Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 14 May 2013

ရေအောက်တွင် နှစ်ဆယ့်ငါးနှစ်ကြာခန့် နစ်မြုပ်နေရာမှ ပြန်လည် ထွက်ပေါ်လာခဲ့သည့် Epecuen အပန်းဖြေမြို့


ရေအောက်အတွင်း နှစ်ဆယ့်ငါးနှစ်ကြာခန့် နစ်မြုပ်ခဲ့ရသည့် အာဂျင်တီးနား နိုင်ငံ၏ အပန်းဖြေ မြို့ငယ်လေး ဖြစ်သော Epecuen မြို့သည်
ကုန်းမြေ မျက်နှာပြင်ပေါ်သို့ ပြန်လည် ထွက်ပေါ်လာခဲ့ရာ ကမ္ဘာတစ်လွှား မှ ခရီးသွားများ စိတ်ဝင်တစား လာရောက်လျက် ရှိကြသည်။

အက်ပီကူရန် မြို့သည် သာယာသည့် အပန်းဖြေ မြို့ငယ်လေး တစ်ခုဖြစ်ပြီး တစ်နှစ်လျှင် ခရီးသွား ၂၀,၀၀၀ ကျော် ပုံမှန် လာရောက်လေ့ရှိသည့် ကမ်းခြေမြို့လေး ဖြစ်သည်။ ခရီးသွား ဧည့်သည်များသည် သမုဒ္ဒရာတွင် ပါရှိသည့် ဆားငန်ဓာတ် ပမာဏထက် ၁၀ ဆကျော် ပါဝင်သည့် ပါဝင်သည့် ရေချိုးကန် ၊ spa များသို့ လာရောက်ကြခြင်း ဖြစ်သည်။ ဧည့်သည်များသည် ၎င်းဆားငန်ရေကန်၌ ရေစိမ်ရခြင်းကို အရှေ့ အလယ်ပိုင်း ဒေသရှိ ပင်လယ်ဒေသ အတွင်း၌ ရေစိမ်ရသကဲ့သို့ အထူးနှစ်သက်ကြကြောင်း သိရသည်။ ထို့နောက်တွင် အဆိုပါ မြို့ငယ်လေးသည် ၁၉၈၅ခုနှစ် ၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဆောင်းဦးရာသီ အတွင်း၌ မိုးသက်မုန်တိုင်း ကျရောက်မှုကြောင့် ဆားငန် ရေကန်မှာ နစ်မြုပ် သွားခဲ့ရကာ ယခုလတွင်မှ ပြန်လည် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Source: AP


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့