Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 May 2013

အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး အတွက် KOICA မှ အမေရိကန် ဒေါ်လာ ၂.၃ သန်း ကူညီပေး သွားရန်ရှိ


မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ စိမ်းလန်း စိုပြေရေး အတွက် ကိုရီးယား နိုင်ငံမှ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ KOICA မှ အမေရိကန်
ဒေါ်လာ ၂.၃ သန်း ကူညီ ထောက်ပံ့ပေး သွားမှာ ဖြစ်တယ်လို့ KOICA မှ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ပြည်တွင်းရဲ့ အပူပိုင်း ဒေသတွေဖြစ်တဲ့ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦး မြို့နယ် အပူပိုင်း ဇုန်ရှိ သစ်တောများ ပြန်လည် ပြုစု ပျိုးထောင်ခြင်းနဲ့ သောက်ရေ သုံးရေ ရရှိရေး အတွက် ကူညီပေး သွားမှာ ဖြစ်ပြီး ဒီလို ထောက်ပံ့မှုတွေ ပြုလုပ် လာတာဟာ ၂၀၀၈ ခုနှစ် ကတည်းက စတင် ပြုလုပ် လာတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုလို ငွေကြေး ထောက်ပံ့မှု များကို တောင်ကိုရီးယား နိုင်ငံ အစိုးရ ကိုယ်စား KOICA နဲ့ မြန်မာနိုင်ငံမှ အစိုးရနဲ့ နှစ်နိုင်ငံ ကိုယ်စားလှယ် များက မကြာမီ သဘော တူညီ လက်မှတ် ရေးထိုးကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယား နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ KOICA ဟာ မြန်မာနိုင်ငံမှာ အခြား စီမံကိန်း များဖြစ်တဲ့ စက်မှု လက်ယာ လုပ်ငန်း စီမံကိန်း၊ ပို့ဆောင်ရေး ကွန်ရက်များ ဖွံ့ဖြိုးရေး စီမံကိန်းများ စတဲ့ စီမံကိန်း ၅ ခု တို့မှာလည်း အကူအညီ အထောက်အပံ့များ ပေးသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့