မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ၀ပြည် သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့က အနာဂတ်မှာ သီးခြား ပြည်နယ်တစ်ခု ရရှိရေး အာမခံပေးဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို တောင်းဆို လိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီး ၀ပြည်နယ် သတ်မှတ်ပေးဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ တာဝန်ရှိသူတွေ ကို တောင်းဆိုလိုက်တာပါ။ လက်နက်ကိုင်အင်အား အတောင့်တင်းဆုံး ၀တပ်ဖွဲ့နဲ့ မြန်မာအစိုးရတို့ ကြား ဆွေးနွေးနေတဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေ (မြန်မာပိုင်း) သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။
ဦးသိန်းဇော် ခေါင်းဆောင်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး တာဝန်ရှိသူတွေနဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP က ဒုဥက္ကဌ လျှောက်မီလျံ နဲ့ ပေါက်ယိုယီ တို့ ဦးဆောင်တဲ့ အဖွဲ့တို့ဟာ ၀အဖွဲ့ အခြေစိုက်ရာ ပန်ဆန်းမြို့မှာ တွေ့ဆုံချိန် သူတို့ရဲ့ အနာဂတ် ရပ်တည်ရေးကိစ္စတွေအတွက် အဓိကအာရုံစိုက် ဆွေးနွေးခဲ့တာ ဖြစ်ပါ တယ်။ ဒီဆွေးနွေးပွဲမှာ ၀အဖွဲ့က အလေးထားတင်ပြတဲ့အချက်တွေကို UWSP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က အခုလို ပြောပါတယ်။
“အခု နိုင်ငံတော်မှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပြီ။ ၂၀၀၈ အခြေခံဥပဒေဟာ ဆိုလို့ရှိရင် အရင်က အခြေအနေအပေါ်မှာ အခြေခံပြီး ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဖြစ်တယ်။ အခု ပြောင်းလဲလာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေစွာပေါ့ အခြေခံဥပဒေကို ပြုပြင်ရေးဆွဲဖို့ လိုအပ်တယ်။ ပြင်ဖို့လိုအပ်တဲ့အထဲမှာပဲ ကျနော်တို့ ၀တိုင်းရင်းသားတွေ တင်ပြဆွေးနွေးနေတဲ့ တောင်းဆိုနေတဲ့ ၀ပြည်နယ်ရရှိရေး ဆိုတာကိုလည်း ထည့်သွင်းစဉ်းစား။ ထည့်သွင်းပြုပြင်သွားဖို့ လိုအပ်တယ် ဆိုတာကိုလည်း ဆွေးနွေးတယ်လေ။ ပြည်နယ်အဆင့် သတ်မှတ်ရေးပေါ့။ ဒါလေးကို ဦးစားပေးပြီး ပြောပါတယ်။”
ဆွေးနွေးပွဲမှာ တင်ပြတဲ့ အခြားအချက်တွေကတော့ ၀အဖွဲ့က ပြည်ထောင်စုက ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေး တောင်းဆိုမှာ မဟုတ်ကြောင်း၊ တိုင်းရင်းသားတွေကြားက နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့နဲ့ စစ်ရေးနည်းအရ ဖြေရှင်းတာကို ကန့်ကွက်ကြောင်း ဆိုတာတွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထဲ တွေ့ဆုံချိန်မှာ UWSP က တင်ပြခဲ့တာကို ဦးသိန်းဇော်နဲ့အဖွဲ့က အထက်ကို ဆက်လက် တင်ပြသွားမယ်လို့ တုံ့ပြန်ထားပါတယ်။
ဦးသိန်းဇော်တို့နဲ့ ၀ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ တရုတ်ကနေ ၀အဖွဲ့ကို အဆင့်မြင့် စစ်ရဟတ်ယာဉ်တွေ အပါအ၀င် လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ပါတယ်။
နာမည်ကျော် စစ်ဘက်ဆိုင်ရာ စာစောင်တစ်ခုဖြစ်တဲ့ Jane’s Defense Weekly က ဒုံးလက်နက်တွေပါဝင်တဲ့ စစ်ရဟတ်ယာဉ်တွေ ပေးပို့ခဲ့တဲ့အကြောင်း မကြာသေးခင်က ဖော်ပြခဲ့တာကို နှစ်ဘက်တာဝန်ရှိသူတွေ အလွတ်သဘော ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ဦးအောင်မြင့်က ပြောပြပါတယ်။
“ဒီကိစ္စဟာ သူတို့ပြောတာက အခြေအမြစ် မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ ကျနော်တို့ တကယ်ကိုပဲ လော (Lao) ကနေပြီးတော့ ရဟတ်ယာဉ်တစ်စီးဝယ်တယ်။ ဖော်ကာ တစ်စီးဝယ်တယ်။ နောက်သင်္ဘောလေး တစ်စီးဝယ်ထားတယ်။ ကျနော်တို့ဆီကို ကားနဲ့တင်လာတယ်။ ဘာလုပ်ဖို့လဲ၊ ဘာလို့ ၀ယ်လဲဆိုတော့ ကျနော်တို့ မိုင်းပေါက်ဒေသမှာ သဘာဝဥယျာဉ်တစ်ခု တည်ထောင်ဖို့ စီမံထားတယ်။ လုပ်လည်း လုပ်နေတယ်။ ဒီတော့ သဘာဝဥယျာဉ်ကို လုပ်ပြီးတဲ့အခါမှာ ဒေသက အရပ်သားတွေ လေယာဉ်ပျံဆိုတာ ဘာလဲ မတွေ့ဖူးဘူး၊ သင်္ဘောဆိုတာ ဘာလည်း မတွေ့ဖူးဘူး။ ဒါကြောင့် သူတို့တွေ တွေ့ရအောင်လို့ ၀ယ်လာတာဖြစ်တယ်။ ကျနော်တို့ အင်တာနက်မှာ ဒီပုံတွေ အကုန်လုံး ပြန်ပြီး ဖော်ပြထားပါတယ်။ ဦးသိန်းဇော်ဆိုရင် ဓာတ်ပုံလည်း ပေးလိုက်ပါတယ်။”
