Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

ဘာကြောင့်လဲ'


တစ်ရံတစ်ခါမှာ .............
နားလည်နိုင်တဲ့ အရာဖြစ်ပါရက်နဲ့
ငါ နားမလည်ပေးနိုင်တာ
ဘာကြောင့်လဲ။
ငါ့အတွက်ရှိနေတာကိုသိနေပါရက်နဲ့
စိတ်မချနိုင်ဖြစ်နေရတာ
ဘာကြောင့်လဲ။
ငါ့ဘ၀အတွက် အလိုအပ်ဆုံးလို့
ငါသိနေရက်နဲ့ ခွင့်မလွှတ်နိုင်တာ
ဘာကြောင့်လဲ။
ငါနားလည်နိုင်ပြီလို့ ထင်ထားခဲ့ပြီးမှ
တကယ်တမ်းငါ ခံစားနိုင်နာကျင်နေရတာ
ဘာကြောင့်လဲ။
အရာရာကိုနားလည်တတ်ပါရက်နဲ့
နင်နဲ့ကျမှ ငါ ပြောင်းလဲနေရတာ
ဘာကြောင့်လဲ။
ပေါက်ကွဲပစ်လိုက်ရင် ရပါရက်နဲ့
မျိုသိပ်ခြင်းနဲ့ သိမ်းထားမိတာ
ဘာကြောင့်လဲ။
ကိုယ်တိုင်မီးလောင်တိုက်ထဲရောက်နေသလို
ပူလောင်နာကျင်နေပေမယ့်
နင့်ကိုမနာကျင်စေချင်တာ
ဘာကြောင့်လဲ။
သိပ်ချစ်တယ် ခွင့်လွှတ်နိုင်တယ်ဆိုတဲ့ငါ
နင်တစ်ခုခုလုပ်တိုင်း
နာကျင်ခံစားရခက်နေတာ
ဘာကြောင့်လဲ။
အရာအားလုံး နင်နဲ့တွေ့မှ
ပြောင်းလဲနေတတ်တာ
ဘာကြောင့်လဲ ?
ဘာကြောင့်လဲ ............... ဘာကြောင့်လဲကွာ ..............

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့