Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 14 May 2013

ဆန်တင်ပို့ရန် ကိုယ်ပိုင် ဆိပ်ကမ်း တစ်ခု Mapcoမှ တည်ဆောက် သွားမည်


ဆန်စပါး လုပ်ငန်းရှင် အများစုနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင် Mapco ဟာ ဆန်တင်ပို့တဲ့ ဆိပ်ကမ်း တစ်ခုကို
ကိုယ်ပိုင် တည်ဆောက် သွားမှာ ဖြစ်တယ်လို့ Mapco မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဆိပ်ကမ်းကို သီလ၀ါ ဆိပ်ကမ်းမှာ တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆန်တင်ပို့တဲ့ ဆိပ်ကမ်း တည်ဆောက်ဖို့ အတွက် အစိုးရက ခွင့်ပြုပြီး ဖြစ်ပြီး အခုလက်ရှိ မှာတော့ ဆိပ်ကမ်း တည်ဆောက်ဖို့ အတွက် တိုင်းတာမှုတွေ စတင် ဆောင်ရွက် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆန်တင်ပို့တဲ့ ဆိပ်ကမ်း ကိုတော့ လာမယ့် ၂၀၁၅ မှာ အပြီး တည်ဆောက် သွားမှာပဲ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်ရ တာဟာ ဆန်တန်ချိန် တစ်သန်းခွဲ လောက်ပို့ရပါက ဆိပ်ကမ်း တစ်ခုထဲက မနိုင်မှာစိုးတဲ့ အတွက် တည်ဆောက် ရတာ ဖြစ်တယ်လို့ သိရပါတယ်။ အခု လက်ရှိ ဆန်တင်ပို့မှုကို သီလ၀ါ ဆိပ်ကမ်းက တဆင့် အများဆုံး တင်ပို့မှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ အခု ဆောက်လုပ် သွားမယ့် ဆိပ်ကမ်းမှာ အရည်အသွေး ထိန်းတဲ့ ပြန်လည် သန့်စင်နိုင်တဲ့ စက်တွေပါ ထည့်ပြီး တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့