လောနိုင်ငံကတဆင့် သယ်ယူလာတဲ့ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေဟာ အင်ဂျင်မပါကြောင်းနဲ့ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆီကိုလည်း အဲဒီဓာတ်ပုံတွေကို ဦးသိန်းဇော်ကတဆင့် ပေးပို့ခဲ့ကြောင်း ဦးအောင်မြင့်က ဆက်ပြောပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/ UWSA ဟာ ၁၉၈၉ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ စစ်အစိုးရက ဖိအားပေးခဲ့တာကြောင့် နှစ်ဘက်တင်းမာမှုတွေ ဖြစ်ခဲ့ပေမဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ် ဖွဲ့စည်းပြီးချိန်မှာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် စောင့်ထိန်းဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။
လောလောဆယ်မှာတော့ UWSA အဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာတော့ အင်အား အတောင့်တင်းဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။
ကိုမိုးဇော် (ဗွီအိုအေ)
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Tuesday 14 May 2013
ဝပြည်ထူထောင်ခွင့်ရရေး UWSA တောင်းဆို
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
May
(781)
- မကျေနပ်တဲ့ သံယောဇဉ်'
- ဟာသပုံလေးတွေ'
- ဟာသလေးများ...'
- Android Applications 20 in 1
- နောက်ကျချစ်ခွင့်” '
- အီရတ်နိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွ...
- အိုဘားမားနှင့်တွေ့ဆုံမှုမှ ရလဒ်ကောင်းများရရှိရန် တရ...
- တောင်ကိုးရီးယားနိုင်ငံရှိ အရာရှိများမှ မိမိတို့၏ ပ...
- ဂျပန် ANA လေကြောင်းလိုင်းမှ ဘိုးရင်း 787 လေယာဉ်မျာ...
- အသင်းပရိသတ်များကို မျက်ရည်ဖြင့် နှုတ်ဆက်ခဲ့သည့် နေမာ
- ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်ခဲ့သည့် လီဝမ်ဒေါ့စကီး
- အဖွင့်ပွဲစဉ်ကို အနိုင်ဖြင့် စတင်နိုင်ခဲ့တဲ့ နာဒယ်
- လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရသည့် ...
- မက္ကဆီကိုနိုင်ငံတွင် မြေပြိုမှုဖြစ်ပွားခဲ့
- ဗီဇာကတ် သုံးစွဲနိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ...
- ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်တုံးပေါင...
- လာမည့် ဇွန်လကုန်တွင် အမှိုက်သိမ်းယာဉ် ၄၂ စီး ထပ်မံေ...
- ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို မွေးမြူရေး လုပ...
- ဓာတ်ငွေ့တာဘိုင် လျှပ်စစ်ဓာတ်အားပေး စက်များ ပြုပြင်...
- ပြည်တွင်းရှိ လေယာဉ်များအား Safety ပိုင်းနှင့် လြုံ...
- ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အာဇာနည် ဗိမာန်ကို ပုံမှန်ဖ...
- မိုးတွင်းကာလတွင် မော်တော်ယာဉ်များ သတိပြု မောင်းနှင...
- ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်မှု ၅ နှစ်ပြည့...
- ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်...
- မကွေးတိုင်းအတွင်း လယ်သိမ်းခံရသူများကို လျော်ကြေးပေ...
- ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်
- သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး
- လားရှိုး ယနေ့ အခြေအနေ
- လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား
- လားရှိုးမြို့ မှာ ယနေ့  အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွ...
- လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်
- ဆန္ဒပြအလုပ်သမားများကို ထိုက်သင့်သောလစာပေးရန် ဦးမြင့...
- ကျောင်းအပ်စဉ် အလှူငွေကောက်ခံမှုကြောင့် အုပ်ချုပ်ရေး...
- ဒေါ်လာကြောင့် ကုန်စည်ဈေးတက်
- တရုတ်ဆန်များတွင် ကက်ဒ်မီယံဓာတုပါဝင်မှု မြင့်မားနြေေ...
