Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 14 May 2013

စစ်တွေမြို့နယ်တွင် လုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်း နေထိုင်ကြရန် ညွှန်ကြားထား


ရခိုင်ပြည်နယ်မှ ဒေသ အာဏာပိုင်များနဲ့ ပူးပေါင်းပြီး စစ်တွေမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက မုန်တိုင်း သတိပေးချက်နဲ့ လိုက်နာ
ဆောင်ရွက် သင့်တာတွေကို မြို့နယ်၊ ကျေးရွာများနဲ့ ကမ်းရိုးတန်းသွား စက်ရေယာဉ်များ၊ ခရီးသည်တင် ယာဉ်များနဲ့ ပင်လယ် ကမ်းဝေး၊ ကမ်းနီး ငါးဖမ်းရေယာဉ် များကို အသိပေး နှိုးဆော်မှုများ ဆောင်ရွက် ထားလျက် ရှိပါတယ်။

ဒါ့အပြင် စစ်တွေမြို့ပေါ် ရပ်ကွက်များမှာ အသံချဲ့ စက်များနဲ့ လှည့်လည်ပြီး အသိပေး နှိုးဆော် လျက်ရှိပြီး ခရိုင်၊မြို့နယ်၊ မြို့နယ်ခွဲရုံး များကို စာရွက် စာတမ်းများ၊ ပရိဘောဂများ လုံခြုံတဲ့ နေရာများကို ကြိုတင် ရွှေ့ပြောင်း ထားကြရန် ညွှန်ကြား ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ မုန်တိုင်း ဒဏ်ကာကွယ်ရေး အတွက် မေလ ၁၂ ရက်မှ စတင်ပြီး ဒုက္ခသည် စခန်းများမှာ ယာယီတဲ များနဲ့ နေထိုင် နေသူများကို အခိုင်အမာ အဆောက်အဦး များသို့ ရွှေ့ပြောင်းရန် စတင် ဆောင်ရွက်နေပြီလို့ သိရပါတယ်။

ဒါ့အပြင် မောင်တောနဲ့ အခြား မြို့နယ်များ မှာလည်း အလားတူ ရွှေ့ပြောင်းမှု ပြုလုပ် နေကြောင်း သိရပါတယ်။ ဒါ့အပြင် ၂၀၁၃ ခုနှစ် မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန် မိုးလေ၀သ ခန့်မှန်းချက် ထုတ်ပြန်ချက် အရနဲ့ မြန်မာ စံတော်ချိန် ၆ နာရီခွဲ အချိန်တိုင်းထွာချက်များ အရ ဆိုင်ကလုန်း မုန်တိုင်း မဟာစင် MAHASEN ဟာ မြန်မာနိုင်ငံ ကိုကိုးကျွန်းရဲ့ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်၊ ပုသိမ်မြို့ရဲ့ အနောက် တောင်ဘက် မိုင် ၅၇၀ ခန့် အိန်္ဒိယနိုင်ငံ ချင်းမိုင်မြို့၊ အရှေ့တောင်ဘက် မိုင် ၃၈၀ ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေတယ်လို့ သိရပါတယ်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းဟာ မြောက်ဘက်ကို ဆက်လက် ရွှေ့လျားနိုင်ပြီး၊ မုန်တိုင်း ဗဟိုချက် အနီးမှာ အမြင့်ဆုံး လေတိုက်နှုန်းများ မိုင် ၆၀ အထိ ရှိနိုင်တယ်လို့ သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့