Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 May 2013

လာမယ့် သြဂုတ်လတွင် Sea Game သီချင်း အယ်လ်ဘမ် ထွက်ရှိ သွားမည်


၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အတွက် Sea Game သီချင်းအယ်ဘမ်ကို လာမယ့် သြဂုတ်လ အတွင်း ထွက်ရှိ သွားမှာ
ဖြစ်တယ်လို့ ADMA Media မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ သီချင်း အယ်ဘမ် မှာတော့ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ သီချင်းများ ပါဝင်မှာ ဖြစ်ပါတယ်။

အဲ့ဒီ အယ်ဘမ် မှာတော့ လေးဖြူ၊ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်း လှိုင်၊ ဂျေမီ၊ ရဲလေး၊ ဖြူဖြူကျော်သိန်း၊ Big Bag ၊ ၀ိုင်းစုခိုင်သိန်း၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ L ဆိုင်းဇီ အစရှိတဲ့ နိုင်ငံကျော် အဆိုတော် တွေမှ ပါဝင်သီဆို ထားပြီး သီချင်း အပုဒ်ရေ ၁၄ ပုဒ် ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Sea Game သီချင်း အယ်လ်ဘမ်ကို လာမယ့် သြဂုတ်လ ၂၃ ရက်နေ့မှာ ထွက်ရှိ သွားမှာ ဖြစ်ပြီး ဖြန့်ချိမှု ကိုတော့ ADMA Media မှ ဖြန့်ချိ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့