- မြေသိမ်းမှု၊ လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်ပြီး ကရင...
- ဇွန်လ (၁) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ် V...
- မေလ(၂၈)ရက်နေ့ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁...
- မေလ(၂၈)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ ...
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် ကြေးမုံ နေ့ စဉ်
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် မြ၀တီ နေ့ စဉ် သတ...
- ငါးမန်းကိုက်ကြသူများ
- စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်...
- ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့...
- လားရှိုးမြို့ခံအမျိုးသမီး မီးရှို့ခံရမှုအကြောင်းပြ...
- အရှေ့တောင်အာရှ လိင်ကျွန်များဘဝ
- မနေ့ ညပိုင်းက အဓိကရုန်း ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို...
- လားရှိုးတွင် ပဋိပက္ခဖြစ်၊ အဆောက်အအုံနှင့်ဆိုင်ခံများ...
- မေလ(၃၁)ရက်နေ့ ထုတ် The Hot News Weekly Journal Vol...
- မေလ(၂၇)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ် သတင်းစာ အတွဲ...
- မေလထုတ် Star Focus Magazine Vol 1 Issue 5
- လားရှိုး ဆူပူမှု ဗလီနှစ်လုံး မီးလောင်
- လားရှိုးမြို့ မှာ ဇနီးသည်ကို ဓါတ်ဆီလောင်ပြီး မီးရှို...
- ထားဝယ်တက္ကသိုလ်အနီး ကျေးရွာရှိ ဆိုင်နှင့် လူများကို...
- ဆီအုန်း၊ ရာဘာနှင့် ပုဂ္ဂလိကစိုက်ခင်းများမစိုက်ဘဲြေ...
- အရည်အသွေးမမီ မြန်မာ့ဆန် ကင်မရွန်းဖျက်ဆီး ကိစ္စ စုံစ...
- » လေယာဉ်သစ်များ ဝယ်ယူပြေးဆွဲရန် သမ္မတညွှန်ကြား
- ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆွဲကြိုးလု
- မဟာသမယသုတ် (မြန်မာပြန်)
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၂
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁
- * * * * * မထင်နဲ့ * * * * *
- အနာထပိဏ် နဲ့ ၀ိသာခါ…
- ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..
- မျှော်လင့်ရင်းဝေး...
- ကံပြုတဲ့နေရာက စေတနာ
- ချစ်သူအတွက်
- ထူးဆန်းထွေလာပုံလေးများ
- ရှင်ရာဟုလာနဲ့ တံမြက်စည်း'
- မြစ်ဆုံနှင့် ယုဇန စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရန်...
- ဒီပဲယင်းဆယ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကြည်ရွ...
- » စံပြကျေးရွာပြောင်းသူများ အခက်ကြုံတွေ့
- ဘန်ကောက်မြို့ Like Jeans စက် ရုံမှမြန်မာရွှေ့ပြောင်...
- လက်ပတ်ကြိုးများဖြင့် အမျိုးသမီးနှင့် လူငယ်များကို ...
- အမေရိကန်စစ်ဘက် F-15 တိုက်လေယာဉ် ဂျပန်ကမ်းလွန်တွင် ...
- တကိုယ်တော် ဆန္ဒပြတဲ့ သရုပ်ဆောင်ရဲတိုက်ကို ရဲများ ခေ...
- အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ...
- ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုချက် အစိုးရ ကန့်...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ ...
- ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြ၀တီ နေ့ စဉ် သတင်းစာ
- မေလ (၂၆)ရက်နေ့ ထုတ် Reporter News Journal Issue 21
- မေလ (၂၇)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ ၁၃...
- မေလ(၂၈)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ (၁၆)၊...
- ရေထိန်းတံခါးကြီး(၃)စင်းကြောင့် တောင်သူ လယ်သမားတွေ ...
- သူပုန်တွေ လက်ချက်နဲ့ ဖိလစ်ပိုင် ရဲတွေ သေဆုံး
- မြန်မာနိုင်ငံ သောက်သုံးရေ ရရှိဖို့အတွက် အမေရိကန်ကူညီ
- မေလ(၂၃)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၇၁
- မေလ(၂၃)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် ၆၉
- မေလ(၂၂)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှ...
- မေလ (၂၀)ရက်နေ့ ထုတ် ဈေးဝယ်လမ်းညွန် အတွဲ(၃) အမှတ်...
- မေလ(၃၀)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၉)
- ဖားကန့်မြို့နယ်မှာ ရေမဆေးကျောက်သမားတွေကို ဖမ်းဆီး
- မေလ(၃၀)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ်...
- ဈေးချိုကို ဘယ်သူဖျက်တာလဲ
- မာန်အောင်ကျွန်းမှ မြေ ၃၇၈၀၀ ဧကကို မြေလွှတ်မြေရိုင်း...
- မန္တလေးနန်းတွင်းကြီး ပြည်သူ့အတွက် တကယ်ဖြစ်မှာလား
-
▼
May
(781)
No comments:
Post a Comment