Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 August 2013

ထိုင်ခုံပေါ်တွင် စနစ်တကျ ထိုင်၍ လိုက်ပါခြင်း မရှိသော ခရီးသွားများ ဘေးအန္တရာယ် ဖြစ်ပေါ်နိုင်

 စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့သို့ နေ့စဉ် ဖြတ်သန်း ခုတ်မောင်းလျက် ရှိသော ခင်ဦး-မုံရွာ ခရီးသည်တင် လော်ကယ် ရထားကြီးပေါ်၌စီးနင်း လိုက်ပါလာသော ခရီးသည် အချို့သည် ထိုင်ခုံများ ပေါ်တွင် စနစ်တကျ ထိုင်၍ လိုက်ပါခြင်း မရှိဘဲ ခရီးသည်များအတက်၊ အဆင်း ပြုလုပ်သည့် တံခါးမကြီး အဝ၌ ထိုင်၍ လိုက်ပါနေသဖြင့် ဘေးအန္တရာယ် ဖြစ်ပေါ် လာမည်ကို စိုးရိမ်လျက် ရှိကြောင်း ဗိုလ်အောင်ဇေယျ ရပ်ကွက်နေ ရပ်မိရပ်ဖ တစ်ဦးက ပြောကြားခဲ့သည်။

''ထိုင်ခုံအလွတ်တွေ အမြောက်အမြား ရှိတာတောင် စနစ်တကျ ထိုင်ပြီး မလိုက်ချင်ကြဘူး။ အပေါက်ဝမှာပဲ ဖြစ်သလို ထိုင်ပြီး လိုက်နေကြတာပါ။ အကယ်၍များ လမ်းချော်လို့ ယိမ်းထိုး သွားခဲ့ရင် အဲဒီလို ခရီးသည်တွေ အတွက် အလွန်အန္တရာယ် များပါတယ်။'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မီးရထားကြီးများ ခုတ်မောင်း သွားလာနေစဉ် စီးနင်း လိုက်ပါသူများသည် ထိုင်ခုံများပေါ်၌ စည်းကမ်းတကျ ထိုင်၍ လိုက်ပါခြင်းမရှိဘဲ အများသူငါ အတက်၊ အဆင်း ပြုလုပ်သော တံခါးပေါက် အဝတွင် လိုက်ပါ စီးနင်းမှုများကြောင့် မတော်တဆမှုများ ဖြစ်ပွားကာ အသက် ဆုံးရှုံးခဲ့ရသော ဖြစ်စဉ် များကိုလည်း သတင်းစာ၊ စာစောင်များနှင့် အပတ်စဉ်ထုတ် ဂျာနယ်များ၌ မကြာခဏ ရေးသား ဖော်ပြခဲ့ကြသော်လည်း ရထားစီး ခရီးသွား တချို့သည် ယခုထိတိုင် စနစ်တကျ ထိုင်၍ လိုက်ပါစီးနင်းခြင်း မရှိသေးကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့