Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 May 2013

၂၀၁၃ ခုနှစ် MFF ရှုံးထွက်ဖလား ကျင်းပပြုလုပ်မည် မဟုတ်


မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိ သူများဟာ ယခုနှစ်တွက် MFF ရှုံးထွက် ဖလား ပြိုင်ပွဲကို ကျင်းပ ပြုလုပ်မည် မဟုတ်ကြောင်း ထုတ်ပြန်
ကြေညာခဲ့ ပါတယ်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ MFF ရှုံးထွက် ဖလားပြိုင်ပွဲကို ၂၀၁၁ ခုနှစ်က စတင် ကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ် မှာတော့ ဆီးဂိမ်း ပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းကို အထောက်အကူ ဖြစ်စေဖို့ အတွက် ကျင်းပ ပြုလုပ်ခြင်း မပြုတော့ကြောင်း သိရှိရပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ၉.၅.၂၀၁၃ နေ့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ လိဂ်ကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိ သူများနဲ့ နေရှင်နယ်လိဂ် အသင်းများမှ တာဝန်ရှိ သူများက ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲ စတင် ကျင်းပခဲ့စဉ် ကတော့ မြန်မာ နေရှင်နယ် လိဂ်ပြိုင်ပွဲဝင် ကလပ် အသင်းများသာ ရှုံးထွက် အဆင့်နဲ့ ကစားခဲ့တာ ဖြစ်ပြီး မနှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာတော့ အခြားကလပ် အသင်း များလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ ဆီးဂိမ်းပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မယ့် မြန်မာယူ-၂၃ လက်ရွေးစင် အသင်းမှာ ပါဝင်မယ့် ကစားသမားများ ဒဏ်ရာ အနာတရ ကင်းစင်ပြီး ကျင်းပချိန် ပိုမို ရရှိစေဖို့ အတွက် ယခုနှစ် MFF ရှုံးထွက်ဖလား ပြိုင်ပွဲကို မပြုလုပ်ဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

MFF ရှုံးထွက်ဖလား ပြိုင်ပွဲကို ကျင်းပခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့ တာကြောင့် ယခုနှစ် မြန်မာ နေရှင်နယ်လိဂ် ရာသီကုန် အမှတ်ပေး ဇယား ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အသင်း တစ်သင်းနဲ့ အမှတ်ပေး ဇယား ဒုတိယ နေရာမှာ ရပ်တည်နိုင်မယ့် အသင်း တစ်သင်းဟာ လာမယ့်နှစ် AFC Cup ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျင်းပ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲ မှာတော့ ရန်ကုန် ယူနိုက်တက် အသင်းက ဗိုလ်လုပွဲမှာ ဧရာဝတီ ယူနိုက်တက် အသင်းကို အနိုင်ရရှိပြီး လက်ရှိ ချန်ပီယံ အဖြစ် ရပ်တည် နေကြောင်း သိရှိရပါတယ်။ MFF ပထမဆုံးပြိုင်ပွဲ ကျင်းပခဲ့တဲ့နှစ် မှာတော့ ဥဿာ ယူနိုက်တ် အသင်းက ဗိုလ်စွဲခဲ့ပြီး ဒုတိယ တစ်ကြိမ်အဖြစ် ကျင်းပခဲ့တဲ့ ပြိုင်ပွဲ မှာတော့ ဧရာဝတီ ယူနိုက်တက် အသင်းက ဗိုလ်စွဲနိုင် ခဲ့ကြောင်း သိရှိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့