Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 August 2013

မုံရွာမြို့တွင် သံဃာတပါး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ

မုံရွာမြို့ ဇောတိက ကျောင်းတိုက် အတွင်းရှိ၊ ရတနာမုနိစေတီတော်ရှေ့ ရဟန်း တစ်ပါးမီးလောင်မှုဖြစ်ပွား။ ယနေ့(8.8.2013)ရက်နေ့ နံက်ပိုင်းတွင် ဇောတိကကျောင်းတိုက်အတွင်းရှိ ရတနာမုနိ စေတီတော်ရှေ့တွင် မီးလောင်ကြွမ်း၍ သေဆုံးနေသော ရဟန်းတစ်ပါး၏ အလောင်းကို တွေ့ရှိရကြောင်း၊ အချိန်နံက်(03း00)နာရီခန့်တွင် သေဆုံးမှုဖြစ်ပွားသည်ဟု ခန့်မှန်းရကြောင်း၊ အနီးတွင် အယ်ပိုင်းဓါတ်ဆီဗူးခွန်တစ်ခုနှင့် မီးချစ်တစ်လုံးကိုတွေ့ရှိရကြောင်း သတင်းရရှိသည်။ ဓါတ်ပုံ - သော်က(မုံရွာ) ThanLarWaddy Times မုံရွာမြို့ ဇောတိကကျောင်းတိုက်က သံဃာတော်ပါး ဒီကနေ့ မနက်ပိုင်းက ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေသွားတယ်လို့ မုံရွာမြို့အမှတ် ၂ ရဲစခန်း ရဲအုပ် မောင်မောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

မီးရှို့သတ်သေတဲ့ သံဃာဟာ သက်တော် ၂၄ နှစ်၊ ၀ါတော် ၄ ၀ါရှိတဲ့ ဦးဇင်းသုတရဖြစ်ပြီး မီးရှို့သတ်သေတဲ့အနီးမှာ စာတဆောင် ရေးထားခဲ့တယ်လို့ ရဲအုပ်မောင်မောင်မြင့်က ပြောပါတယ်။

“၃ နာရီခွဲလောက်မှာ မီးရှို့တာ။ သူရေးခဲ့တဲ့ စာလေးတွေတော့ ရှိပါတယ်။ ဘာကြောင်းကြောင်းမှာ မဟုတ်ဘူး။ သူက ဘုရားရှင်ကို ပူဇော်တာပေါ့။ သူ့ကိုယ်ကို ဆီလောင်းမီးရှို့ပြီး ဘုရားရှင်ကို ဆီမီး ပူဇော်တာပေါ့။ အဲဒီလိုရေးထားတယ်။ သူခုလို ပြုတဲ့ ကောင်းမှု ကုသိုလ်အတွက် သာဓုခေါ်ဖို့အတွက်ဆိုပြီး အဲဒီလိုရေးတယ်။”

ပျံလွန်တော်မူသွားတဲ့ ဦးဇင်းသုတရရဲ့ ရုပ်ကလပ်ကို မုံရွာပြည်သူ့ဆေးရုံမှာ စစ်ဆေးမှုတွေ လုပ်ဆောင်မှာဖြစ်ပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့