Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 August 2013

ကျောက်မျက်လုပ်ကွက်တွင် မြေသားပြိုကျ၍ လူငါးဦး မြေပိသေဆုံး

 မိုးကုတ်မြို့နယ် ၊ ကျောက်ဆင်အုပ်စု ပန်းတောရွာ ရှိ မာစီဖူး ကျောက်မျက် ကုမ္ပဏီ လုပ်ကွက်(၁) ရှိ ပေ ၃၀၀ ကျယ်သည့် အင်းဗြဲ အတွင်း၌ သြဂုတ်လ ၇ ရက်နေ့ ညနေ ၃ နာရီခွဲ က အင်းလုပ်သား ၇ ဦး လုပ်ငန်း လုပ်ကိုင် နေစဉ် အမြင့်ပေ ၅၀၀ မှ မြေသားများ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြေပြိုမှုကြောင့် မိုးကုတ်မြို့နယ် ၊ လှည်းလမ်းရွာ နေ အော်ကျွန်း ၁၉ နှစ် (ဘ) ဦးကျော်လင်း ၊ လားရှိုးမြို့နယ် ၊ တာရမ်း ကျေးရွာနေ နန္ဒိယ ၂၇ နှစ် (ဘ) ဦးအိုက်ထွန်း နှင့် အာဖူး ၂၇ နှစ် (ဘ) ဦးလောက်ဒူး ၊ မိုးကုတ်မြို့နယ် ရေပူရပ်နေ ဂီးစိုး ၃၀ နှစ် (ဘ) ဦးကိုဘာဒူး ၊ မိုးကုတ်မြို့နယ် ဘော်ဓားရွာနေ နိဗေး ၃၀ နှစ် (ဘ) ဦးရှီကာအာဒူး တို့ ၅ ဦး မြေပိ သေးဆုံး သွားခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျပ်ပြင် နယ်မြေ ရဲစခန်း မှ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူ အော်ကျွန်းအား ဖော်ယူ ရရှိ၍ မိုးကုတ် ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း နှင့် ကျန် ၄ ဦးအား ဆက်လက် ဖော်ယူလျက် ရှိပြီး ဒုတိယ ရဲအုပ် ထွန်းဦး မှ တရားလို ပြုလုပ်၍ ကျပ်ပြင် နယ်မြေ ရဲစခန်း မှ သေမှုသေခင်း အမှတ် ၁၃/၂၀၁၃ ဖြင့် ရေးဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့