Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 May 2013

ဈေးသက်သာသော ဖုန်းများ ရောင်းချနိုင်ရန် Nokia မှ Software ထုတ်ဖေါ်ပြသ


အိန္ဒိယ နိုင်ငံကဲ့သို့ ကြီးထွားလာသော ဈေးကွက်များတွင် ဈေးသက်သာသော ဖုန်းများ ရောင်းချနိုင်ရန် ပြန်လည် ကြိုးစားလာသော Nokia Oyj (NOK1V) သည်
၎င်း၏ Asha အမည်ရှိ ကိရိယာများပေါ်တွင် တပ်ဆင် မောင်းနှင်နိုင်မည့် software အသစ်တစ်ခုနှင့် မိမိ၏ လက်ကိုင်ဖုန်းများမှတဆင့် Facebook ကို အခမဲ့ အသုံးပြုနိုင်စေမည့် သဘောတူညီမှု တစ်ခုတို့ကို ထုတ်ဖေါ်ပြသခဲ့သည်။

Asha platform ဟု ခေါ်သော ၄င်း software သည် လွန်ခဲ့သော တစ်နှစ်ခန့် ကာလ တစ်ခုတည်းတွင် ရောင်းချခဲ့ရသည့် အလုံးရေ သန်း (၃၀၀) ခန့်ရှိသော ဖုန်းများတွင် တပ်ဆင်ထားသော S40 ပရိုဂရမ်ဟောင်းကိုပင် ပြန်လည် မွမ်းမံထားခြင်း ဖြစ်သည်။ အသစ် ပြင်ဆင်ထားသော softwar ကို Asha 501 အမည်ရှိ လက်ကိုင်ဖုန်းသစ်တွင် ပထမဦးဆုံး တွေ့မြင်နိုင်မည် ဖြစ်ကာ ၊ multitasking ပြုလုပ်နေစဉ် အတွင်း အသုံးပြုသူအား screen တစ်ခုမှ တစ်ခုသို့ လက်ဖြင့် ပွတ်ဆွဲ ကူးပြောင်းနိုင်စေမည် ဖြစ်ပြီး၊ Nokia ၏ Lumia ကဲ့သို့ နည်းပညာ မြင့်မားသည့် ဖုန်းများနည်းတူ အဆင့်မြင့်မြင့် အသုံးပြုနိုင်မည့် ဈေးသက်သာသော ဖုန်းမျိုး ဖြစ်လာမည် ဖြစ်သည်။

http://www.bloomberg.com/news/2013-05-09/nokia-unveils-software-to-boost...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့