Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 August 2013

စစ်တွေမြို့တစ်မြို့လုံးလျှပ်စစ်မီးဖြတ်တောက်ထား

 ရခိုင်ပြည်နယ် စစ်တွေမြို့တစ်မြို့လုံးကို လျှပ်စစ်မီး ပေးနေသော ဖိုးသီးချို ကုမ္ပဏီက(၂၀၁၃)ခုနှစ်သြဂုတ်လ(၈)ရက် နံနက်ပိုင်းတွင် လျှပ်စစ်မီးဖြတ် တောက်ထားကြောင်း သိရသည်။

ယခုလို မီးဖြတ်တောက်ရခြင်းသည် (၂၀၁၃)ခုနှစ်သြဂုတ်လ(၇)ရက်နေ့က ကျင်းပသောညှိနှိုင်းအစည်းအဝေးတွင် စစ်တွေမြို့တွင် လျှပ်စစ်မီးသုံးစွဲခကို ယခင်က တစ်ယူနစ်ကို (၄၆၀)ကျပ်ကောက်ယူခဲ့ရာက ဓါတ်ဆီဈေး တက်ခြင်းကြောင့်လျှစ်စစ်မီး သုံးစွဲခ တစ်ယူနစ်ကို(၄၈၀)ကျပ်အထိ တိုးကောက် မည်ဖြစ်ကြောင်း မြို့ပေါ်ရပ်ကွက် အသီးသီးကရပ်ကွက် လူကြီးများကို ဖိတ်ခေါ်ကာဖိုးသီးချို ကုမ္ပဏီအပါအဝင်မီးပေးသော ကုမ္ပဏီများမှ တာဝန်ရှိသူများက ပြောကြား ခဲ့သည်။

တက်ရောက်လာကြသော မြို့ခံများက ကန့်ကွက်ကြရာ(၂၀၁၃) ခုနှစ်သြဂုတ်လ(၈)ရက်နေ့ညနေပိုင်းတွင် ပြည်နယ် အစိုးရအဖွဲ့၏ ညိုနှိုင်းမူကြောင့် ညနေပိုင်း၌ မီးပြန်ပေးပြီး မီတာသုံးစွဲခတိုးမြှင့်ကောက်ယူခြင်းနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရအဖွဲ့နှင့် ဖိုးသီးချို ကုမ္ပဏီတို့ ဆက်လက်ညှိနှိုင်း
မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့