Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 May 2013

ပြည်တွင်းမှာ ပထမဆုံး အနေနှင့် Nortan Antivirus Software ကိုယ်စားလှယ် ထားရှိခဲ့


မေလ ၈ ရက်နေ့က Trader Hotel မှာ Nortan Antivirus Softwareမှ တရားဝင် ကိုယ်စားလှယ် အဖြစ် KMD Computer Group အား ပေးအပ်တဲ့
အခမ်းအနားကို ပြုလုပ်ခဲ့ ပါတယ်။  ကွန်ပြူတာ အပြင် ဖုန်းတွေမှာပါ အသုံးပြုနိုင်တဲ့ အဆိုပါ Nortan Software ကို Symantec ကုမ္ပဏီမှ ထုတ်လုပ် ထားတာဖြစ်ပြီး အမေရိကန် အခြေစိုက် ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပွင့်လင်း လာတဲ့ အချိန်မှာ ခေတ်မီ အဆင့်မြင့် နည်းပညာ များစွာ ပေါ်ထွက် လာပြီဖြစ်တဲ့ အပြင် မလိုလား အပ်တဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းအတွင်းမှာ အခုလို ဗိုင်းရပ်စ် သတ်တဲ့ ဆော့ဖ်ဝဲလ် တွေကို အသုံးပြု သင့်တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အခုလို Norton Antivirus Software ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လက်ရှိမှာ အသုံးပြုသူပေါင်း ၁၅၀ မီလီယံ ရှိတာ ဖြစ်တယ်လို့ သိရပြီး ၂၀၀၀ ခုနှစ်ထဲက စတင်ပြီး အသုံးပြု မှုတွေရှိ ခဲ့တာ ဖြစ်တယ် လို့လည်း သိရှိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့