Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 7 August 2013

မြန်မာအတိုက်အခံတွေကို ထိုင်းကကူညီနေဟု မြန်မာစစ်တပ်ပြစ်တင်

ယမန်နှစ် ဩဂတ်စ်လက သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင်ကျင်းပသော ထိုင်း-မြန်မာ တိုင်းအဆင့် နယ်ခြားကော်မတီ အစည်းအဝေး ထိုင်း-မြန်မာ တိုင်းအဆင့် နယ်ခြားကော်မတီ အစည်းအဝေး RBC မှာ မြန်မာစစ်ဘက်ဆိုင်ရာ အာဏာ ပိုင်တွေက ထိုင်းလုံခြုံရေးအာဏာပိုင်တွေကို “အစိုးရအတိုက်အခံတွေကို ကူညီထောက်ပံ့တယ်” လို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ် (ဂျူလိုင်လ နှောင်းပိုင်း) က တိုင်းအဆင့် ထိုင်း- မြန်မာ နယ်ခြားကော်မတီ RBC အစည်းအဝေးကို ဖိတ်ပူးရီးခရိုင် ချအမ်းမြို့မှာ ကျင်းပခဲ့ရာမှာ မြန်မာဘက်က တာဝန်ရှိသူတွေ က အခုလို ပြစ်တင်ပြောဆို လိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်း လုံခြုံရေးအာဏာပိုင်တဦးက “ အခုလိုပြောလာတော့ အစိုးရနဲ့ စစ်တပ်ဟာ တယောက်တလမ်းစီသွားနေတယ်။ ကွဲနေတယ်လို့ မြင်တွေ့ရတယ်” လို့ သျှမ်း သံတော်ဆင့်ကိုပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC က အစည်း အဝေး ကျင်း ပ နေချိန် မြန်မာနိုင်ငံ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကလည်း အစိုးရကိုယ်စားလှယ်နဲ့ တွေ့ဆုံ ဖို့ ထိုင်းနိုင်ငံကနေ မြန်မာပြည်ပြန်ဖို့ စီစဉ်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ ABSDF ကိုယ်စားလှယ် မြန်မာ ပြည်ပြန် နိုင်ရေးအတွက် ထိုင်းနိုင်ငံ အတွင်းကနေ နယ်စပ်အထိသွားဖို့ ထိုင်းနိုင်ငံလုံခြုံရေး အာဏာပိုင်တွေကို ကူညီပေးဖို့တောင်း ဆိုခဲ့ပါတယ်။

“ကျနော်တို့ဆီ အကူအညီမတောင်းခင်က ABSDF က အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ UPWC ဆီကိုအရင် အကြောင်းကြားထားပြီးသားဘဲ။ အဲတာကို MPC က ဦးအောင်မင်းက ရန်ကုန်မှာရှိတဲ့  ထိုင်းသံရုံးဆီကိုသွား ရောက် အကူအညီတောင်းလို့ ကျနော်တို့ စီစဉ်ပေးရတာလေ။ အခု အစည်းအဝေးမှာ ကျနော်တို့ကို အဲလိုအပြစ်တင်လာတော့ နားကိုမလည်တော့ဘူး” – လို့ အဆိုပါထိုင်းအာဏာပိုင်က ဆက်ပြီးပြောပြပါတယ်။

မြန်မာအစိုးရ နဲ့ နယ်စပ်နေတိုင်းရင်းသားအဖွဲ့တို့ ထိုင်းနိုင်ငံအတွင်း ငြိမ်းချမ်းရေးဆွေး နွေးနိုင်ဖို့အတွက်လဲ – ကူညီပေးရန် အစိုးရကိုယ်တိုင်ရော ဦးအောင်မင်းကပါ အကူအညီ တောင်းဖူးတယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရ နဲ့ မြန်မာအစိုးရတို့ဟာ စစ်အစိုးရလက်ထက် ကတည်းက ‘ထိုင်း- မြန်မာ နယ်ခြားကော်မတီ’ဖွဲ့စည်းထားပြီး မြို့နယ်အဆင့် TBC အစည်းအဝေးကို ၃ လတကြိမ်  ၊ တိုင်းအဆင့်  RBC အစည်းအဝေးကို ၆ လ တကြိမ်၊ နိုင်ငံတော်အဆင့်  JBC  ကို ၁ နှစ် ၁ ကြိမ် ဆွေးနွေးပွဲကျင်းပလေ့ရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့