင်းမှ ဘိုးရင်း 787 လေယာဉ်မျာ...
- အသင်းပရိသတ်များကို မျက်ရည်ဖြင့် နှုတ်ဆက်ခဲ့သည့် နေမာ
- ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်ခဲ့သည့် လီဝမ်ဒေါ့စကီး
- အဖွင့်ပွဲစဉ်ကို အနိုင်ဖြင့် စတင်နိုင်ခဲ့တဲ့ နာဒယ်
- လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရသည့် ...
- မက္ကဆီကိုနိုင်ငံတွင် မြေပြိုမှုဖြစ်ပွားခဲ့
- ဗီဇာကတ် သုံးစွဲနိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ...
- ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်တုံးပေါင...
- လာမည့် ဇွန်လကုန်တွင် အမှိုက်သိမ်းယာဉ် ၄၂ စီး ထပ်မံေ...
- ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို မွေးမြူရေး လုပ...
- ဓာတ်ငွေ့တာဘိုင် လျှပ်စစ်ဓာတ်အားပေး စက်များ ပြုပြင်...
- ပြည်တွင်းရှိ လေယာဉ်များအား Safety ပိုင်းနှင့် လြုံ...
- ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အာဇာနည် ဗိမာန်ကို ပုံမှန်ဖ...
- မိုးတွင်းကာလတွင် မော်တော်ယာဉ်များ သတိပြု မောင်းနှင...
- ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်မှု ၅ နှစ်ပြည့...
- ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်...
- မကွေးတိုင်းအတွင်း လယ်သိမ်းခံရသူများကို လျော်ကြေးပေ...
- ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်
- သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး
- လားရှိုး ယနေ့ အခြေအနေ
- လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား
- လားရှိုးမြို့ မှာ ယနေ့  အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွ...
- လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်
- ဆန္ဒပြအလုပ်သမားများကို ထိုက်သင့်သောလစာပေးရန် ဦးမြင့...
- ကျောင်းအပ်စဉ် အလှူငွေကောက်ခံမှုကြောင့် အုပ်ချုပ်ရေး...
- ဒေါ်လာကြောင့် ကုန်စည်ဈေးတက်
- တရုတ်ဆန်များတွင် ကက်ဒ်မီယံဓာတုပါဝင်မှု မြင့်မားနြေေ...
- မြေသိမ်းမှု၊ လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်ပြီး ကရင...
- ဇွန်လ (၁) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ် V...
- မေလ(၂၈)ရက်နေ့ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁...
- မေလ(၂၈)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ ...
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် ကြေးမုံ နေ့ စဉ်
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် မြ၀တီ နေ့ စဉ် သတ...
- ငါးမန်းကိုက်ကြသူများ
- စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်...
- ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့...
- လားရှိုးမြို့ခံအမျိုးသမီး မီးရှို့ခံရမှုအကြောင်းပြ...
- အရှေ့တောင်အာရှ လိင်ကျွန်များဘဝ
- မနေ့ ညပိုင်းက အဓိကရုန်း ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို...
- လားရှိုးတွင် ပဋိပက္ခဖြစ်၊ အဆောက်အအုံနှင့်ဆိုင်ခံများ...
- မေလ(၃၁)ရက်နေ့ ထုတ် The Hot News Weekly Journal Vol...
- မေလ(၂၇)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ် သတင်းစာ အတွဲ...
- မေလထုတ် Star Focus Magazine Vol 1 Issue 5
- လားရှိုး ဆူပူမှု ဗလီနှစ်လုံး မီးလောင်
- လားရှိုးမြို့ မှာ ဇနီးသည်ကို ဓါတ်ဆီလောင်ပြီး မီးရှို...
- ထားဝယ်တက္ကသိုလ်အနီး ကျေးရွာရှိ ဆိုင်နှင့် လူများကို...
- ဆီအုန်း၊ ရာဘာနှင့် ပုဂ္ဂလိကစိုက်ခင်းများမစိုက်ဘဲြေ...
- အရည်အသွေးမမီ မြန်မာ့ဆန် ကင်မရွန်းဖျက်ဆီး ကိစ္စ စုံစ...
- » လေယာဉ်သစ်များ ဝယ်ယူပြေးဆွဲရန် သမ္မတညွှန်ကြား
- ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆွဲကြိုးလု
- မဟာသမယသုတ် (မြန်မာပြန်)
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၂
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁
- * * * * * မထင်နဲ့ * * * * *
- အနာထပိဏ် နဲ့ ၀ိသာခါ…
- ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..
- မျှော်လင့်ရင်းဝေး...
- ကံပြုတဲ့နေရာက စေတနာ
- ချစ်သူအတွက်
- ထူးဆန်းထွေလာပုံလေးများ
- ရှင်ရာဟုလာနဲ့ တံမြက်စည်း'
- မြစ်ဆုံနှင့် ယုဇန စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရန်...
- ဒီပဲယင်းဆယ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကြည်ရွ...
- » စံပြကျေးရွာပြောင်းသူများ အခက်ကြုံတွေ့
- ဘန်ကောက်မြို့ Like Jeans စက် ရုံမှမြန်မာရွှေ့ပြောင်...
- လက်ပတ်ကြိုးများဖြင့် အမျိုးသမီးနှင့် လူငယ်များကို ...
- အမေရိကန်စစ်ဘက် F-15 တိုက်လေယာဉ် ဂျပန်ကမ်းလွန်တွင် ...
- တကိုယ်တော် ဆန္ဒပြတဲ့ သရုပ်ဆောင်ရဲတိုက်ကို ရဲများ ခေ...
- အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ...
- ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုချက် အစိုးရ ကန့်...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ ...
- ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြ၀တီ နေ့ စဉ် သတင်းစာ
- မေလ (၂၆)ရက်နေ့ ထုတ် Reporter News Journal Issue 21
- မေလ (၂၇)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ ၁၃...
- မေလ(၂၈)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ (၁၆)၊...
- ရေထိန်းတံခါးကြီး(၃)စင်းကြောင့် တောင်သူ လယ်သမားတွေ ...
- သူပုန်တွေ လက်ချက်နဲ့ ဖိလစ်ပိုင် ရဲတွေ သေဆုံး
- မြန်မာနိုင်ငံ သောက်သုံးရေ ရရှိဖို့အတွက် အမေရိကန်ကူညီ
- မေလ(၂၃)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၇၁
- မေလ(၂၃)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် ၆၉
- မေလ(၂၂)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှ...
- မေလ (၂၀)ရက်နေ့ ထုတ် ဈေးဝယ်လမ်းညွန် အတွဲ(၃) အမှတ်...
- မေလ(၃၀)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၉)
- ဖားကန့်မြို့နယ်မှာ ရေမဆေးကျောက်သမားတွေကို ဖမ်းဆီး
- မေလ(၃၀)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ်...
- ဈေးချိုကို ဘယ်သူဖျက်တာလဲ
- မာန်အောင်ကျွန်းမှ မြေ ၃၇၈၀၀ ဧကကို မြေလွှတ်မြေရိုင်း...
- မန္တလေးနန်းတွင်းကြီး ပြည်သူ့အတွက် တကယ်ဖြစ်မှာလား
-
▼
May
(781)
No comments:
Post a Comment