Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 May 2013

ဆီးဂိမ်းအကြို လှုံ့ဆော်မှု အဖြစ် Free Show ပြုလုပ် သွားမည်


လာမယ့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံမှာ ကျင်းပ သွားမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အတွက် ရည်ရွယ်ပြီး ဆီးဂိမ်း
အကြို လှုံ့ဆော်မှု Free Show ပြုလုပ်သွားဖို့ စီစဉ်လျက် ရှိတယ်လို့ ADMA Media မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဆီးဂိမ်းအကြို လှုံ့ဆော်မှု ပွဲကိုတော့ မေ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၃ ရက် တိုင် ရန်ကုန်မြို့ ပြည်သူ့ ဥယျာဉ်မှာ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

အခုလိုပြုလုပ် ရာမှာလည်း မိုးမိုး၊ နောနော်၊ သအို၊ ကောင်းကောင်း၊ အိုင်းရင်း ဇင်မာမြင့်၊ မြင့်မြတ်၊ သျှီ၊ ဇမ်နူး၊ မို့မို့လွင် အစရှိတဲ့ နာမည်ကျော် တေးသံရှင်တို့ရဲ့ ဖျော်ဖြေမှုများ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်  နိုင်ငံကျော် သရုပ်ဆောင် များဖြစ်ကြတဲ့ လူမင်း၊ ဖြိုးငွေစိုး၊ အောင်ရဲလင်း၊ ကောင်းပြည့်၊ ဖွေးဖွေး၊ နန်းစုရတီစိုး၊ အေးမြတ်သူ၊ နန်းခင်ဇေယျာ၊ ၀ါဆိုမိုးဦး စတဲ့ သရုပ်ဆောင်တွေ ပါဝင်တဲ့ Game အစီအစဉ်များ အပြင် ဈေးရောင်း ပွဲတော်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မေလ ၁၈ ရက်နေ့ မှာလည်း ဖိုးချစ်ရဲ့ ဇာတ်သဘင် ကပြမှု ပါဝင်မှာ ဖြစ်ပါတယ်။ အဆိုပါပွဲ ကိုတော့ မေလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ အထိ နံနက် ၉ နာရီမှ ည ၁၁ နာရီ အထိဈေးရောင်း ပွဲပြုလုပ် သွားမှာ ဖြစ်ပြီး ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ ဖျော်ဖြေမှုတွေ ကျင်းပ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့